မြန်မာ့အာမခံ၏ မျှော်ရည် သုံးသပ်ချက်


သဘာဝဘေးအန္တရာယ်နှင့် လူသားတို့၏ အမှားကြောင့် ဖြစ်ပေါ်လာသော လူမှုရေး၊ စီးပွားရေး နစ်နာဆုံးရှုံးမှုများ လျော့နည်း ပပျောက်ရေးအတွက် ပြည်သူပြည်သားများ အာမခံထားခြင်းခြင့် ကြိုတင်ကာကွယ်ရန် လိုအပ်ပါသည်။

 

မြန်မာ့ အာမခံ၏ ခံယူချက်


လူသားတို့၏ အမှားကြောင့်လည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ စီးပွားရေး၊ လူမှုရေး အရ နစ်နာဆုံးရုံးမှုများကို ရင်းစားပြန်လည် ရရှိစေနိုင်သည့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းလမ်းတစ်ခုဖြစ်သော အာမခံလုပ်ငန်းဖြင့် ပြည်သူများအား အကာအကွယ် ပြုသွားရန် အစဉ်ကြိုးပမ်းဆောင်ရွက်နေမည်။








    July
  • အခြေခံကွန်ပျူတာသင်တန်း(၂/၂၀၁၇) ဖွင့်လှစ်ပို့ချခြင်း

    အခြေခံကွန်ပျူတာသင်တန်း(၂/၂၀၁၇) မနက်ပိုင်းသင်တန်းတွင် သင်တန်းသား (၂၂)ဦး၊ မွန်းလွဲပိုင်းသင်တန်းတွင် (၂၂)ဦးဖြင့် စုစုပေါင်း(၄၄)ဦးတို့အား ရုံးချုပ်၊ ကွန်ပျူတာသင်တန်းခန်းမတွင် ၂၄-၇-၂၀၁၇ မှ ၁၈-၈-၂၀၁၇ ထိ ဖွင့်လှစ်ပို့ချပေးလျက်ရှိပါသည်။
  • YBS (၅၅) ခရီးသည်တင်ယာဉ်မှ YBS (၃၇) ခရီးသည်တင်ယာဉ်သို့ ဝင်ရောက်တိုက်မိခြင်း အတွက် သူတစ်ပါးထိခိုက်မှုအာမခံနစ်နာကြေးပေးအပ်ခြင်းအခမ်းအနား

    (၁၄-၇-၂၀၁၇)ရက်နေ့၊ မွန်းလွဲ(၃:၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တွင် YBS(၅၅)မှ YBS(၃၇)သို့ ဝင်ရောက်တိုက်မိရာမှ ခရီးသည်(၁၀)ဦး သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်ရှိသူ မိသားစုဝင်များအား YRTA(Yangon Region Transport Authority) ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှတစ်ဆင့် သွားရောက် ပေးအပ်ခဲ့ပါသည်။ ယင်းအခမ်းအနားသို့ မြန်မာ့အာမခံလုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးခင်မောင်ဝင်းနှင့် အရာထမ်း၊ ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။
  • ကြီးကြပ်/စာရေးဝန်ထမ်းများအတွက် အာမခံမွမ်းမံသင်တန်း ၃/၂၀၁၇

    စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းမှ ကြီးကြပ်/စာရေးဝန်ထမ်း များအာမခံမွမ်းမံသင်တန်း ၃/၂၀၁၇ ကို မြန်မာ့အာမခံလုပ်ငန်း(ရုံးချုပ်) ဆဌမထပ်၊ သင်တန်း ခန်းမ၌ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၂၆)ရက်တွင် စတင်ဖွင့်လှစ်ပို့ချခဲ့ရာ သင်တန်းသားဦးရေ (၇၉)ဦး တက်ရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁၀)ရက်နေ့ထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါသည်။ ကြီးကြပ်ဝန်ထမ်းများအတွက် အခြေခံကွန်ပျူတာသင်တန်းကိုလည်း ဆက်လက်ပို့ချသွားမည် ဖြစ်ပါသည်။

Newsletter!!!

Subscribe to our weekly Newsletter and stay tuned.