မြန်မာ့အာမခံ၏ မျှော်ရည် သုံးသပ်ချက်


သဘာဝဘေးအန္တရာယ်နှင့် လူသားတို့၏ အမှားကြောင့် ဖြစ်ပေါ်လာသော လူမှုရေး၊ စီးပွားရေး နစ်နာဆုံးရှုံးမှုများ လျော့နည်း ပပျောက်ရေးအတွက် ပြည်သူပြည်သားများ အာမခံထားခြင်းခြင့် ကြိုတင်ကာကွယ်ရန် လိုအပ်ပါသည်။

 

မြန်မာ့ အာမခံ၏ ခံယူချက်


လူသားတို့၏ အမှားကြောင့်လည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ စီးပွားရေး၊ လူမှုရေး အရ နစ်နာဆုံးရုံးမှုများကို ရင်းစားပြန်လည် ရရှိစေနိုင်သည့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းလမ်းတစ်ခုဖြစ်သော အာမခံလုပ်ငန်းဖြင့် ပြည်သူများအား အကာအကွယ် ပြုသွားရန် အစဉ်ကြိုးပမ်းဆောင်ရွက်နေမည်။



အာမခံလုပ်ငန်းအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း

မြန်မာ့အာမခံလုပ်ငန်း၊ မိတ္ထီလာခရိုင်ရုံးမှ အာမခံလုပ်ငန်းအသိပညာပေးဟောပြောပွဲကို (၁၆-၃-၂၀၁၈)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် မိတ္ထီလာမြို့နယ်၊ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံမှ အရာထမ်း/ဝန်ထမ်း(၈၀၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံက မြန်မာ့အာမခံလုပ်ငန်း၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ရှင်းလင်းခဲ့ပြီး ပြည်သူ့ဝန်ထမ်းအသက်အာမခံနှင့် မီးနှင့်အမျိုးမျိုးအာမခံအကြောင်းကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသူများမှ မေးမြန်းမှုများကို ခရိုင်တာဝန်ခံမှ ပြန်လည်ရှင်းလင်းဖြေကြားပြီး ဟောပြောပွဲကို နေ့လည်(၁၂:၀၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

Newsletter!!!

Subscribe to our weekly Newsletter and stay tuned.