မြန်မာ့အာမခံ၏ မျှော်ရည် သုံးသပ်ချက်


သဘာဝဘေးအန္တရာယ်နှင့် လူသားတို့၏ အမှားကြောင့် ဖြစ်ပေါ်လာသော လူမှုရေး၊ စီးပွားရေး နစ်နာဆုံးရှုံးမှုများ လျော့နည်း ပပျောက်ရေးအတွက် ပြည်သူပြည်သားများ အာမခံထားခြင်းခြင့် ကြိုတင်ကာကွယ်ရန် လိုအပ်ပါသည်။

 

မြန်မာ့ အာမခံ၏ ခံယူချက်


လူသားတို့၏ အမှားကြောင့်လည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ စီးပွားရေး၊ လူမှုရေး အရ နစ်နာဆုံးရုံးမှုများကို ရင်းစားပြန်လည် ရရှိစေနိုင်သည့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းလမ်းတစ်ခုဖြစ်သော အာမခံလုပ်ငန်းဖြင့် ပြည်သူများအား အကာအကွယ် ပြုသွားရန် အစဉ်ကြိုးပမ်းဆောင်ရွက်နေမည်။



အသက်အာမခံ
စုပေါင်းအသက်အာမခံ
သင်္ဘောသားအသက်အာမခံ
မြန်မာနိုင်ငံသား(တရားဝင်)ပြည်ပအလုပ်သမား အသက်အာမခံ
မြွေအန္တရာယ်အသက်အာမခံ
အားကစားသမားကိုယ်အင်္ဂါ ထိခိုက်မှုအသက်အာမခံ
ကျန်းမာရေးအာမခံ (New Version)
သူတစ်ပါးထိခိုက်မှုအာမခံ
သူတစ်ပါးထိခိုက်မှုအာမခံပရီမီယံနှုန်းထားများ နှင့် နစ်နာကြေးများ
နယ်စပ်ဒေသတွင်ကောက်ခံမည့်မော်တော်ယာဉ်များနှင့် နိုင်ငံခြားမှဝင်ရောက်လာပြီးအခြားတတိယနိုင်ငံတစ်ခုသို့ ကူးပြောင်းသည့်ယာဉ်များအတွက် အာမခံပရီမီယံနှုန်းထားများ
အာဆီယံ သဘောတူစာချူပ် Protocol-5 နှင့် ပတ်သက်သည့် ဆောင်ရွက်မှုအခြေအနေ
အလုံးစုံမော်တော်ယာဉ်အာမခံ
ရေကြောင်း၊ လေကြောင်းနှင့် ခရီးသွားအာမခံဌာန
ရေကြောင်းကုန်ပစ္စည်းအာမခံ
သင်္ဘောကိုယ်ထည်အာမခံ
ခရီးသွားအာမခံ
မီး၊ အင်ဂျင်နီယာနှင့် အမျိုးမျိုးအာမခံဌာန
အင်ဂျင်နီယာအာမခံ
အမျိုးမျိုးအာမခံ
ပေးလျော်ရန်တာဝန်ရှိမှုအာမခံ
အပ်ငွေအာမခံ
ချေးငွေအာမခံ
တစ်ဆင့်အာမခံ
မီးအာမခံပရီမီယံနှုန်းထား (%) ဇယား- နောက်ဆက်တွဲ(က)
မီးအာမခံအပိုအကာအကွယ်နှုန်းများ - နောက်ဆက်တွဲ(ခ)
ကိုယ်အင်္ဂါထိခိုက်မှုနှင့်ရောဂါဘယအာမခံနှုန်းထားများ - နောက်ဆက်တွဲ (ဂ)


ကျန်းမာရေးအာမခံ

 

  • ကျန်းမာရေးအာမခံလုပ်ငန်း ကို ၁.၄.၂၀၁၇ ရက်နေ့တွင်စတင်၍ လက်ခံဆောင်ရွက်ခဲ့ပါသည်။
  • အသက်(၆)နှစ်မှ (၆၅)နှစ်ထိမျက်မြင်အားဖြင့် ကျန်းမာသူတိုင်းထားရှိနိုင်ပါသည်။
  • အခြေခံအာမခံအကာအကွယ်၊ အခြေခံအာမခံအကာအကွယ် (ထပ်ပေါင်းယူနစ်)နှင့် ရွေးချယ်နိုင် သည့် အာမခံအကာအကွယ်(၁)(၂)တို့ကိုဝယ်ယူနိုင်ပါသည်။
  • အခြေခံအာမခံ အကာအကွယ်ဝယ်ယူပြီးမှသာ ထပ်ပေါင်းယူနစ်နှင့်ရွေးချယ်နိုင်သည့် အာမခံ အကာအကွယ်များကိုဝယ်ယူရမည်ဖြစ်ပါသည်။
  • အခြေခံအာမခံအကာအကွယ်ဝယ်ယူသည့်ယူနစ်အထိသာရွေးချယ်နိုင်သည့်အာမခံအကာအကွယ်များကိုဝယ်ယူရမည်ဖြစ်ပါသည်။
  • အခြေခံယူနစ် ၁ယူနစ် ၊ ထပ်ပေါင်းယူနစ်၁ ယူနစ်မှ ၈ ယူနစ်အထိနှင့် ရွေးချယ်နိုင်သည့်အာမခံ အကာအကွယ်များကို ၁ ယူနစ်မှ ၁၀ ယူနစ်အထိဝယ်ယူနိုင်ပါသည်။
  • ပရီမီယံနှုန်းထားအားနောက်ဆက်တွဲဇယားဖြင့် ဖော်ပြထားပါသည်။
  • အာမခံသက်တမ်းမှာ (၁) နှစ်ဖြစ်ပါသည်။
  • အခြေခံအာမခံအကာအကွယ်အခြေခံယူနစ်အတွက် ရောဂါကြောင့်ဆေးရုံတက်ခြင်း (သို့မဟုတ်) မတော်တဆမှုကြောင့် ဆေးရုံတက်ခြင်းတို့ကြောင့် ဆေးရုံတက်ရက် ၁ ရက်၊ ကျပ် ၂၀၀၀၀/-အများဆုံးရက်ပေါင်း ၆၀ ထိသာ၊ရောဂါကြောင့်ဆေးရုံတက်ရပါက ၃ ရက်ထက်ပိုသောရက်များ အတွက်သာအကျိုးခံစားခွင့်ရရှိမည်ဖြစ်ပါသည်။မတော်တဆမှုကြောင့်သေဆုံးခြင်းအတွက် ကျပ် သိန်း၂၀ ၊ ရောဂါကြောင့်သေဆုံးခြင်း/ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းအတွက် ကျပ် ၁၀ သိန်း ရရှိ နိုင်ပါသည်။
  • အခြေခံအာမခံအကာအကွယ်(ထပ်ပေါင်းယူနစ်)အတွက်ရောဂါကြောင့်ဆေးရုံတက်ခြင်း ၊ မတော် တဆမှုကြောင့်ဆေးရုံတက်ခြင်းတို့ကြောင့် ဆေးရုံတက်ရက်(၁)ရက်ကိုကျပ် ၁၀၀၀၀/- ၊ အများ ဆုံးရက်ပေါင်း ၆၀ ထိသာ ၊ ရောဂါကြောင့်ဆေးရုံတက်ရပါက ၃ ရက်ထက်ပိုသောရက်များ အတွက်သာအကျိုးခံစားခွင့်ရရှိမည်ဖြစ်ပါသည်။မတော်တဆမှုကြောင့်သေဆုံးခြင်း၊ရောဂါကြောင့် သေဆုံးခြင်း/ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းတို့ အတွက် ကျပ် ၁၀ သိန်းရရှိနိုင်ပါသည်။
  • ရွေးချယ်နိုင်သည့်အာမခံအကာအကွယ် - ၁  တစ်ယူနစ်အတွက် ခွဲစိတ်ကုသမှု အမှန်တကယ် တိုက်ရိုက်ကုန်ကျစရိတ် သို့သော် အနည်းဆုံးကျပ် ၅ သိန်း၊ ကိုယ်ဝန်ပျက်ကျခြင်းအတွက် ဝယ်ယူထားသည့်ယူနစ်နှင့်မဆိုင်ပဲကျပ် ၃ သိန်း ၊ ခွဲစိတ်ကုသခြင်း နှင့်ကိုယ်ဝန်ပျက်ကျခြင်း နှစ်ခုပေါင်းအတွက် ကျပ် ၅ သိန်းကိုအာမခံထားသည့်ယူနစ်ပေါင်း၏ စုစုပေါင်းအများဆုံးပေး ချေနိုင်သည့် ပမာဏအဖြစ်သတ်မှတ်သည်။
  • ရွေးချယ်နိုင်သည့်အာမခံအကာအကွယ် -၂ တစ်ယူနစ်အတွက် ပြင်းထန်သောရောဂါကုသမှု  ကင်ဆာဖြစ်သော အလုံးအကြိတ်/ရုတ်တရက်ဖြစ်သောနှလုံးသွေးကြောပိတ်ရောဂါ/လေဖြတ်တို့ အတွက်ကျပ် ၁၀ သိန်းရရှိနိုင်ပါသည်။
  • ဆေးရုံတက်ရောက်ကုသမှုခံယူပါက အာမခံလက်ခံသူသို့ ကြိုတင်အကြောင်းကြားရမည်ဖြစ်ပြီး ဆေးရုံမှဆင်းပြီးအလုပ်လုပ်ရက် (၁၀) ရက်အတွင်းဆေးကုသမှုမှတ်တမ်းနှင့်တကွ အကျိုးခံစား ခွင့်တောင်းခံရပါမည်။
  • အာမခံကိုယ်စားလှယ်များမှတစ်ဆင့်လည်းထားရှိနိုင်ပါသည်။
  • အာမခံကိုယ်စားလှယ်များအတွက် ပေးသွင်းပရီမီယံ၏ ၁၀% ကော်မရှင် အကျိုးခံစားခွင့်ရှိ ပါသည်။
  • အကျိုးခံစားခွင့်တင်ပြတောင်းခံခြင်းအတွက် အာမခံလက်ခံသူမှ ထပ်မံတောင်းခံသော လိုအပ် ချက်များကိုအာမခံထားသူမှ ၃ လအတွင်းပေးပို့နိုင်ခြင်းမရှိပါကအကျိုးခံစားခွင့်ဆုံးရှုံးမည်။

 

ကျန်းမာရေးအာမခံ

အာမခံအကာအကွယ်အမျိုးအစားအလိုက် ပရီမီယံနှုန်းဇယား

စဉ်

အာမခံအကာအကွယ်

အသက် အုပ်စု

လစဉ်ပေး

ပရီမီယံ (ကျပ်)

၃ လ တစ်ကြိမ်ပေး

ပရီမီယံ (ကျပ်)

၆ လ တစ်ကြိမ်ပေး

ပရီမီယံ (ကျပ်)

တစ်လုံးတည်းပေး

ပရီမီယံ (ကျပ်)

အခြေခံအာမခံ

အကာအကွယ်

(အခြေခံယူနစ်)

၆-၄၀

၄၀၀၀

၁၁၆၀၀

၂၂၄၀၀

၄၄၀၀၀

၄၁-၅၀

၄၅၀၀

၁၃၁၀၀

၂၅၂၀၀

၄၉၅၀၀

၅၁-၆၀

၆၅၀၀

၁၈၉၀၀

၃၆၄၀၀

၇၁၅၀၀

၆၁-၆၅

၈၅၀၀

၂၄၇၀၀

၄၇၆၀၀

၉၃၅၀၀

အခြေခံအာမခံအကာအကွယ်

(ထပ်ပေါင်းယူနစ်

၁ ယူနစ်)

၆-၄၀

၂၀၀၀

၅၈၀၀

၁၁၂၀၀

၂၂၀၀၀

၄၁-၅၀

၃၀၀၀

၈၇၀၀

၁၆၈၀၀

၃၃၀၀၀

၅၁-၆၀

၄၅၀၀

၁၃၁၀၀

၂၅၂၀၀

၄၉၅၀၀

၆၁-၆၅

၆၀၀၀

၁၇၄၀၀

၃၃၆၀၀

၆၆၀၀၀

ရွေးချယ်နိုင်သည့် အာမခံအကာအကွယ်(၁)

၁ ယူနစ်

၆-၆၅

၂၀၀၀

၅၈၀၀

၁၁၂၀၀

၂၂၀၀၀

ရွေးချယ်နိုင်သည့် အာမခံအကာအကွယ်(၂)

၁ ယူနစ်

ကျား

၆-၄၀

၁၅၀၀

၄၄၀၀

၈၄၀၀

၁၆၅၀၀

ကျား

၄၁-၆၅

၂၀၀၀

၅၈၀၀

၁၁၂၀၀

၂၂၀၀၀

မ ၆-၄၀

၂၀၀၀

၅၈၀၀

၁၁၂၀၀

၂၂၀၀၀

၄၁-၆၅

၂၅၀၀

၇၃၀၀

၁၄၀၀၀

၂၇၅၀၀

 

 

Newsletter!!!

Subscribe to our weekly Newsletter and stay tuned.