မြန်မာ့အာမခံ၏ မျှော်ရည် သုံးသပ်ချက်


သဘာဝဘေးအန္တရာယ်နှင့် လူသားတို့၏ အမှားကြောင့် ဖြစ်ပေါ်လာသော လူမှုရေး၊ စီးပွားရေး နစ်နာဆုံးရှုံးမှုများ လျော့နည်း ပပျောက်ရေးအတွက် ပြည်သူပြည်သားများ အာမခံထားခြင်းခြင့် ကြိုတင်ကာကွယ်ရန် လိုအပ်ပါသည်။

 

မြန်မာ့ အာမခံ၏ ခံယူချက်


လူသားတို့၏ အမှားကြောင့်လည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ စီးပွားရေး၊ လူမှုရေး အရ နစ်နာဆုံးရုံးမှုများကို ရင်းစားပြန်လည် ရရှိစေနိုင်သည့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းလမ်းတစ်ခုဖြစ်သော အာမခံလုပ်ငန်းဖြင့် ပြည်သူများအား အကာအကွယ် ပြုသွားရန် အစဉ်ကြိုးပမ်းဆောင်ရွက်နေမည်။








  • တောင်သူလယ်သမားအသက်အာမခံလုပ်ငန်း ဟောပြောစည်းရုံးလက်ခံခြင်း

    မြန်မာ့အာမခံလုပ်ငန်း၊ ရှမ်းပြည်နယ်ရုံး (တောင်ကြီး) မှ (၂၁-၁၁-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာအုပ်စု၊ လူရိုးတောင်ကျေးရွာ၌ တောင်သူလယ်သမား အသက်အာမခံ လုပ်ငန်းရရှိရန် စည်းရုံးဟောပြောခြင်းနှင့် အာမခံလက်ခံဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ၂၃-၁၁-၂၀၁၇ ရက်နေ့ထိ တောင်သူလယ်သမားအသက်အာမခံထားရှိသူ ဦးရေ (၈၇) ဦးနှင့် အာမခံကြေး ငွေကျပ် ၄၅၁,၀၀၀/- ရရှိခဲ့ပြီးဖြစ်ပါသည်။
  • သူတစ်ပါးထိခိုက်မှုအာမခံ နစ်နာကြေးပေးအပ်ခြင်း

    မြန်မာ့အာမခံလုပ်ငန်း၊ မကွေးတိုင်းဒေသကြီးရုံးမှ မကွေးတိုင်းဒေသကြီးအတွင်း (၁၀/၂၀၁ရ) လတွင် စက်တပ်ယာဉ် ထိခိုက်မှုကြောင့် သေဆုံးသူ (၂) ဦးသို့ သူတစ်ပါးထိခိုက်မှုအာမခံ လျော်ကြေးငွေ ကျပ် ၂,၀၀၀,၀၀၀/- အား နစ်နာသူများ၏ မိသားစုဝင်များသို့ ပေးအပ်ခဲ့ပါသည်။
  • အာမခံအကြောင်းသိကောင်းစရာဆွေးနွေးဟောပြောပွဲကျင်းပခြင်း

    မြန်မာ့အာမခံလုပ်ငန်း၊ မူဆယ်ခရိုင်ရုံး၊ မူဆယ်မြို့မှ အာမခံအကြောင်း သိကောင်းစရာ ဆွေးနွေးဟောပြောပွဲကို (၁၈-၁၁-၂၀၁၇)ရက်နေ့ နေ့လည်(၂:၀၀)နာရီအချိန်တွင် မြန်မာ့အာမခံလုပ်ငန်း၊ မူဆယ်ခရိုင်ရုံးအပေါ်ထပ်၌ ကျင်းပရာ (၃၀)ဦးခန့်တက်ရောက်ခဲ့ပါသည်။
  • နေပြည်တော် မြန်မာ့အာမခံလုပ်ငန်းမှ အာမခံအသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပခြင်း

    ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မြန်မာ့အာမခံလုပ်ငန်းမှ ရုံးချုပ်၏ လမ်းညွှန် မှာကြားချက်နှင့်အညီ တောင်သူလယ်သမားအသက်အာမခံ နှင့် မြွေအန္တရာယ်အသက်အာမခံ လုပ်ငန်းစီမံချက် (၂) မျိုးကို အဓိကထား၍ အာမခံလုပ်ငန်းများဆိုင်ရာ အသိပညာပေးဆွေးနွေး ဟောပြောပွဲများကို နေပြည်တော်ကောင်စီ၏ ပံ့ပိုးကူညီမှုဖြင့် ၄-၁၁-၂၀၁၇ နှင့် ၅-၁၁-၂၀၁၇ နေ့များတွင် ကျင်းပရာ နေပြည်တော်ပျဉ်းမနားရှိ ဆင်သေ၊ နတ်သူရဲ၊ ဇီးဖြူပင်၊ နှမ်းတော၊ ပေါစံခေါကျေးရွာ (၅) ရွာခန့်ရှိ ပြည်သူလူထုထံသို့ တောင်သူလယ်သမားများနှင့် မိသားစုဝင်များ အသက်အာမခံ နှင့် မြွေအန္တရာယ်အသက်အာမခံလုပ်ငန်းများကြောင်း ပြည့်စုံစွာရှင်းလင်း ပြောကြားပြီး အသက်အာမခံလုပ်ငန်းအပေါ် ယုံကြည်မှု အပြည့်အဝရှိလာစေရန် ရည်ရွယ်၍ ဆွေးနွေးဟောပြောခဲ့ပါသည်။
  • အခြေခံကွန်ပျူတာသင်တန်း (၃/၂၀၁၇) ဖွင့်လှစ်ပို့ချခြင်း

    မြန်မာ့အာမခံလုပ်ငန်းရှိ အရာထမ်း/ဝန်ထမ်းများအား အာမခံလုပ်ငန်းများကို ကွန်ပျူတာ စနစ်ဖြင့်ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် ခေတ်နှင့်အမှီ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံကွန်ပျူတာသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ကွန်ပျူတာတတ်မြောက်မှု မရှိသေး သည့် အရာထမ်း/ဝန်ထမ်း ၂၇၆ ဦးအနက်မှ ထပ်မံ၍ မနက်ပိုင်းသင်တန်းတွင် သင်တန်းသား (၂၂) ဦး၊ မွန်းလွဲပိုင်းသင်တန်းတွင် (၂၁) ဦးဖြင့် (၄၃) ဦးတို့အား ရုံးချုပ်၊ ကွန်ပျူတာသင်တန်းခန်းမတွင် ၉-၁၀-၂၀၁၇ မှ ၁၀-၁၁-၂၀၁၇ ထိ ဖွင့်လှစ်ပို့ချပေးခဲ့ပါသည်။
  • အလုံးစုံမော်တော်ယာဉ်အာမခံနှင့် သင်္ဘောသားအသက်အာမခံ လျော်ကြေးပေးအပ်ပွဲအခမ်းအနား

    စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၊ မြန်မာ့အာမခံလုပ်ငန်းတွင် အာမခံအကာအကွယ်များ ဝယ်ယူ ထားရှိပြီး မော်တော်ယာဉ်၊ လူ့အသက်ဆုံးရှုံးခဲ့သူများသို့ ဆုံးရှုံးမှုနစ်နာကြေးပေးအပ်ပွဲ အခမ်းအနားအား ရန်ကုန်မြို့၊ မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်) ၊ စတုတ္ထထပ်၊ အစည်းအဝေးခန်းမတွင် ၂၄.၁၁.၂၀၁၇ ရက်နေ့၊ (၁၄:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
  • အာမခံအကြောင်းသိကောင်းစရာရှင်းလင်းဟောပြောပွဲကျင်းပပြုလုပ်ခြင်း

    မြန်မာ့အာမခံလုပ်ငန်း၊ မြိတ်ခရိုင်ရုံးမှ အာမခံအကြောင်းသိကောင်းစရာ ရှင်းလင်းဟောပြောပွဲကို (၇-၁၁-၂၀၁၇)ရက်နေ့ မွန်းလွဲ(၁:၃၀)နာရီအချိန်တွင် မြိတ်မြို့၊ စည်ပင်သာယာရေးအဖွဲ့ ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ပြည်သူလူထု(၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။
  • အာမခံအကြောင်းသိကောင်းစရာဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း

    မြန်မာ့အာမခံလုပ်ငန်း၊ မြင်းခြံခရိုင်ရုံး၏ အာမခံအကြောင်းသိကောင်းစရာ ဆွေးနွေး ဟောပြောပွဲကို (၃၀-၁၀-၂၀၁၇)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြင်းခြံမြို့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်ကျေးရွာအထွေထွေအုပ်ချုပ်ရေး စာရေးဝန်ထမ်းများ စုစုပေါင်း(၁၀၀)ဦးခန့်တက်ရောက်ကြပါသည်။
  • Credit Guarantee Insurance လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပခြင်း

    Credit Guarantee Insuranceလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို (၁၇.၁၁.၂၀၁၇) ရက်နေ့ နေ့လည်(၂:၀၀)နာရီတွင် မြန်မာ့အာမခံလုပ်ငန်း(ရုံးချုပ်)၌ ကျင်းပခဲ့ပါသည်။
  • ကန်တော်ကြီးပဲလေ့စ်ဟိုတယ် အဆောက်အဦး မီးလောင်ဆုံးရှုံးခဲ့မှုအတွက် လျော်ကြေး ပေးအပ်ပွဲအခမ်းအနား

    ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကန်ရိပ်သာလမ်းရှိ ကန်တော်ကြီးပဲလေ့စ်ဟိုတယ် အဆောက်အဦးသည် (၁၉-၁၀-၂၀၁၇)ရက်နေ့ နံနက်(၃:၀၀)နာရီအချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ၌ Hotel အဆောက်အဦးနှင့် Club အဆောက်အဦး(၂)လုံး မီးလောင်ဆုံးရှုံးခဲ့မှုအတွက် လျော်ကြေးပေးအပ်ပွဲအခမ်းအနားကို (၁၇-၁၁-၂၀၁၇)ရက်နေ့ နေ့လည်(၁၁:၀၀)နာရီအချိန်တွင် မြန်မာ့အာမခံလုပ်ငန်းရုံးချုပ် စတုတ္ထထပ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

Newsletter!!!

Subscribe to our weekly Newsletter and stay tuned.