မြန်မာ့အာမခံ၏ မျှော်ရည် သုံးသပ်ချက်


သဘာဝဘေးအန္တရာယ်နှင့် လူသားတို့၏ အမှားကြောင့် ဖြစ်ပေါ်လာသော လူမှုရေး၊ စီးပွားရေး နစ်နာဆုံးရှုံးမှုများ လျော့နည်း ပပျောက်ရေးအတွက် ပြည်သူပြည်သားများ အာမခံထားခြင်းခြင့် ကြိုတင်ကာကွယ်ရန် လိုအပ်ပါသည်။

 

မြန်မာ့ အာမခံ၏ ခံယူချက်


လူသားတို့၏ အမှားကြောင့်လည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ စီးပွားရေး၊ လူမှုရေး အရ နစ်နာဆုံးရုံးမှုများကို ရင်းစားပြန်လည် ရရှိစေနိုင်သည့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းလမ်းတစ်ခုဖြစ်သော အာမခံလုပ်ငန်းဖြင့် ပြည်သူများအား အကာအကွယ် ပြုသွားရန် အစဉ်ကြိုးပမ်းဆောင်ရွက်နေမည်။



အသက်အာမခံ
စုပေါင်းအသက်အာမခံ
သင်္ဘောသားအသက်အာမခံ
မြန်မာနိုင်ငံသား(တရားဝင်)ပြည်ပအလုပ်သမား အသက်အာမခံ
မြွေအန္တရာယ်အသက်အာမခံ
အားကစားသမားကိုယ်အင်္ဂါ ထိခိုက်မှုအသက်အာမခံ
ကျန်းမာရေးအာမခံ (New Version)
သူတစ်ပါးထိခိုက်မှုအာမခံ
သူတစ်ပါးထိခိုက်မှုအာမခံပရီမီယံနှုန်းထားများ နှင့် နစ်နာကြေးများ
နယ်စပ်ဒေသတွင်ကောက်ခံမည့်မော်တော်ယာဉ်များနှင့် နိုင်ငံခြားမှဝင်ရောက်လာပြီးအခြားတတိယနိုင်ငံတစ်ခုသို့ ကူးပြောင်းသည့်ယာဉ်များအတွက် အာမခံပရီမီယံနှုန်းထားများ
အာဆီယံ သဘောတူစာချူပ် Protocol-5 နှင့် ပတ်သက်သည့် ဆောင်ရွက်မှုအခြေအနေ
အလုံးစုံမော်တော်ယာဉ်အာမခံ
ရေကြောင်း၊ လေကြောင်းနှင့် ခရီးသွားအာမခံဌာန
ရေကြောင်းကုန်ပစ္စည်းအာမခံ
သင်္ဘောကိုယ်ထည်အာမခံ
ခရီးသွားအာမခံ
မီး၊ အင်ဂျင်နီယာနှင့် အမျိုးမျိုးအာမခံဌာန
အင်ဂျင်နီယာအာမခံ
အမျိုးမျိုးအာမခံ
ပေးလျော်ရန်တာဝန်ရှိမှုအာမခံ
အပ်ငွေအာမခံ
ချေးငွေအာမခံ
တစ်ဆင့်အာမခံ
မီးအာမခံပရီမီယံနှုန်းထား (%) ဇယား- နောက်ဆက်တွဲ(က)
မီးအာမခံအပိုအကာအကွယ်နှုန်းများ - နောက်ဆက်တွဲ(ခ)
ကိုယ်အင်္ဂါထိခိုက်မှုနှင့်ရောဂါဘယအာမခံနှုန်းထားများ - နောက်ဆက်တွဲ (ဂ)


 

အားကစားသမားကိုယ်အင်္ဂါ ထိခိုက်မှုအသက်အာမခံ

 

  • ၃၁-၁၀-၂၀၀၇ တွင်စတင်ခဲ့ပါသည်။
  • အသက် ၁၀ နှစ် မှ ၆၀ နှစ်အထိရှိသောရပ်ကွက် ၊ ကျေးရွာ ၊ မြို့နယ် ၊ ခရိုင် ၊ ပြည်နယ်/တိုင်း ဒေသကြီးအသီးသီးရှိသောကျောင်းသူ ၊ ကျောင်းသားများနှင့် အားကစားသမား များထားရှိနိုင် ပါသည်။
  • အားကစားသမားတစ်ဦးလျှင် အများဆုံးအာမခံထားငွေကျပ်သိန်း (၅၀) ထိထားနိုင်ပါသည်။
  • မည့်သည့်အားကစားနည်းကိုမဆိုအားကစားသမားတစ်ဦးလျှင် အာမခံသက်တမ်း(၁)နှစ် တစ် ယူနစ်  အာမခံထားငွေကျပ် (၁၀) သိန်းအတွက် ကျသင့်ပရီမီယံငွေကျပ် ၅၀၀၀/- ပေးဆောင် ရပါမည်။
  • အားကစားလေ့ကျင့်နေစဉ်နှင့် အားကစားပြိုင်ပွဲဝင်နေစဉ် အသက်ဆုံးရှုံးပါက ကျပ် (၁၀) သိန်း ရရှိနိုင်ပါ သည်။
  • ဒဏ်ရာရရှိပါက ဆေးမှတ်တမ်းအပေါ်မူတည်၍ သတ်မှတ်နှုန်းထားအတိုင်း လျော်ကြေးရရှိနိုင် ပါသည်။
  • ဆေးစစ်ခြင်းကင်းလွတ်ခွင့်ဖြင့် လက်ခံပါသည်။
  • အားကစားသမားအာမခံထားသူသည် မိမိဆန္ဒအရအကျိုးခံစားခွင့်ရှိသူကိုအဆိုလွှာတွင် ဖော်ပြ နိုင်သည်။
  • ဂေါက်သီးအားကစားသမားများနှင့် အတူဂေါက်သီးကောက်သမား (Caddie) များလည်း အာမခံ ထားရှိနိုင်ပါသည်။
  • နိုင်ငံကိုယ်စားပြုယှဉ်ပြိုင်သည့် လက်ရွေးစင်အားကစားသမားများ ပြည်ပတိုင်းပြည်များသို့သွား ရောက်ယှဉ်ပြိုင်သည့်အခါ ၎င်းနိုင်ငံများတွင်နေထိုင်စဉ်ကာလအတွင်း ထိခိုက်ဒဏ်ရာနှင့်သေဆုံး ခြင်းအတွက် အများဆုံးကျပ် (၁၀) သိန်းရမည်ဖြစ်သည်။ ဆေးရုံတက်ရခြင်း ၁ ပတ်အများဆုံး ကျပ် ၁၀၀၀၀/- ( ၅၂ ပတ်ထိသာ) ရရှိနိုင်ပါသည်။ ကျသင့်ပရီမီယံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ရက်တိုခရီးစဉ်

၇ ရက်ခရီးစဉ်= ပရီမီယံကျပ် ၅၀၀/-

၁ လခရီးစဉ်=ပရီမီယံကျပ် ၁၀၀၀/-

ရက်တိုအားကစားသမား အာမခံထားရှိခြင်းအား တစ်နှစ်သက်တမ်း ထားရှိပြီးသောအားကစားသမားများကိုသာ လက်ခံဆောင်ရွက်ပေးသည်။

Newsletter!!!

Subscribe to our weekly Newsletter and stay tuned.