မြန်မာ့အာမခံ၏ မျှော်ရည် သုံးသပ်ချက်


သဘာဝဘေးအန္တရာယ်နှင့် လူသားတို့၏ အမှားကြောင့် ဖြစ်ပေါ်လာသော လူမှုရေး၊ စီးပွားရေး နစ်နာဆုံးရှုံးမှုများ လျော့နည်း ပပျောက်ရေးအတွက် ပြည်သူပြည်သားများ အာမခံထားခြင်းခြင့် ကြိုတင်ကာကွယ်ရန် လိုအပ်ပါသည်။

 

မြန်မာ့ အာမခံ၏ ခံယူချက်


လူသားတို့၏ အမှားကြောင့်လည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ စီးပွားရေး၊ လူမှုရေး အရ နစ်နာဆုံးရုံးမှုများကို ရင်းစားပြန်လည် ရရှိစေနိုင်သည့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းလမ်းတစ်ခုဖြစ်သော အာမခံလုပ်ငန်းဖြင့် ပြည်သူများအား အကာအကွယ် ပြုသွားရန် အစဉ်ကြိုးပမ်းဆောင်ရွက်နေမည်။



အခြေခံကွန်ပျူတာသင်တန်း (၃/၂၀၁၇) ဖွင့်လှစ်ပို့ချခြင်း

မြန်မာ့အာမခံလုပ်ငန်းရှိ အရာထမ်း/ဝန်ထမ်းများအား အာမခံလုပ်ငန်းများကို ကွန်ပျူတာ စနစ်ဖြင့်ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် ခေတ်နှင့်အမှီ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံကွန်ပျူတာသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ကွန်ပျူတာတတ်မြောက်မှု မရှိသေး သည့် အရာထမ်း/ဝန်ထမ်း ၂၇၆ ဦးအနက်မှ ထပ်မံ၍ မနက်ပိုင်းသင်တန်းတွင် သင်တန်းသား (၂၂) ဦး၊ မွန်းလွဲပိုင်းသင်တန်းတွင် (၂၁) ဦးဖြင့် (၄၃) ဦးတို့အား  ရုံးချုပ်၊ ကွန်ပျူတာသင်တန်းခန်းမတွင် ၉-၁၀-၂၀၁၇ မှ ၁၀-၁၁-၂၀၁၇ ထိ ဖွင့်လှစ်ပို့ချပေးခဲ့ပါသည်။

Newsletter!!!

Subscribe to our weekly Newsletter and stay tuned.