မြန်မာ့အာမခံ၏ မျှော်ရည် သုံးသပ်ချက်


သဘာဝဘေးအန္တရာယ်နှင့် လူသားတို့၏ အမှားကြောင့် ဖြစ်ပေါ်လာသော လူမှုရေး၊ စီးပွားရေး နစ်နာဆုံးရှုံးမှုများ လျော့နည်း ပပျောက်ရေးအတွက် ပြည်သူပြည်သားများ အာမခံထားခြင်းခြင့် ကြိုတင်ကာကွယ်ရန် လိုအပ်ပါသည်။

 

မြန်မာ့ အာမခံ၏ ခံယူချက်


လူသားတို့၏ အမှားကြောင့်လည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ စီးပွားရေး၊ လူမှုရေး အရ နစ်နာဆုံးရုံးမှုများကို ရင်းစားပြန်လည် ရရှိစေနိုင်သည့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းလမ်းတစ်ခုဖြစ်သော အာမခံလုပ်ငန်းဖြင့် ပြည်သူများအား အကာအကွယ် ပြုသွားရန် အစဉ်ကြိုးပမ်းဆောင်ရွက်နေမည်။



အသက်အာမခံ
စုပေါင်းအသက်အာမခံ
သင်္ဘောသားအသက်အာမခံ
မြန်မာနိုင်ငံသား(တရားဝင်)ပြည်ပအလုပ်သမား အသက်အာမခံ
မြွေအန္တရာယ်အသက်အာမခံ
အားကစားသမားကိုယ်အင်္ဂါ ထိခိုက်မှုအသက်အာမခံ
ကျန်းမာရေးအာမခံ (New Version)
သူတစ်ပါးထိခိုက်မှုအာမခံ
သူတစ်ပါးထိခိုက်မှုအာမခံပရီမီယံနှုန်းထားများ နှင့် နစ်နာကြေးများ
နယ်စပ်ဒေသတွင်ကောက်ခံမည့်မော်တော်ယာဉ်များနှင့် နိုင်ငံခြားမှဝင်ရောက်လာပြီးအခြားတတိယနိုင်ငံတစ်ခုသို့ ကူးပြောင်းသည့်ယာဉ်များအတွက် အာမခံပရီမီယံနှုန်းထားများ
အာဆီယံ သဘောတူစာချူပ် Protocol-5 နှင့် ပတ်သက်သည့် ဆောင်ရွက်မှုအခြေအနေ
အလုံးစုံမော်တော်ယာဉ်အာမခံ
ရေကြောင်း၊ လေကြောင်းနှင့် ခရီးသွားအာမခံဌာန
ရေကြောင်းကုန်ပစ္စည်းအာမခံ
သင်္ဘောကိုယ်ထည်အာမခံ
ခရီးသွားအာမခံ
မီး၊ အင်ဂျင်နီယာနှင့် အမျိုးမျိုးအာမခံဌာန
အင်ဂျင်နီယာအာမခံ
အမျိုးမျိုးအာမခံ
ပေးလျော်ရန်တာဝန်ရှိမှုအာမခံ
အပ်ငွေအာမခံ
ချေးငွေအာမခံ
တစ်ဆင့်အာမခံ
မီးအာမခံပရီမီယံနှုန်းထား (%) ဇယား- နောက်ဆက်တွဲ(က)
မီးအာမခံအပိုအကာအကွယ်နှုန်းများ - နောက်ဆက်တွဲ(ခ)
ကိုယ်အင်္ဂါထိခိုက်မှုနှင့်ရောဂါဘယအာမခံနှုန်းထားများ - နောက်ဆက်တွဲ (ဂ)


မီး၊ အင်ဂျင်နီယာနှင့် အမျိုးမျိုးအာမခံဌာနမှ

လက်ခံဆောင်ရွက်ပေးသော အာမခံမျိုးအစားများ

 

မီးအာခံ

          နိုင်ငံပိုင်၊ သမဝါယမပိုင်၊ ဖက်စပ်လုပ်ငန်းများပိုင်၊ ပုဂ္ဂလိကပိုင် အဆောက်အအုံများ၊ စက်ကရိယာ များ၊ ပရိဘောဂများ၊ ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ မီးလောင်မှုနှင့် အခြားသောဘေးအန္တရာယ် ကြောင့် ပျက်စီးဆုံးရှုံးမှု့ကို အကာအကွယ်ပေးပါသည်။ အာမခံထား သောပစ္စည်းကို တရားဥပဒေအရ ပိုင်ဆိုင်သူမှ အာမခံထားခွင့်ရှိပါသည်။ တန်ဘိုးသတ်မှတ်ရန် ခက်ခဲသော၊ ပစ္စည်းများကို အာမခံလက်ခံ ခြင်း မပြုပါ။ အာမခံသက်တမ်း ၁၀ ရက်မှ ၁ နှစ်အထိ ထားနိုင်ပါသည်။ အဆောက်အအုံကို အတန်းအစား ၄ မျိုးခွဲ၍ အာမခံထားသည့် အဆောက်အအုံ ပတ်ဝန်းကျင် ၂၅ ပေ သို့မဟုတ် ၅၀ ပေ အကွာတွင်ရှိသည့် အဆောက်အအုံများ၏ အတန်းအစား အသုံးချပုံများကိုပါ စိစစ်၍ သတ်မှတ်ထားသည့် နှုန်းထားဇယားပါ နှုန်းများဖြင့် မီးအာမခံပရီမီယံ တွက်ပါသည်။ မီးအာမခံနှင့်အတူ အောက်တွင် ဖေါ်ပြထားသော ဘေးအန္တရာယ်များအတွက် အကာအကွယ်များကို တွဲဘက်၍ ရယူနိုင်ပါသည်။

-        အဓိကရုဏ်း၊ သပိတ်မှောက်ခြင်းနှင့် မသမာဖျက်ဆီးမှု

-        မြေငလျင်ကြောင့်မီးလောင်ခြင်း၊ ပြိုအက်ပျက်စီးခြင်း

-        ပေါက်ကွဲပျက်စီးမှု

-        အလိုအလျောက်မီးစွဲလောင်မှု

-        လေပြင်းမုန်တိုင်းအမျိုးမျိုး

-        ရေကြီးခြင်း၊ ရေလျှံခြင်း

-        လေယာဉ်ဖြင့် ထိခိုက်ပျက်ဆီးခြင်း

-        ကုန်းလမ်းသွားယာဉ်များဖြင့် ထိခိုက်ပျက်ဆီးခြင်း

-        မြေကျွံ၊ မြေပြိုခြင်း

-        ဖောက်ထွင်းခိုးယူခြင်း

-        စစ်ဘေးအန္တရာယ်

Newsletter!!!

Subscribe to our weekly Newsletter and stay tuned.