မြန်မာ့အာမခံ၏ မျှော်ရည် သုံးသပ်ချက်


သဘာဝဘေးအန္တရာယ်နှင့် လူသားတို့၏ အမှားကြောင့် ဖြစ်ပေါ်လာသော လူမှုရေး၊ စီးပွားရေး နစ်နာဆုံးရှုံးမှုများ လျော့နည်း ပပျောက်ရေးအတွက် ပြည်သူပြည်သားများ အာမခံထားခြင်းခြင့် ကြိုတင်ကာကွယ်ရန် လိုအပ်ပါသည်။

 

မြန်မာ့ အာမခံ၏ ခံယူချက်


လူသားတို့၏ အမှားကြောင့်လည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ စီးပွားရေး၊ လူမှုရေး အရ နစ်နာဆုံးရုံးမှုများကို ရင်းစားပြန်လည် ရရှိစေနိုင်သည့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းလမ်းတစ်ခုဖြစ်သော အာမခံလုပ်ငန်းဖြင့် ပြည်သူများအား အကာအကွယ် ပြုသွားရန် အစဉ်ကြိုးပမ်းဆောင်ရွက်နေမည်။



အသက်အာမခံ
စုပေါင်းအသက်အာမခံ
သင်္ဘောသားအသက်အာမခံ
မြန်မာနိုင်ငံသား(တရားဝင်)ပြည်ပအလုပ်သမား အသက်အာမခံ
မြွေအန္တရာယ်အသက်အာမခံ
အားကစားသမားကိုယ်အင်္ဂါ ထိခိုက်မှုအသက်အာမခံ
ကျန်းမာရေးအာမခံ (New Version)
သူတစ်ပါးထိခိုက်မှုအာမခံ
သူတစ်ပါးထိခိုက်မှုအာမခံပရီမီယံနှုန်းထားများ နှင့် နစ်နာကြေးများ
နယ်စပ်ဒေသတွင်ကောက်ခံမည့်မော်တော်ယာဉ်များနှင့် နိုင်ငံခြားမှဝင်ရောက်လာပြီးအခြားတတိယနိုင်ငံတစ်ခုသို့ ကူးပြောင်းသည့်ယာဉ်များအတွက် အာမခံပရီမီယံနှုန်းထားများ
အာဆီယံ သဘောတူစာချူပ် Protocol-5 နှင့် ပတ်သက်သည့် ဆောင်ရွက်မှုအခြေအနေ
အလုံးစုံမော်တော်ယာဉ်အာမခံ
ရေကြောင်း၊ လေကြောင်းနှင့် ခရီးသွားအာမခံဌာန
ရေကြောင်းကုန်ပစ္စည်းအာမခံ
သင်္ဘောကိုယ်ထည်အာမခံ
ခရီးသွားအာမခံ
မီး၊ အင်ဂျင်နီယာနှင့် အမျိုးမျိုးအာမခံဌာန
အင်ဂျင်နီယာအာမခံ
အမျိုးမျိုးအာမခံ
ပေးလျော်ရန်တာဝန်ရှိမှုအာမခံ
အပ်ငွေအာမခံ
ချေးငွေအာမခံ
တစ်ဆင့်အာမခံ
မီးအာမခံပရီမီယံနှုန်းထား (%) ဇယား- နောက်ဆက်တွဲ(က)
မီးအာမခံအပိုအကာအကွယ်နှုန်းများ - နောက်ဆက်တွဲ(ခ)
ကိုယ်အင်္ဂါထိခိုက်မှုနှင့်ရောဂါဘယအာမခံနှုန်းထားများ - နောက်ဆက်တွဲ (ဂ)


သင်္ဘောကိုယ်ထည်အာမခံ

        ရေယာဉ်ကိုယ်ထည်နှင့် ရေယာဉ်ပေါ်ရှိစက်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများအပါအဝင် အာမခံထားရှိနိုင်ပါသည်။ ဆိပ်ခံဘော၊ တံတားခံဘောများလည်းအာမခံထားရှိနိုင်ပါသည်။ လုံးဝနစ်မြုပ်ဆုံးရှုံးမှုအကာအကွယ်နှင့် အလုံးစုံအန္တရာယ်အကာအကွယ်(၂)မျိုးဖြင့် လက်ခံဆောင်ရွက်ပေးပါသည်။ ပုဂၢလိကပိုင် သင်္ဘောများအားလုံးဝနစ်မြုပ်ဆုံးရှုံးမှုအကာအကွယ်ဖြင့်သာလက်ခံဆောင်ရွက်ပေးပါသည်။အာမခံသက်တမ်းကိုခရီးတစ်ခေါက်အပြင် (၁)လ မှ (၁)နှစ်အထိထားရှိနိုင်ပါသည်။

 

လုံးဝဆုံးရှုံးမှုအကာအကွယ်

          အာမခံထားလိုသည့်ရေယာဉ်နှင့်ပတ်သက်၍ အဆိုလွှာဖြည့်စွက်ရာတွင် အကြောင်းအရာအပြည့်အစုံကိုထိန်ချန်ခြင်းမရှိဘဲရိုးသားစွာအမှန်အတိုင်းတင်ပြရန်လိုပါသည်။ အဆိုလွှာနှင့်အတူရေယာဉ်လိုင်စင်၊ ဓာတ်ပုံ၊ ရေယာဉ်မှူးအောင်လက်မှတ်နှင့် ကိုယ်ရေးရာဇဝင်အကျဉ်း၊ ရေယာဉ် တန်ဖိုးအထောက်အထားများတင်ပြရပါမည်။ ရေယာဉ်သက်တမ်းနှစ် ၂၀ ကျော်လျှင် ကျသင့် ပရီမီယံ၏ ၁၀% ပိုသွင်းရမည်။

 

ပရီမီယံနှုန်းများ

- သံကိုယ်ထည်       - မြစ်တွင်းကုန်တင်ယာဉ်                - ၁.၀%

                             - မြစ်တွင်းလောင်စာဆီတင်             - ၁.၂%

                             - ကမ်းရိုးတန်းကုန်တင်                  - ၁.၄%

                             - ကမ်းရိုးတန်းဆီတင်/ ငါးဖမ်း         - ၁.၆%

- သစ်သားကိုယ်ထည် - မြစ်တွင်းကုန်တင်ယာဉ်                - ၁.၄%

                             - ကမ်းရိုးတန်းကုန်တင်                  - ၁.၈%

                             - ကမ်းရိုးတန်းငါးဖမ်း          - ၂.၀%

 

လျော်ကြေးပေးချေမှု

          ရေကြောင်းသဘာဝဘေးအန္တရာယ်ကြောင့် (သို့) မတော်တဆထိခိုက်မှုကြောင့် လုံးဝပျက်စီးဆုံးရှုံးပါကပေးလျော်သောအကာအကွယ်ဖြစ်ပါသည်။ (Institute Time Clause(CL-289))

          အလုံးစုံအန္တရာယ်အကာအကွယ်လက်ခံဆောင်ရွက်ရာတွင် အစိုးရဌာနပိုင်နှင့် နိုင်ငံခြားသွားရေယာဉ်များသာလက်ခံဆောင်ရွက်ပြီး၊ ပရီမီယံနှုန်း၂% မှ၃% ထိရှိပါသည်။။ (Institute Time Clause (CL-280))

Newsletter!!!

Subscribe to our weekly Newsletter and stay tuned.