မြန်မာ့အာမခံ၏ မျှော်ရည် သုံးသပ်ချက်


သဘာဝဘေးအန္တရာယ်နှင့် လူသားတို့၏ အမှားကြောင့် ဖြစ်ပေါ်လာသော လူမှုရေး၊ စီးပွားရေး နစ်နာဆုံးရှုံးမှုများ လျော့နည်း ပပျောက်ရေးအတွက် ပြည်သူပြည်သားများ အာမခံထားခြင်းခြင့် ကြိုတင်ကာကွယ်ရန် လိုအပ်ပါသည်။

 

မြန်မာ့ အာမခံ၏ ခံယူချက်


လူသားတို့၏ အမှားကြောင့်လည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ စီးပွားရေး၊ လူမှုရေး အရ နစ်နာဆုံးရုံးမှုများကို ရင်းစားပြန်လည် ရရှိစေနိုင်သည့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းလမ်းတစ်ခုဖြစ်သော အာမခံလုပ်ငန်းဖြင့် ပြည်သူများအား အကာအကွယ် ပြုသွားရန် အစဉ်ကြိုးပမ်းဆောင်ရွက်နေမည်။



အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း

မြန်မာ့အာမခံလုပ်ငန်း၊ ကရင်ပြည်နယ်ရုံးပြည်နယ်ရုံးမှ အာမခံပညာရပ် ပြန့်ပွားရေး ဟောပြောပွဲအား ပြည်နယ်တာဝန်ခံ လက်ထောက်မန်နေဂျာ ဒေါ်မေကျော့ခိုင်မှ (၁၄-၂-၂၀၁၈) ရက်နေ့တွင် သံတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဟာပြောပွဲတွင် မြန်မာ့အာမခံလုပ်ငန်းမှ ဆောင်ရွက်လျက်ရှိသော အာမခံအမျိုးအစားများအကြောင်းနှင့် အာမခံထားရှိခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများကို တက်ရောက်လာသော ပြည်သူများအား သိရှိစေရန်လည်းကောင်း၊ (၁၆-၂-၂၀၁၈) ရက်နေ့တွင် ဘုရင့်နောင်တပ်နယ် သံတောင်ကြီးမြို့နယ်တွင် တပ်မိသားစုများအား အာမခံအကြောင်း ရှင်းလင်းပြောကြားခဲ့ရာ တပ်မိသားစု (၂၈၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။ ထို့နောက် (၂၆-၂-၂၀၁၈)ရက်နေ့တွင် ဘားအံနည်းပညာတက္ကသိုလ်တွင် က.ည.န၊ ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ တို့နှင့်အတူ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဟောပြောပွဲတွင်လည်းကောင်း မြန်မာ့အာမခံလုပ်ငန်းအကြောင်းကို ကျောင်းသူ/ကျောင်းသားများ သိရှိနားလည်ကြစေရန် ဟောပြောခဲ့ရာ လူဦးရေ(၃၀၀)ခန့် တက်ရောက်ခဲ့ပါသည်။

Newsletter!!!

Subscribe to our weekly Newsletter and stay tuned.