မြန်မာ့အာမခံ၏ မျှော်ရည် သုံးသပ်ချက်


သဘာဝဘေးအန္တရာယ်နှင့် လူသားတို့၏ အမှားကြောင့် ဖြစ်ပေါ်လာသော လူမှုရေး၊ စီးပွားရေး နစ်နာဆုံးရှုံးမှုများ လျော့နည်း ပပျောက်ရေးအတွက် ပြည်သူပြည်သားများ အာမခံထားခြင်းခြင့် ကြိုတင်ကာကွယ်ရန် လိုအပ်ပါသည်။

 

မြန်မာ့ အာမခံ၏ ခံယူချက်


လူသားတို့၏ အမှားကြောင့်လည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ စီးပွားရေး၊ လူမှုရေး အရ နစ်နာဆုံးရုံးမှုများကို ရင်းစားပြန်လည် ရရှိစေနိုင်သည့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းလမ်းတစ်ခုဖြစ်သော အာမခံလုပ်ငန်းဖြင့် ပြည်သူများအား အကာအကွယ် ပြုသွားရန် အစဉ်ကြိုးပမ်းဆောင်ရွက်နေမည်။



အသက်အာမခံ
စုပေါင်းအသက်အာမခံ
သင်္ဘောသားအသက်အာမခံ
မြန်မာနိုင်ငံသား(တရားဝင်)ပြည်ပအလုပ်သမား အသက်အာမခံ
မြွေအန္တရာယ်အသက်အာမခံ
အားကစားသမားကိုယ်အင်္ဂါ ထိခိုက်မှုအသက်အာမခံ
ကျန်းမာရေးအာမခံ (New Version)
သူတစ်ပါးထိခိုက်မှုအာမခံ
သူတစ်ပါးထိခိုက်မှုအာမခံပရီမီယံနှုန်းထားများ နှင့် နစ်နာကြေးများ
နယ်စပ်ဒေသတွင်ကောက်ခံမည့်မော်တော်ယာဉ်များနှင့် နိုင်ငံခြားမှဝင်ရောက်လာပြီးအခြားတတိယနိုင်ငံတစ်ခုသို့ ကူးပြောင်းသည့်ယာဉ်များအတွက် အာမခံပရီမီယံနှုန်းထားများ
အာဆီယံ သဘောတူစာချူပ် Protocol-5 နှင့် ပတ်သက်သည့် ဆောင်ရွက်မှုအခြေအနေ
အလုံးစုံမော်တော်ယာဉ်အာမခံ
ရေကြောင်း၊ လေကြောင်းနှင့် ခရီးသွားအာမခံဌာန
ရေကြောင်းကုန်ပစ္စည်းအာမခံ
သင်္ဘောကိုယ်ထည်အာမခံ
ခရီးသွားအာမခံ
မီး၊ အင်ဂျင်နီယာနှင့် အမျိုးမျိုးအာမခံဌာန
အင်ဂျင်နီယာအာမခံ
အမျိုးမျိုးအာမခံ
ပေးလျော်ရန်တာဝန်ရှိမှုအာမခံ
အပ်ငွေအာမခံ
ချေးငွေအာမခံ
တစ်ဆင့်အာမခံ
မီးအာမခံပရီမီယံနှုန်းထား (%) ဇယား- နောက်ဆက်တွဲ(က)
မီးအာမခံအပိုအကာအကွယ်နှုန်းများ - နောက်ဆက်တွဲ(ခ)
ကိုယ်အင်္ဂါထိခိုက်မှုနှင့်ရောဂါဘယအာမခံနှုန်းထားများ - နောက်ဆက်တွဲ (ဂ)


သူတစ်ပါးထိခိုက်မှုအာမခံ (Third Party Liability Insurance)

 

            ၁-၇-၁၉၇၆ မှစ၍ မည်သည့်စက်တပ်ယာဉ်မဆို သူတစ်ပါးထိခိုက်မှုအာမခံ မထားမနေရ နည်းဥပဒေပြဋ္ဌာန်းပြီး ဆောင်ရွက်ခဲ့ပါသည်။ စက်တပ်ယာဉ်ဖြင့် မတော်တဆထိခိုက်မှုကြောင့် သေဆုံးသူ၊ ဒဏ်ရာရသူ၊ ပစ္စည်းပျက်စီးဆုံးရှုံးခြင်းခံရသည့် နစ်နာသူများအတွက် စက်တပ်ယာဉ်ပိုင်ရှင်မှ ပေးလျော်ရန် တာဝန်ကို မြန်မာ့အာမခံလုပ်ငန်းမှ ပခုံးပြောင်းတာဝန်ယူသည့် အာမခံစနစ်ဖြစ်ပါသည်။

            ၁-၈-၂၀၁၆ ရက်နေ့တွင် ပရီမီယံနှုန်းနှင့် နစ်နာကြေးနှုန်းထားများအား ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။ ပြင်ဆင်သည့်ပရီမီယံနှုန်းများမှာ တင်ဆောင်နိုင်သည့် ဦးရေနှင့် တန်ချိန်အလိုက် ခွဲခြားသတ်မှတ်၍ ကိုယ်ပိုင်ယာဉ်ဆိုလျှင် အနိမ့်ဆုံး ကျပ် ၅၀၀၀/- မှ အမြင့်ဆုံး ကျပ် ၁၀၀၀၀/-၊ အငှားယာဉ်ဆိုလျှင် အနိမ့် ဆုံး ကျပ် ၁၀၀၀၀/- မှ အမြင့်ဆုံး ကျပ် ၁၅၀၀၀/- သတ်မှတ်ထားပါသည်။ ပြင်ဆင်သတ်မှတ်သည့် နစ်နာ ကြေးနှုန်းမှာ လူတစ်ဦးသေဆုံးမှုအတွက် ကျပ် ၁၀ သိန်း၊ ဒဏ်ရာရမှုအတွက် အများဆုံး ကျပ် ၈ သိန်းနှင့် ပစ္စည်းပျက်စီးဆုံးရှုံးမှုအတွက် ကျပ် ၅ သိန်းဖြစ်ပါသည်။

            မြန်မာနိုင်ငံနှင့် နယ်နမိတ်ချင်း ဆက်စပ်လျက်ရှိသည့် တစ်ဖက်နိုင်ငံများမှ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် မော်တော်ယာဉ်များအတွက် မြန်မာနိုင်ငံသားများ၏အကျိုးငှာ မတော်တဆထိခိုက်မှု ဖြစ်ပွားပါက နစ်နာဆုံးရှုံးမှုအကာအကွယ်များ ရရှိစေရန် ၁၉၉၇ ခုနှစ်မှစတင်၍ နယ်စပ်ဒေသ (မြဝတီ၊ မူဆယ်၊ တာချီလိတ်) အသီးသီးတွင် သူတစ်ပါးထိခိုက်မှုအာမခံ ပရီမီယံ သီးခြားထားသတ်မှတ်ပြီး လက်ခံ ဆောင်ရွက်ခဲ့ပါသည်။

Newsletter!!!

Subscribe to our weekly Newsletter and stay tuned.