မြန်မာ့အာမခံ၏ မျှော်ရည် သုံးသပ်ချက်


သဘာဝဘေးအန္တရာယ်နှင့် လူသားတို့၏ အမှားကြောင့် ဖြစ်ပေါ်လာသော လူမှုရေး၊ စီးပွားရေး နစ်နာဆုံးရှုံးမှုများ လျော့နည်း ပပျောက်ရေးအတွက် ပြည်သူပြည်သားများ အာမခံထားခြင်းခြင့် ကြိုတင်ကာကွယ်ရန် လိုအပ်ပါသည်။

 

မြန်မာ့ အာမခံ၏ ခံယူချက်


လူသားတို့၏ အမှားကြောင့်လည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ စီးပွားရေး၊ လူမှုရေး အရ နစ်နာဆုံးရုံးမှုများကို ရင်းစားပြန်လည် ရရှိစေနိုင်သည့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းလမ်းတစ်ခုဖြစ်သော အာမခံလုပ်ငန်းဖြင့် ပြည်သူများအား အကာအကွယ် ပြုသွားရန် အစဉ်ကြိုးပမ်းဆောင်ရွက်နေမည်။



အသက်အာမခံ
စုပေါင်းအသက်အာမခံ
သင်္ဘောသားအသက်အာမခံ
မြန်မာနိုင်ငံသား(တရားဝင်)ပြည်ပအလုပ်သမား အသက်အာမခံ
မြွေအန္တရာယ်အသက်အာမခံ
အားကစားသမားကိုယ်အင်္ဂါ ထိခိုက်မှုအသက်အာမခံ
ကျန်းမာရေးအာမခံ (New Version)
သူတစ်ပါးထိခိုက်မှုအာမခံ
သူတစ်ပါးထိခိုက်မှုအာမခံပရီမီယံနှုန်းထားများ နှင့် နစ်နာကြေးများ
နယ်စပ်ဒေသတွင်ကောက်ခံမည့်မော်တော်ယာဉ်များနှင့် နိုင်ငံခြားမှဝင်ရောက်လာပြီးအခြားတတိယနိုင်ငံတစ်ခုသို့ ကူးပြောင်းသည့်ယာဉ်များအတွက် အာမခံပရီမီယံနှုန်းထားများ
အာဆီယံ သဘောတူစာချူပ် Protocol-5 နှင့် ပတ်သက်သည့် ဆောင်ရွက်မှုအခြေအနေ
အလုံးစုံမော်တော်ယာဉ်အာမခံ
ရေကြောင်း၊ လေကြောင်းနှင့် ခရီးသွားအာမခံဌာန
ရေကြောင်းကုန်ပစ္စည်းအာမခံ
သင်္ဘောကိုယ်ထည်အာမခံ
ခရီးသွားအာမခံ
မီး၊ အင်ဂျင်နီယာနှင့် အမျိုးမျိုးအာမခံဌာန
အင်ဂျင်နီယာအာမခံ
အမျိုးမျိုးအာမခံ
ပေးလျော်ရန်တာဝန်ရှိမှုအာမခံ
အပ်ငွေအာမခံ
ချေးငွေအာမခံ
တစ်ဆင့်အာမခံ
မီးအာမခံပရီမီယံနှုန်းထား (%) ဇယား- နောက်ဆက်တွဲ(က)
မီးအာမခံအပိုအကာအကွယ်နှုန်းများ - နောက်ဆက်တွဲ(ခ)
ကိုယ်အင်္ဂါထိခိုက်မှုနှင့်ရောဂါဘယအာမခံနှုန်းထားများ - နောက်ဆက်တွဲ (ဂ)


အလုံးစုံမော်တော်ယာဉ်အာမခံ (Comprehensive Motor Insurance)

 

၁။        အလုံးစုံမော်တော်ယာဉ်အာမခံသည် အာမခံထားသူဆန္ဒအရ ထားနိုင်သော အာမခံအမျိုးအစား (Voluntary Insurance) ဖြစ်ပါသည်။ အာမခံသက်တမ်းမှာ အများဆုံး (၁) နှစ်ဖြစ်ပြီး၊ (၃) လ၊ (၆) လ၊ (၉) လ သက်တမ်းလည်း ထားရှိနိုင်ပါသည်။

၂။        အာမခံထားခြင်းဖြင့် ရနိုင်မည့် အကျိုးကျေးဇူးများ

            (က) အာမခံထားသည့်ယာဉ်အတွက်-

                        - မတော်တဆထိခိုက်ခြင်း၊ တိမ်းမှောက်ခြင်း၊

                        - ယာဉ်ပေါ်သို့ ပစ္စည်းတစ်ခုခုပြုတ်ကျခြင်း၊

                        - မီးလောင်ပျက်စီးခြင်း၊

                        - ယာဉ်မလိုတမာဖျက်ဆီးခံရခြင်း၊

                        - ရေလမ်း၊ ကုန်းလမ်းဖြင့် သယ်ယူပို့ဆောင်စဉ်ပျက်စီးခြင်း၊

                 -         သပိတ်မှောက်ခြင်း၊ အဓိကရုဏ်းဖြစ်ခြင်း၊ ဆူပူထကြွ မငြိမ်မသက်ဖြစ်ခြင်းကြောင့် ပျက်စီးခြင်း

            (ခ) သူတစ်ပါးပိုင်ယာဉ်နှင့် ပစ္စည်းများအတွက် -

အာမခံထားသည့်ယာဉ်ဖြင့် ထိခိုက်မှုကြောင့် သူတစ်ပါးပိုင်ယာဉ်နှင့် ပစ္စည်းပျက်စီးဆုံးရှုံးမှု အတွက် ပေးလျော်ခြင်းနှင့် အာမခံထားသည့်ယာဉ်ကြောင့် အခြားသူတစ်ဦး သေဆုံးခြင်း၊ ဒဏ်ရာ ရခြင်းအတွက် အများဆုံး ကျပ် ၁၀ သိန်းပေးလျော်ခြင်း။ (ဖြစ်ရပ်တစ်ခုအတွက် လျော်ကြေး အများဆုံး ကျပ်သိန်း ၅၀၀ ပေးလျော်မည်ဖြစ်ပါသည်။)

 

၃။        ယာဉ်၏ အာမခံတန်ဖိုး၊ အင်ဂျင်စွမ်းအား (Cubic Capacity) တင်ဆောင်နိုင်သည့် လူဦးရေ၊ ကိုယ်ပိုင်ယာဉ် (သို့မဟုတ်) အငှားယာဉ် စသည့်အချက်များပေါ်တွင် မူတည်၍ ကျသင့်ပရီမီယံကို တွက်ချက်ခြင်းဖြစ်ပါသည်။ ဥပမာ- တန်ဖိုးကျပ်သိန်း ၁၀၀ ဖြင့် အာမခံထားရှိမည်ဆိုပါက ပရီမီယံနှုန်းမှာ ကိုယ်ပိုင်ယာဉ်များအတွက် ၁.၁% ခန့်နှင့် အငှားယာဉ်များအတွက် ၁.၆% ခန့် ကျသင့်ပါမည်။ (အပို အကာအကွယ်- သဘာဝဘေးအန္တရာယ်၊ စစ်ဘေးအန္တရာယ်၊ ခိုးယူမှု၊ Nil Excess နှင့် လေကာမှန်တန်ဖိုး ကျပ် ၁ သိန်းအပါအဝင်)

Newsletter!!!

Subscribe to our weekly Newsletter and stay tuned.