မြန်မာ့အာမခံ၏ မျှော်ရည် သုံးသပ်ချက်


သဘာဝဘေးအန္တရာယ်နှင့် လူသားတို့၏ အမှားကြောင့် ဖြစ်ပေါ်လာသော လူမှုရေး၊ စီးပွားရေး နစ်နာဆုံးရှုံးမှုများ လျော့နည်း ပပျောက်ရေးအတွက် ပြည်သူပြည်သားများ အာမခံထားခြင်းခြင့် ကြိုတင်ကာကွယ်ရန် လိုအပ်ပါသည်။

 

မြန်မာ့ အာမခံ၏ ခံယူချက်


လူသားတို့၏ အမှားကြောင့်လည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ စီးပွားရေး၊ လူမှုရေး အရ နစ်နာဆုံးရုံးမှုများကို ရင်းစားပြန်လည် ရရှိစေနိုင်သည့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းလမ်းတစ်ခုဖြစ်သော အာမခံလုပ်ငန်းဖြင့် ပြည်သူများအား အကာအကွယ် ပြုသွားရန် အစဉ်ကြိုးပမ်းဆောင်ရွက်နေမည်။



အာမခံအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခြင်း

မြန်မာ့အာမခံလုပ်ငန်း၊ မြဝတီခရိုင်ရုံးမှ အာမခံအကြောင်း အသိပညာပေး ဟောပြောပွဲကို (၅-၁၂-၂၀၁၇)ရက်နေ့ ည(၇:၀၀)နာရီတွင် မြဝတီမြို့ အမှတ်(၁)ရပ်ကွက်၊ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ  စုစုပေါင်း (၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် မြဝတီခရိုင်ရုံးတာဝန်ခံမှ အာမခံလုပ်ငန်းကြီး(၅)မျိုးအနက် အသက်အာမခံလုပ်ငန်းမှ တောင်သူလယ်သမားအသက်အာမခံနှင့် မြွေအန္တရာယ်အသက်အာမခံအား အဓိကထား ဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်လာသူများမှ သိလိုသည့် အကြောင်းအရာများကို မေးမြန်းရာ ခရိုင်တာဝန်ခံမှ အသေးစိတ်ရှင်းလင်း ဖြေကြားခဲ့ပါသည်။

Newsletter!!!

Subscribe to our weekly Newsletter and stay tuned.