မြန်မာ့အာမခံ၏ မျှော်ရည် သုံးသပ်ချက်


သဘာဝဘေးအန္တရာယ်နှင့် လူသားတို့၏ အမှားကြောင့် ဖြစ်ပေါ်လာသော လူမှုရေး၊ စီးပွားရေး နစ်နာဆုံးရှုံးမှုများ လျော့နည်း ပပျောက်ရေးအတွက် ပြည်သူပြည်သားများ အာမခံထားခြင်းခြင့် ကြိုတင်ကာကွယ်ရန် လိုအပ်ပါသည်။

 

မြန်မာ့ အာမခံ၏ ခံယူချက်


လူသားတို့၏ အမှားကြောင့်လည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ စီးပွားရေး၊ လူမှုရေး အရ နစ်နာဆုံးရုံးမှုများကို ရင်းစားပြန်လည် ရရှိစေနိုင်သည့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းလမ်းတစ်ခုဖြစ်သော အာမခံလုပ်ငန်းဖြင့် ပြည်သူများအား အကာအကွယ် ပြုသွားရန် အစဉ်ကြိုးပမ်းဆောင်ရွက်နေမည်။



အာမခံအကြောင်းသိကောင်းစရာဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း

မြန်မာ့အာမခံလုပ်ငန်း၊  မြင်းခြံခရိုင်ရုံး၏ အာမခံအကြောင်းသိကောင်းစရာ ဆွေးနွေး ဟောပြောပွဲကို (၃၀-၁၀-၂၀၁၇)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြင်းခြံမြို့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်ကျေးရွာအထွေထွေအုပ်ချုပ်ရေး စာရေးဝန်ထမ်းများ စုစုပေါင်း(၁၀၀)ဦးခန့်တက်ရောက်ကြပါသည်။

အဆိုပါဟောပြောပွဲတွင် မြင်းခြံခရိုင်ရုံးတာဝန်ခံ ဒေါ်ခင်မျိုးသီမှ နိုင်ငံတော်ပိုင် မြန်မာ့အာမခံ လုပ်ငန်းမှ ဆောင်ရွက်လျက်ရှိသော ပြည်သူ့ဝန်ထမ်းအသက်အာမခံ၊ သူတစ်ပါးထိခိုက်မှုအာမခံ၊ မီးနှင့်အမျိုးမျိုးအာမခံ၊ ခရီးသွားအာမခံနှင့် မြွေအန္တရာယ်အာမခံ၊ တောင်သူလယ်သမား အသက်အာမခံအကြောင်းများကို အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပါသည်။

Newsletter!!!

Subscribe to our weekly Newsletter and stay tuned.