မြန်မာ့အာမခံ၏ မျှော်ရည် သုံးသပ်ချက်


သဘာဝဘေးအန္တရာယ်နှင့် လူသားတို့၏ အမှားကြောင့် ဖြစ်ပေါ်လာသော လူမှုရေး၊ စီးပွားရေး နစ်နာဆုံးရှုံးမှုများ လျော့နည်း ပပျောက်ရေးအတွက် ပြည်သူပြည်သားများ အာမခံထားခြင်းခြင့် ကြိုတင်ကာကွယ်ရန် လိုအပ်ပါသည်။

 

မြန်မာ့ အာမခံ၏ ခံယူချက်


လူသားတို့၏ အမှားကြောင့်လည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ စီးပွားရေး၊ လူမှုရေး အရ နစ်နာဆုံးရုံးမှုများကို ရင်းစားပြန်လည် ရရှိစေနိုင်သည့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းလမ်းတစ်ခုဖြစ်သော အာမခံလုပ်ငန်းဖြင့် ပြည်သူများအား အကာအကွယ် ပြုသွားရန် အစဉ်ကြိုးပမ်းဆောင်ရွက်နေမည်။



အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေးဟောပြောပွဲကျင်းပခြင်း

မြန်မာ့အာမခံလုပ်ငန်း၊ မကွေးတိုင်းဒေသကြီးရုံးမှ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၃-၂-၂၀၁၈)ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ပညာရေးမှူးရုံးခန်းမတွင် ကျင်းပခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် တိုင်းဒေသကြီးတာဝန်ခံက မြန်မာ့အာမခံလုပ်ငန်း၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအပါအဝင် ပြည်သူ့ဝန်ထမ်းအသက်အာမခံအကြောင်းကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပါသည်။ ဟောပြောပွဲသို့ တက်ရောက်သူ မင်းဘူးမြို့နယ်မှ ပညာရေးဝန်ထမ်း(၁၂၀)ဦးခန့်ရှိရာ တက်ရောက်လာသူများမှ မေးမြန်းမှုများကို တိုင်းတာဝန်ခံမှ ပြန်လည်ရှင်းလင်းဖြေကြားပြီး ဟောပြောပွဲကို ၁၂:၀၀ နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

Newsletter!!!

Subscribe to our weekly Newsletter and stay tuned.