မြန်မာ့အာမခံ၏ မျှော်ရည် သုံးသပ်ချက်


သဘာဝဘေးအန္တရာယ်နှင့် လူသားတို့၏ အမှားကြောင့် ဖြစ်ပေါ်လာသော လူမှုရေး၊ စီးပွားရေး နစ်နာဆုံးရှုံးမှုများ လျော့နည်း ပပျောက်ရေးအတွက် ပြည်သူပြည်သားများ အာမခံထားခြင်းခြင့် ကြိုတင်ကာကွယ်ရန် လိုအပ်ပါသည်။

 

မြန်မာ့ အာမခံ၏ ခံယူချက်


လူသားတို့၏ အမှားကြောင့်လည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ စီးပွားရေး၊ လူမှုရေး အရ နစ်နာဆုံးရုံးမှုများကို ရင်းစားပြန်လည် ရရှိစေနိုင်သည့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းလမ်းတစ်ခုဖြစ်သော အာမခံလုပ်ငန်းဖြင့် ပြည်သူများအား အကာအကွယ် ပြုသွားရန် အစဉ်ကြိုးပမ်းဆောင်ရွက်နေမည်။



အာမခံအကြောင်းသိကောင်းစရာဆွေးနွေးဟောပြောပွဲကျင်းပခြင်း

မြန်မာ့အာမခံလုပ်ငန်း၊ မူဆယ်ခရိုင်ရုံး၊ မူဆယ်မြို့မှ အာမခံအကြောင်း သိကောင်းစရာ ဆွေးနွေးဟောပြောပွဲကို (၁၈-၁၁-၂၀၁၇)ရက်နေ့ နေ့လည်(၂:၀၀)နာရီအချိန်တွင် မြန်မာ့အာမခံလုပ်ငန်း၊ မူဆယ်ခရိုင်ရုံးအပေါ်ထပ်၌ ကျင်းပရာ (၃၀)ဦးခန့်တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် မူဆယ်ခရိုင်တာဝန်ခံ ဦးအောင်မျိုးထွန်းမှ ပြည်သူ့ဝန်ထမ်းအသက်အာမခံ၊ ကျန်းမာရေးအာမခံ၊ မြွေအန္တရာယ်အာမခံ၊ တောင်သူလယ်သမားအသက်အာမခံ၊ သူတစ်ပါးထိခိုက်မှုအာမခံ၊ မီးနှင့်အမျိုးမျိုးအာမခံနှင့် ရေ/လေခရီးသွားအာမခံအကြောင်း ရှင်းလင်းဟောပြောခဲ့ပါသည်။

Newsletter!!!

Subscribe to our weekly Newsletter and stay tuned.