မြန်မာ့အာမခံ၏ မျှော်ရည် သုံးသပ်ချက်


သဘာဝဘေးအန္တရာယ်နှင့် လူသားတို့၏ အမှားကြောင့် ဖြစ်ပေါ်လာသော လူမှုရေး၊ စီးပွားရေး နစ်နာဆုံးရှုံးမှုများ လျော့နည်း ပပျောက်ရေးအတွက် ပြည်သူပြည်သားများ အာမခံထားခြင်းခြင့် ကြိုတင်ကာကွယ်ရန် လိုအပ်ပါသည်။

 

မြန်မာ့ အာမခံ၏ ခံယူချက်


လူသားတို့၏ အမှားကြောင့်လည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ စီးပွားရေး၊ လူမှုရေး အရ နစ်နာဆုံးရုံးမှုများကို ရင်းစားပြန်လည် ရရှိစေနိုင်သည့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းလမ်းတစ်ခုဖြစ်သော အာမခံလုပ်ငန်းဖြင့် ပြည်သူများအား အကာအကွယ် ပြုသွားရန် အစဉ်ကြိုးပမ်းဆောင်ရွက်နေမည်။



အသက်အာမခံ
စုပေါင်းအသက်အာမခံ
သင်္ဘောသားအသက်အာမခံ
မြန်မာနိုင်ငံသား(တရားဝင်)ပြည်ပအလုပ်သမား အသက်အာမခံ
မြွေအန္တရာယ်အသက်အာမခံ
အားကစားသမားကိုယ်အင်္ဂါ ထိခိုက်မှုအသက်အာမခံ
ကျန်းမာရေးအာမခံ (New Version)
သူတစ်ပါးထိခိုက်မှုအာမခံ
သူတစ်ပါးထိခိုက်မှုအာမခံပရီမီယံနှုန်းထားများ နှင့် နစ်နာကြေးများ
နယ်စပ်ဒေသတွင်ကောက်ခံမည့်မော်တော်ယာဉ်များနှင့် နိုင်ငံခြားမှဝင်ရောက်လာပြီးအခြားတတိယနိုင်ငံတစ်ခုသို့ ကူးပြောင်းသည့်ယာဉ်များအတွက် အာမခံပရီမီယံနှုန်းထားများ
အာဆီယံ သဘောတူစာချူပ် Protocol-5 နှင့် ပတ်သက်သည့် ဆောင်ရွက်မှုအခြေအနေ
အလုံးစုံမော်တော်ယာဉ်အာမခံ
ရေကြောင်း၊ လေကြောင်းနှင့် ခရီးသွားအာမခံဌာန
ရေကြောင်းကုန်ပစ္စည်းအာမခံ
သင်္ဘောကိုယ်ထည်အာမခံ
ခရီးသွားအာမခံ
မီး၊ အင်ဂျင်နီယာနှင့် အမျိုးမျိုးအာမခံဌာန
အင်ဂျင်နီယာအာမခံ
အမျိုးမျိုးအာမခံ
ပေးလျော်ရန်တာဝန်ရှိမှုအာမခံ
အပ်ငွေအာမခံ
ချေးငွေအာမခံ
တစ်ဆင့်အာမခံ
မီးအာမခံပရီမီယံနှုန်းထား (%) ဇယား- နောက်ဆက်တွဲ(က)
မီးအာမခံအပိုအကာအကွယ်နှုန်းများ - နောက်ဆက်တွဲ(ခ)
ကိုယ်အင်္ဂါထိခိုက်မှုနှင့်ရောဂါဘယအာမခံနှုန်းထားများ - နောက်ဆက်တွဲ (ဂ)


ရေကြောင်းကုန်ပစ္စည်းအာမခံ

          ရေလမ်း၊ ကုန်းလမ်း၊ လေကြောင်းလမ်းများတွင် မည်သည့်ယာဉ်ဖြင့် သယ်ဆောင်သည် ဖြစ်စေခရီးတစ်ခေါက်ချင်းအလိုက် အာမခံထားရှိနိုင်ပါသည်။ လုံးဝနစ်မြုပ်ဆုံးရှုံးမှုအကာအကွယ် နှင့် အလုံးစုံအန္တရာယ်အကာအကွယ် (၂) မျိုးဖြင့် အာမခံတန်ဖိုးအမြင့်ဆုံးကျပ်သန်း ၁၀၀၀ အထိလက်ခံဆောင်ရွက်ပေးပါသည်။

 

လုံးဝဆုံးရှုံးမှုအကာအကွယ်

ပရီမီယံနှုန်းများ

- မြစ်တွင်းသွားရေယာဉ် (သို့) ကုန်တင်ကားဖြင့်သယ်လျှင်                                - ၀.၁၄%

- ကမ်းရိုးတန်းသွားရေယာဉ်ဖြင့်သယ် (အောက်တိုဘာ ၁၆ မှ ဧပြီ ၃၀ အထိ)         - ၀.၂၈%

- ကမ်းရိုးတန်းသွားရေယာဉ်ဖြင့်သယ် (မေလ ၁ မှ အောက်တိုဘာ ၁၅ အထိ)        - ၀.၅၆%

- ကားဖြင့်လောင်စာဆီသယ်                                                                     - ၀.၂၈%

- ကားဖြင့်ကွဲရှလွယ်ပစ္စည်းသယ်                                                               - ၀.၈၀%

 

လျော်ကြေးပေးချေမှု

          အာမခံထားသည့်ကုန်ပစ္စည်းများသယ်ဆောင်သည့်ရေယာဉ်သည် သဘာဝဘေးအန္တရာယ် (သို့) မမြင်နိုင်သည့်အရာဝတ္ထုတစ်ခုနှင့် မတော်တဆထိခိုက်မှု (သို့) မီးလောင်၍သော်လည်းကောင်း၊ ရေယာဉ်လုံးဝနစ်မြုပ်၍ ကုန်ပစ္စည်းများပျက်စီးဆုံးရှုံးမှသာလျော်ကြေးအကျုံးဝင်ပါသည်။

          ကုန်းလမ်းသည်လည်း အလားတူပင် ယာဉ်ထိခိုက်၍ ကုန်ပစ္စည်းလုံးဝပျက်စီးမှသာ အကျုံးဝင်ပါသည်။

          တစ်စိတ်တစ်ဒေသပျက်စီးမှုအကျုံးမဝင်ပါ။ (Institute Cargo Clause (CL-254))

 

အလုံးစုံအန္တရာယ်အကာအကွယ်

          ပို့ကုန်နှင့်သွင်းကုန်များအတွက်သာလက်ခံဆောင်ရွက်ပါသည်။

ပရီမံယံနှုန်းများ

အထွေထွေကုန်ပစ္စည်း                                                 - ၀.၅၆%

ကွဲရှလွယ်ပစ္စည်း၊ ဓာတ်မြေသြဇာ                                            - ၀.၈၀%

ထပ်တိုးပရီမီယံ         - ရေယာဉ်လွှဲပြောင်းတင်ဆောင်ခြင်း - ၀.၂၈%

                             - ဒေသတစ်ခုတွင်ခေတ္တရပ်နားခြင်း             - ၀.၁၄%

                             - စူးအက်ဖြတ်ခြင်း                                  - ၀.၀၃၇၅%

                             - စစ်ကြေးနှင့်အပိုအန္တရာယ်                       - ၀.၀၅%

 

လျော်ကြေးပေးချေမှု

          အာမခံအကာအကွယ်များအနက် အကျယ်ပြန့်ဆုံးဖြစ်၍ တစ်စိတ်တစ်ဒေသ ဆုံးရှုံးမှုကို လည်း လျော်ကြေးပေးပါသည်။ ရေကြောင်းအန္တရာယ်အပြင် အခြားအန္တရာယ် (၁၆)မျိုးကြောင့် ပျက်စီးမှုကို အကာအကွယ်ပေးပါသည်။ (Institute Cargo Clause (CL-252))

Newsletter!!!

Subscribe to our weekly Newsletter and stay tuned.