မြန်မာ့အာမခံ၏ မျှော်ရည် သုံးသပ်ချက်


သဘာဝဘေးအန္တရာယ်နှင့် လူသားတို့၏ အမှားကြောင့် ဖြစ်ပေါ်လာသော လူမှုရေး၊ စီးပွားရေး နစ်နာဆုံးရှုံးမှုများ လျော့နည်း ပပျောက်ရေးအတွက် ပြည်သူပြည်သားများ အာမခံထားခြင်းခြင့် ကြိုတင်ကာကွယ်ရန် လိုအပ်ပါသည်။

 

မြန်မာ့ အာမခံ၏ ခံယူချက်


လူသားတို့၏ အမှားကြောင့်လည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ စီးပွားရေး၊ လူမှုရေး အရ နစ်နာဆုံးရုံးမှုများကို ရင်းစားပြန်လည် ရရှိစေနိုင်သည့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းလမ်းတစ်ခုဖြစ်သော အာမခံလုပ်ငန်းဖြင့် ပြည်သူများအား အကာအကွယ် ပြုသွားရန် အစဉ်ကြိုးပမ်းဆောင်ရွက်နေမည်။



တောင်ငူခရိုင်ရုံးမှ သူတစ်ပါးထိခိုက်မှုအာမခံနှင့်အသက်အာမခံလျော်ကြေးငွေများပေးအပ်ပွဲကျင်းပခြင်း

မြန်မာ့အာမခံလုပ်ငန်း၊ တောင်ငူခရိုင်ရုံးမှ (၂၁-၆-၂၀၁၇)ရက်နေ့တွင် ရေတာရှည်မြို့၌ ၅၉ယ/၁၁၃၈၁ ဆိုင်ကယ်ဖြင့် ထိခိုက်မှုဖြစ်၍ သေဆုံးသူ ဦးဝင်းဇော်အတွက် အကျိုးခံစားခွင့်ရှိသူ ဒေါ်စန်းထွေးအား (၂၃-၂-၂၀၁၈)ရက်နေ့တွင် ခရိုင်တာဝန်ခံမှ သူတစ်ပါးထိခိုက်မှုအာမခံလျော်ကြေးငွေ ကျပ် ၁၀ သိန်း၊ (၇-၁၁-၂၀၁၇)ရက်နေ့တွင် ယာဉ်အမှတ် 7I/9848 ယာဉ်ဖြင့် ထိခိုက်မှုဖြစ်၍ သေဆုံးသူကိုဟိန်းဝင်းသန်းအတွက် အကျိုးခံစားခွင့်ရှိသူ ဒေါ်မေသူဇာကျော်အား (၂၃-၂-၂၀၁၈) ရက်နေ့တွင် သူတစ်ပါးထိခိုက်မှုအာမခံလျော်ကြေးငွေကျပ် ၁၀ သိန်း၊ (၂၀-၁၁-၂၀၁၇)ရက်နေ့တွင် 7M/4451 ယာဉ်ဖြင့် ထိခိုက်မှုဖြစ်၍ သေဆုံးသူ ဦးဝင်းညွန့်နှင့် မောင်အောင်သူရာမိုးတို့အတွက် အကျိုးခံစားခွင့်ရှိသူ ဒေါ်ညွန့်ညွန့်စိုးအား (၂၃-၂-၂၀၁၈)ရက်နေ့တွင် သူတစ်ပါးထိခိုက်မှုအာမခံလျော်ကြေးငွေကျပ် ၂၀ သိန်း၊ (၂၄-၁၂-၂၀၁၇)ရက်နေ့တွင် တောင်ငူမြို့၊ ကျွန်းတောကုန်းရွာမှ တောင်သူလယ်သမားအသက်အာမခံ (၁၀)ယူနစ်ထားရှိသော ဒေါ်ခင်မျိုးဆွေ သေဆုံးမှုအတွက် အကျိုးခံစားခွင့်ရှိသူ ဦးသန်းကြွယ်အား (၂၃-၂-၂၀၁၈)ရက်နေ့တွင် ငွေကျပ် ၁၀ သိန်း၊ (၉-၅-၂၀၁၇)ရက်နေ့တွင် ဇေယျဝတီမြို့၌ ၉ယ/၄၁၆၃၆ ဆိုင်ကယ်နှင့် ထိခိုက်မှုဖြစ်၍ သေဆုံးသူ ဦးဂျေကူးမား(ခ) ဦးမြင့်ဇော်အတွက် အကျိုးခံစားခွင့်ရှိသူ ဒေါ်ဝင်းဝင်းအေးအား  (၂၆-၂-၂၀၁၈) ရက်နေ့တွင် သူတစ်ပါးထိခိုက်မှုအာမခံလျော်ကြေးငွေကျပ် ၁၀ သိန်း၊ (၁၅-၁၁-၂၀၁၇)ရက်နေ့တွင် တောင်ငူမြို့၌ 2E/8684 ယာဉ်ဖြင့် ထိခိုက်မှုဖြစ်၍ သေဆုံးသူဦးသံချောင်းအတွက် အကျိုးခံစားခွင့်ရှိသူ ဒေါ်ပြုံးအား (၂၇-၂-၂၀၁၈) ရက်နေ့တွင် သူတစ်ပါးထိခိုက်မှုအာမခံ လျော်ကြေးငွေကျပ် (၁၀)သိန်း၊ (၁၅-၁၁-၂၀၁၇)ရက်နေ့တွင် တောင်ငူမြို့၌ 2E/8684 ယာဉ်ဖြင့် ထိခိုက်မှုဖြစ်၍ သေဆုံးသူကိုချစ်သဲအောင်အတွက် အကျိုးခံစားခွင့်ရှိသူ ဒေါ်ဥမ္မာအား (၂၇-၂-၂၀၁၈)ရက်နေ့တွင် ခရိုင်တာဝန်ခံမှ သူတစ်ပါးထိခိုက်မှုအာမခံလျော်ကြေးငွေကျပ် (၁၀)သိန်းတိတိအား ပေးအပ်ခဲ့ပါသည်။

Newsletter!!!

Subscribe to our weekly Newsletter and stay tuned.