မြန်မာ့အာမခံ၏ မျှော်ရည် သုံးသပ်ချက်


သဘာဝဘေးအန္တရာယ်နှင့် လူသားတို့၏ အမှားကြောင့် ဖြစ်ပေါ်လာသော လူမှုရေး၊ စီးပွားရေး နစ်နာဆုံးရှုံးမှုများ လျော့နည်း ပပျောက်ရေးအတွက် ပြည်သူပြည်သားများ အာမခံထားခြင်းခြင့် ကြိုတင်ကာကွယ်ရန် လိုအပ်ပါသည်။

 

မြန်မာ့ အာမခံ၏ ခံယူချက်


လူသားတို့၏ အမှားကြောင့်လည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ စီးပွားရေး၊ လူမှုရေး အရ နစ်နာဆုံးရုံးမှုများကို ရင်းစားပြန်လည် ရရှိစေနိုင်သည့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းလမ်းတစ်ခုဖြစ်သော အာမခံလုပ်ငန်းဖြင့် ပြည်သူများအား အကာအကွယ် ပြုသွားရန် အစဉ်ကြိုးပမ်းဆောင်ရွက်နေမည်။



အာမခံအကြောင်းသိကောင်းစရာဟောပြောပွဲကျင်းပပြုလုပ်ခြင်း

မြန်မာ့အာမခံလုပ်ငန်း၊ လားရှိုးခရိုင်ရုံး၏ အာမခံအကြောင်းသိကောင်းစရာ ဟောပြောပွဲကို (၆-၃-၂၀၁၈) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင်လားရှိုးမြို့၊ ရပ်ကွက် ၁၂ ရေပူစမ်းအနီးရှိ ယာဉ်မောင်းသင်တန်းကျောင်းခန်းမတွင် ပြုလုပ်ခဲ့ရာ လားရှိုးခရိုင်ရုံး တာဝန်ခံဒေါ်နွယ်နီမှ မြန်မာ့အာမခံလုပ်ငန်းတွင် ဆောက်ရွက်လျက်ရှိသော အာမခံအမျိုးအစားများ ရှင်းလင်းပြောကြားပြီး သူတစ်ပါးထိခိုက်မှုအာမခံထားရှိသည့်အကြောင်းအရင်း၊  အလုံးစုံထိခိုက်မှုအာမခံနှင့် ခရီးသွားအာမခံလုပ်ငန်းများကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ သင်တန်းသား/သူဦးရေ (၆၀) တက်ရောက်ခဲ့ကြပါသည်။

Newsletter!!!

Subscribe to our weekly Newsletter and stay tuned.