မြန်မာ့အာမခံ၏ မျှော်ရည် သုံးသပ်ချက်


သဘာဝဘေးအန္တရာယ်နှင့် လူသားတို့၏ အမှားကြောင့် ဖြစ်ပေါ်လာသော လူမှုရေး၊ စီးပွားရေး နစ်နာဆုံးရှုံးမှုများ လျော့နည်း ပပျောက်ရေးအတွက် ပြည်သူပြည်သားများ အာမခံထားခြင်းခြင့် ကြိုတင်ကာကွယ်ရန် လိုအပ်ပါသည်။

 

မြန်မာ့ အာမခံ၏ ခံယူချက်


လူသားတို့၏ အမှားကြောင့်လည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ စီးပွားရေး၊ လူမှုရေး အရ နစ်နာဆုံးရုံးမှုများကို ရင်းစားပြန်လည် ရရှိစေနိုင်သည့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းလမ်းတစ်ခုဖြစ်သော အာမခံလုပ်ငန်းဖြင့် ပြည်သူများအား အကာအကွယ် ပြုသွားရန် အစဉ်ကြိုးပမ်းဆောင်ရွက်နေမည်။



အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း

မြန်မာ့အာမခံလုပ်ငန်း၊ မြောင်းမြခရိုင်ရုံး၏ အာမခံအသိပညာပြန့်ပွားရေးဟောပြောပွဲကို (၂၆-၂-၂၀၁၈)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြောင်းမြမြို့၊ မြောင်းမြပညာရေးကောလိပ်တွင် ကျင်းပပြုလုပ်ရာ ပညာရေးကောလိပ် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ ကျောင်းသား/သူများ စုစုပေါင်း (၃၇၀)ဦးခန့် တက်ရောက်ကြပါသည်။ အဆိုပါ ဟောပြောပွဲတွင် ခရိုင်တာဝန်ခံ ဒေါ်စန္ဒာဇော်မင်းမှ မြောင်းမြခရိုင်ရုံးတွင် လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း(၅)မျိုးဖြစ်သော အသက်အာမခံလုပ်ငန်း၊ သူတစ်ပါးထိခိုက်မှုအာမခံလုပ်ငန်း၊ မီးအာမခံလုပ်ငန်း၊ ရေကြောင်းပို့ကုန်ပစ္စည်းအာမခံလုပ်ငန်းနှင့်ခရီးသွားအာမခံလုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားပြီး ပြည်သူ့ဝန်ထမ်းအသက်အာမခံလုပ်ငန်းအကြောင်းကို အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပါသည်။

Newsletter!!!

Subscribe to our weekly Newsletter and stay tuned.