မြန်မာ့အာမခံ၏ မျှော်ရည် သုံးသပ်ချက်


သဘာဝဘေးအန္တရာယ်နှင့် လူသားတို့၏ အမှားကြောင့် ဖြစ်ပေါ်လာသော လူမှုရေး၊ စီးပွားရေး နစ်နာဆုံးရှုံးမှုများ လျော့နည်း ပပျောက်ရေးအတွက် ပြည်သူပြည်သားများ အာမခံထားခြင်းခြင့် ကြိုတင်ကာကွယ်ရန် လိုအပ်ပါသည်။

 

မြန်မာ့ အာမခံ၏ ခံယူချက်


လူသားတို့၏ အမှားကြောင့်လည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ စီးပွားရေး၊ လူမှုရေး အရ နစ်နာဆုံးရုံးမှုများကို ရင်းစားပြန်လည် ရရှိစေနိုင်သည့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းလမ်းတစ်ခုဖြစ်သော အာမခံလုပ်ငန်းဖြင့် ပြည်သူများအား အကာအကွယ် ပြုသွားရန် အစဉ်ကြိုးပမ်းဆောင်ရွက်နေမည်။



အသက်အာမခံ
စုပေါင်းအသက်အာမခံ
သင်္ဘောသားအသက်အာမခံ
မြန်မာနိုင်ငံသား(တရားဝင်)ပြည်ပအလုပ်သမား အသက်အာမခံ
မြွေအန္တရာယ်အသက်အာမခံ
အားကစားသမားကိုယ်အင်္ဂါ ထိခိုက်မှုအသက်အာမခံ
ကျန်းမာရေးအာမခံ (New Version)
သူတစ်ပါးထိခိုက်မှုအာမခံ
သူတစ်ပါးထိခိုက်မှုအာမခံပရီမီယံနှုန်းထားများ နှင့် နစ်နာကြေးများ
နယ်စပ်ဒေသတွင်ကောက်ခံမည့်မော်တော်ယာဉ်များနှင့် နိုင်ငံခြားမှဝင်ရောက်လာပြီးအခြားတတိယနိုင်ငံတစ်ခုသို့ ကူးပြောင်းသည့်ယာဉ်များအတွက် အာမခံပရီမီယံနှုန်းထားများ
အာဆီယံ သဘောတူစာချူပ် Protocol-5 နှင့် ပတ်သက်သည့် ဆောင်ရွက်မှုအခြေအနေ
အလုံးစုံမော်တော်ယာဉ်အာမခံ
ရေကြောင်း၊ လေကြောင်းနှင့် ခရီးသွားအာမခံဌာန
ရေကြောင်းကုန်ပစ္စည်းအာမခံ
သင်္ဘောကိုယ်ထည်အာမခံ
ခရီးသွားအာမခံ
မီး၊ အင်ဂျင်နီယာနှင့် အမျိုးမျိုးအာမခံဌာန
အင်ဂျင်နီယာအာမခံ
အမျိုးမျိုးအာမခံ
ပေးလျော်ရန်တာဝန်ရှိမှုအာမခံ
အပ်ငွေအာမခံ
ချေးငွေအာမခံ
တစ်ဆင့်အာမခံ
မီးအာမခံပရီမီယံနှုန်းထား (%) ဇယား- နောက်ဆက်တွဲ(က)
မီးအာမခံအပိုအကာအကွယ်နှုန်းများ - နောက်ဆက်တွဲ(ခ)
ကိုယ်အင်္ဂါထိခိုက်မှုနှင့်ရောဂါဘယအာမခံနှုန်းထားများ - နောက်ဆက်တွဲ (ဂ)


 

 

ASEAN Framework Agreement on the Facilitation of Goods in Transit သဘောတူစာချုပ်၏ Protocol-5 (ASEAN Scheme of Compulsory Motor Vehicle Insurance) နှင့် ပတ်သက်သည့် ဆောင်ရွက်နေမှုအခြေအနေ

 

  • ASEAN Framework Agreement on the Facilitation of Goods in Transitနှင့် GMS Cross Border Transport Agreement စာချုပ်များအရအာဆီယံနိုင်ငံများအပြင် တရုတ်၊ အိန္ဒိယနိုင်ငံများသို့ပါ နိုင်ငံဖြတ်သန်းကုန်စည် သယ်ပို့ရန်ရှိပါသဖြင့် နယ်စပ် ဝင်ပေါက်ထက် ကျော်လွန်၍ အခြားနိုင်ငံများအထိနိုင်ငံဖြတ်သန်းမည့် ကားများအတွက်ပါ ဆောင်ရွက်ရမည်ဖြစ်ပါသည်။
  • မြန်မာနိုင်ငံ၏ နယ်စပ်ဝင်ပေါက်စခန်းများဖြစ်သည့် တမူး၊ မြဝတီ၊ တာချီလိတ်နှင့် မူဆယ်မြို့များတွင် Third Party Compulsory Cover ကိုဆောင်ရွက်ပေးမည်ဖြစ်ပြီး တရုတ်၊ အိန္ဒိယနိုင်ငံများအထိဖြတ်သန်းနိုင်ရန် ဆောင်ရွက်လျက် ရှိနေပါသည်။
  • နိုင်ငံအသီးသီးမှ Blue Card ပုံစံကိုအတည်ပြုပြီးပါက Protocol-5 ကိုစတင် အကောင်အထည်ဖော်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် Blue Card ပုံစံကိုအတည်ပြုပြီး ဖြစ်ပါသည်။
  • အာဆီယံအာမခံကောင်စီ (ASEAN Insurance Council-AIC) သို့ မြန်မာနိုင်ငံအနေဖြင့် ဝင်ရောက်ထားခြင်းမရှိသေးသော်လည်းနောင်တွင်ဝင်ရောက်ရန် စီစဉ်လျက်ရှိပြီးပထမဦးဆုံး အနေဖြင့် မြန်မာနိုင်ငံအာမခံကောင်စီဖွဲ့စည်းရန် ဆောင်ရွက်လျက်ရှိနေပါသည်။
  • အာမခံအကာအကွယ်ကို Online မှတစ်ဆင့် ရောင်းချနိုင်ရန် ဆောင်ရွက်လျက်ရှိနေပြီ ဖြစ်ပြီးလက်ရှိတွင် Transit ​နေရာများတွင်သာရောင်းချပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိနေပါသည်။ Blue Card ကိုအတုမပြုလုပ်နိုင်ရန် ရည်ရွယ်၍ Web-based (Electronic Underwriting) ဖြင့် အသုံးပြုမည်ဖြစ်ရာ Transit ​နေရာများတွင် Internet Connection များကောင်းမွန်စေရန်အတွက် ဆောင်ရွက်လျက်ရှိနေပါသည်။
  • နယ်စပ်ဝင်ပေါက်များတွင် TPL Insurance Cover ဝယ်ယူမည်ဆိုပါကယာဉ်နှင့် ပတ်သက်သောအထောက်အထားများ (Ownerbook၊ Wheel-tax၊ Driving License)  သည် အဆင့်မီရမည်ဖြစ်ပါသည်။ သက်တမ်းအနေဖြင့် တစ်လသတ်မှတ်ထားပြီး မြန်မာနိုင်ငံတစ်ခေါက်ဝင်လာချိန်တွင် အာမခံစတင်ပါသည်။ တစ်ခေါက်ထွက်သွားပြီးပါက နောက်ထပ်တစ်ခေါက်ထပ်ဝင်ရန် Premium နှုန်းပြန်လည်ပေးဆောင်ရမည်ဖြစ်ပါသည်။

အာမခံနှုန်းထားများမှာယာဉ်အမျိုးအစားပေါ်မူတည်၍ (ကျပ် ၃၀၀၀၀၊ ကျပ် ၅၀၀၀၀၊ ကျပ် ၇၀၀၀၀) တို့ ဖြစ်ပါသည်။

  • (၁.၈.၂၀၁၆) ရက်နေ့မှစတင်ပြီး ယခင်လျော်ကြေးသတ်မှတ်ချက်များဖြစ်သော

          လူတစ်ဦး ဒဏ်ရာရရှိခြင်းအတွက်-

             အများဆုံးလျော်ကြေး ကျပ် ၅၀၀၀၀၀/- အစား ကျပ် ၁၀၀၀၀၀၀/-

            လူတစ်ဦးသေဆုံးခြင်းအတွက်

            အများဆုံးလျော်ကြေး  ကျပ် ၅၀၀၀၀၀/- အစား  ကျပ် ၁၀၀၀၀၀၀/-

            ဖြစ်ရပ်တစ်ခုအတွက်

           အများဆုံးလျော်ကြေး ကျပ် သိန်း ၄၀၀/- အစား  ကျပ် သိန်း ၈၀၀/-

          သို့ ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။

  • Customs Transit ကိစ္စများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကညန၊ လဝက၊ အခွန် စသည့် ဌာနများဦးဆောင်၍ သက်ဆိုင်ရာဌာနအသီးသီးအလိုက် ကြိုတင်အစည်းအဝေးများ မကြာခဏပြုလုပ်လျက်ရှိပါသည်။
  • မြန်မာနိုင်ငံအနေဖြင့် Check Point များတွင် စစ်ဆေးမှုများဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်မှုများပြုလုပ်ထားပြီးဖြစ်ပါသည်။
  • ပုံမှန်သွားလာမည့် Customer များအတွက် Short Term Policies အစား Annual Policies ထုတ်ပေးရန် နောင်တွင် ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
  • မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် Voluntary Insurance ကိုလက်ရှိတွင် မရောင်းချသေးဘဲ Compulsory Insurance ကိုသာ ရောင်းချပေးဦးမည် ဖြစ်ပါသည်။ သတ်မှတ်ထား သောTime Frame အတွင်း ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ အနေဖြင့် အခြားအဖွဲ့ဝင်နိုင်ငံများနှင့် သဘောတူညီချက်များပြုလုပ်ရန် ကြိုးပမ်းလျက် ရှိသကဲ့သို့ နည်းပညာများပြင်ဆင်လျက် ရှိနေပါသည်။
  • (၁၄.၁၂.၂၀၁၆) ရက်နေ့တွင် ထိုင်းနိုင်ငံ၏ အာမခံကုမ္ပဏီဖြစ်သော Thai General Insurance Association – TGIA မှ မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်) သို့ လာရောက် တွေ့ဆုံပြီးနယ်စပ်ဖြတ်ကျော်မော်တော်ယာဉ် အာမခံလုပ်ငန်းအား (၂) နိုင်ငံပူးပေါင်း ဆောင်ရွက်ကြရန် သဘောတူညီခဲ့ကြပါသည်။
  • နယ်စပ်ဖြတ်ကျော်မော်တော်ယာဉ်အာမခံလက်ခံခြင်းနှင့် လျော်ကြေးပေးချေခြင်းများအား လျင်မြန်စွာဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အခြားအာဆီယံနိုင်ငံများနည်းတူ Online စနစ်ဖြင့် Dataများ သိမ်းဆည်းပြီးယာဉ်ထိခိုက်မှုဖြစ်ပွားလာပါက သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီသိရှိဆောင်ရွက်နိုင်စေရန် နယ်စပ်ရုံးခွဲများဖြစ်သောမြဝတီ၊ မူဆယ်၊ တာချီလိတ်နှင့် ကလေး(တမူး) မြို့များတွင် အင်တာနက်လိုင်းများတပ်ဆင်အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိနေပါသည်။

 

Newsletter!!!

Subscribe to our weekly Newsletter and stay tuned.