မြန်မာ့အာမခံ၏ မျှော်ရည် သုံးသပ်ချက်


သဘာဝဘေးအန္တရာယ်နှင့် လူသားတို့၏ အမှားကြောင့် ဖြစ်ပေါ်လာသော လူမှုရေး၊ စီးပွားရေး နစ်နာဆုံးရှုံးမှုများ လျော့နည်း ပပျောက်ရေးအတွက် ပြည်သူပြည်သားများ အာမခံထားခြင်းခြင့် ကြိုတင်ကာကွယ်ရန် လိုအပ်ပါသည်။

 

မြန်မာ့ အာမခံ၏ ခံယူချက်


လူသားတို့၏ အမှားကြောင့်လည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ စီးပွားရေး၊ လူမှုရေး အရ နစ်နာဆုံးရုံးမှုများကို ရင်းစားပြန်လည် ရရှိစေနိုင်သည့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းလမ်းတစ်ခုဖြစ်သော အာမခံလုပ်ငန်းဖြင့် ပြည်သူများအား အကာအကွယ် ပြုသွားရန် အစဉ်ကြိုးပမ်းဆောင်ရွက်နေမည်။



အသက်အာမခံ
စုပေါင်းအသက်အာမခံ
သင်္ဘောသားအသက်အာမခံ
မြန်မာနိုင်ငံသား(တရားဝင်)ပြည်ပအလုပ်သမား အသက်အာမခံ
မြွေအန္တရာယ်အသက်အာမခံ
အားကစားသမားကိုယ်အင်္ဂါ ထိခိုက်မှုအသက်အာမခံ
ကျန်းမာရေးအာမခံ (New Version)
သူတစ်ပါးထိခိုက်မှုအာမခံ
သူတစ်ပါးထိခိုက်မှုအာမခံပရီမီယံနှုန်းထားများ နှင့် နစ်နာကြေးများ
နယ်စပ်ဒေသတွင်ကောက်ခံမည့်မော်တော်ယာဉ်များနှင့် နိုင်ငံခြားမှဝင်ရောက်လာပြီးအခြားတတိယနိုင်ငံတစ်ခုသို့ ကူးပြောင်းသည့်ယာဉ်များအတွက် အာမခံပရီမီယံနှုန်းထားများ
အာဆီယံ သဘောတူစာချူပ် Protocol-5 နှင့် ပတ်သက်သည့် ဆောင်ရွက်မှုအခြေအနေ
အလုံးစုံမော်တော်ယာဉ်အာမခံ
ရေကြောင်း၊ လေကြောင်းနှင့် ခရီးသွားအာမခံဌာန
ရေကြောင်းကုန်ပစ္စည်းအာမခံ
သင်္ဘောကိုယ်ထည်အာမခံ
ခရီးသွားအာမခံ
မီး၊ အင်ဂျင်နီယာနှင့် အမျိုးမျိုးအာမခံဌာန
အင်ဂျင်နီယာအာမခံ
အမျိုးမျိုးအာမခံ
ပေးလျော်ရန်တာဝန်ရှိမှုအာမခံ
အပ်ငွေအာမခံ
ချေးငွေအာမခံ
တစ်ဆင့်အာမခံ
မီးအာမခံပရီမီယံနှုန်းထား (%) ဇယား- နောက်ဆက်တွဲ(က)
မီးအာမခံအပိုအကာအကွယ်နှုန်းများ - နောက်ဆက်တွဲ(ခ)
ကိုယ်အင်္ဂါထိခိုက်မှုနှင့်ရောဂါဘယအာမခံနှုန်းထားများ - နောက်ဆက်တွဲ (ဂ)


အင်ဂျင်နီယာအာမခံ

၁။ ကန်ထရိုက်တာအလုံးစုံအန္တရာယ်အာမခံ 

          ကန်ထရိုက်တာမှ တာဝန်ယူဆောက်လုပ်မည့် အဆောက်အအုံအတွက်  တည်ဆောက်သည့် ပစ္စည်းများ တည်ဆောက်သည့်နေရာသို့ ရောက်ရှိချိန်မှ တည်ဆောက်ပြီးစီးသည့် အချိန်အထိ ပျက်စီး ဆုံးရှုံးမှုကို အကာအကွယ်ပေးသောအာမခံ ဖြစ်ပါသည်။ ဒီဇိုင်းမှားမှုကြောင့် ပျက်စီးမှုကို လျော်ကြေး မပေးပါ။ လုပ်ငန်းအပ်နှံမှုစာချုပ်ပါ တန်ဘိုးအတိုင်း အာမခံထားနိုင်ပါသည်။ လုပ်ငန်းခွင်တွင် အသုံးပြု သည့် စက်ပစ္စည်းများ၊ ကရိယာများတန်ဘိုးကိုလည်း အာမခံထားငွေတွင် ထပ်၍ထည့်နိုင်ပါသည်။ ပရီမီယံ နှုန်းသည် ၀.၃% မှ ၀.၄% အတွင်းဖြစ်ပါသည်။

 

၂။ တည်ဆောက်မှုအလုံးစုံအန္တရာယ်အာမခံ

          အဆောက်အအုံတည်ဆောက်ရန် ပစ္စည်းများ တည်ဆောက်မည့်နေရာသို့ ရောက်ရှိချိန်မှ စက် တည်ဆောက်ဆဲကာလ၊ စက်တပ်ဆင်ပြီး စမ်းသပ်လည်ပတ်သည့်ကာလအထိ အကာအကွယ် ပေးသော အာမခံအမျိုးအစားဖြစ်သည်။ ဒီဇိုင်းမှားမှုကြောင့် ပျက်စီးမှုကို လျော်ကြေးမပေးပါ။ စမ်းသပ်ကာလကို (၂) ပတ်ထိ အကာအကွယ်ပေးပါသည်။ ပရီမီယံနှုန်းသည် ၀.၃% မှ ၀.၄% အတွင်းဖြစ်ပါသည်။

 

၃။ စက်ပစ္စည်းအာမခံ

           စက်ပစ္စည်း သို့မဟုတ် စက်ယန္တရားများ အသုံးပြုနေစဉ် ချို့ယွင်းမှု၊ စံချိန်စံညွှန်းမမီမှု၊ ဒီဇိုင်း မှားယွင်းမှု၊ အလုပ်သမားများ မကျွမ်းကျင်ခြင်း၊ မသမာခြင်းကြောင့် ပျက်စီးဆုံးရှုံးခြင်း၊ လျှပ်စစ်ဓါတ်အား ချို့ယွင်းမှု၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးမှုများကို အကာအကွယ် ပေးသော အာမခံအမျိုးအစား ဖြစ်ပါသည်။ ပရီမီယံနှုန်းသည် ၀.၃% မှ ၀.၄% အတွင်းဖြစ်ပါသည်။

Newsletter!!!

Subscribe to our weekly Newsletter and stay tuned.