မြန်မာ့အာမခံ၏ မျှော်ရည် သုံးသပ်ချက်


သဘာဝဘေးအန္တရာယ်နှင့် လူသားတို့၏ အမှားကြောင့် ဖြစ်ပေါ်လာသော လူမှုရေး၊ စီးပွားရေး နစ်နာဆုံးရှုံးမှုများ လျော့နည်း ပပျောက်ရေးအတွက် ပြည်သူပြည်သားများ အာမခံထားခြင်းခြင့် ကြိုတင်ကာကွယ်ရန် လိုအပ်ပါသည်။

 

မြန်မာ့ အာမခံ၏ ခံယူချက်


လူသားတို့၏ အမှားကြောင့်လည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ စီးပွားရေး၊ လူမှုရေး အရ နစ်နာဆုံးရုံးမှုများကို ရင်းစားပြန်လည် ရရှိစေနိုင်သည့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းလမ်းတစ်ခုဖြစ်သော အာမခံလုပ်ငန်းဖြင့် ပြည်သူများအား အကာအကွယ် ပြုသွားရန် အစဉ်ကြိုးပမ်းဆောင်ရွက်နေမည်။



အသက်အာမခံ
စုပေါင်းအသက်အာမခံ
သင်္ဘောသားအသက်အာမခံ
မြန်မာနိုင်ငံသား(တရားဝင်)ပြည်ပအလုပ်သမား အသက်အာမခံ
မြွေအန္တရာယ်အသက်အာမခံ
အားကစားသမားကိုယ်အင်္ဂါ ထိခိုက်မှုအသက်အာမခံ
ကျန်းမာရေးအာမခံ (New Version)
သူတစ်ပါးထိခိုက်မှုအာမခံ
သူတစ်ပါးထိခိုက်မှုအာမခံပရီမီယံနှုန်းထားများ နှင့် နစ်နာကြေးများ
နယ်စပ်ဒေသတွင်ကောက်ခံမည့်မော်တော်ယာဉ်များနှင့် နိုင်ငံခြားမှဝင်ရောက်လာပြီးအခြားတတိယနိုင်ငံတစ်ခုသို့ ကူးပြောင်းသည့်ယာဉ်များအတွက် အာမခံပရီမီယံနှုန်းထားများ
အာဆီယံ သဘောတူစာချူပ် Protocol-5 နှင့် ပတ်သက်သည့် ဆောင်ရွက်မှုအခြေအနေ
အလုံးစုံမော်တော်ယာဉ်အာမခံ
ရေကြောင်း၊ လေကြောင်းနှင့် ခရီးသွားအာမခံဌာန
ရေကြောင်းကုန်ပစ္စည်းအာမခံ
သင်္ဘောကိုယ်ထည်အာမခံ
ခရီးသွားအာမခံ
မီး၊ အင်ဂျင်နီယာနှင့် အမျိုးမျိုးအာမခံဌာန
အင်ဂျင်နီယာအာမခံ
အမျိုးမျိုးအာမခံ
ပေးလျော်ရန်တာဝန်ရှိမှုအာမခံ
အပ်ငွေအာမခံ
ချေးငွေအာမခံ
တစ်ဆင့်အာမခံ
မီးအာမခံပရီမီယံနှုန်းထား (%) ဇယား- နောက်ဆက်တွဲ(က)
မီးအာမခံအပိုအကာအကွယ်နှုန်းများ - နောက်ဆက်တွဲ(ခ)
ကိုယ်အင်္ဂါထိခိုက်မှုနှင့်ရောဂါဘယအာမခံနှုန်းထားများ - နောက်ဆက်တွဲ (ဂ)


အမျိုးမျိုးအာမခံ

၁။ သမာဓိအာမခံ

          နိုင်ငံပိုင်၊ သမဝါယမပိုင်၊ ပုဂ္ဂလိကပိုင် လုပ်ငန်းများတွင် ငွေကြေးကိုင်တွယ်ရန် တာဝန် ပေးအပ်ခြင်း ခံရသူကြောင့် ငွေကြေးပျောက်ဆုံးခြင်း၊ အလွဲသုံးစားပြုခံရခြင်းကြောင့် နစ်နာဆုံးရှုံး မှုကို အာမခံထားခြင်း ဖြစ်ပါသည်။ အာမခံသက်တမ်း(၁)နှစ် ဖြစ်ပါသည်။ နိုငံပိုင်ဝန်ထမ်းများ အတွက် ပရီမီယံနှုန်း ၁%၊ သမဝယမဝန်ထမ်းများနှင့် ပုဂ္ဂလိက လုပ်ငန်းများမှ ဝန်ထမ်းများအတွက် ၂% ဖြစ်ပါသည်။

 

၂။ ငွေသားလုံခြုံမှုအာမခံ

နိုင်ငံပိုင်၊ သမဝါယမပိုင်၊ ပုဂ္ဂလိကပိုင် လုပ်ငန်းများတွင် ငွေကြေးကို လုပ်ငန်းတည်ရှိရာနေရာတွင် ရုံးပိတ်ရက်အပါအဝင် သိမ်းဆည်းထားသည့်ငွေကြေးများ ဖောက်ထွင်းခိုးယူခံရမှုကြောင့် နစ်နာဆုံးရှုံးမှု ကို အာမခံထားခြင်းဖြစ်ပါသည်။ အာမခံသက်တမ်း ၁ ရက်မှ ၁ နှစ်ဖြစ်ပါသည်။ အစိုးရနှင့် ပုဂ္ဂလိက ဘဏ်များအတွက် ၀.၂% မှ ၀.၅% ဖြစ်ပါသည်။ သမဝါယမနှင့် ပုဂ္ဂလိကလုပ်ငန်းများအတွက် ၀.၅% မှ ၁% ဖြစ်ပါသည်။

 

၃။ ငွေပို့ငွေသယ်အာမခံ

          နိုင်ငံပိုင်၊ သမဝါယမပိုင်၊ ပုဂ္ဂလိကပိုင်လုပ်ငန်းများတွင် ငွေကြေးကို တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်စဉ် လုယက်ခံရခြင်း၊ ခိုးယူခံရခြင်းကြောင့် နစ်နာဆုံးရှုံးမှုကို အာမခံထားခြင်း ဖြစ်ပါသည်။ အာမခံထားငွေမှာ တစ်ကြိမ်သယ်ယူမည့်ငွေ ဖြစ်ပါသည်။ သယ်ယူသည့် ခရီးအကွာအဝေးမိုင်ပေါ်တွင် ပရီမီယံ သတ်မှတ်ထားပြီး လျော့ပေါ့ပေးသည့် သတ်မှတ်ချက်များအရ လျော့ပေါ့နှုန်းများဖြင့် ပရီယံ တွက်ချက်ပါသည်။ ပရီမီယံနှုန်းမှာ အနည်းဆုံး  ၀.၂% မှ အမြင့်ဆုံး ၁% ဖြစ်ပါသည်။

 

၄။ ဖောက်ထွင်းခိုးယူမှုအာမခံ

          ပစ္စည်းများ ဖောက်ထွင်းခိုးယူခံရမှုကြေင့် ဆုံးရှုံးမှုကို အာမခံထားခြင်းဖြစ်ပါသည်။ မီးအာမခံနှင့် လည်း တွဲဘက်ထားနိုင်ပါသည်။ အမိုး၊ အကာ၊ အခင်း၊ တံခါး၊ ပြူတင်းပေါက်များကို ဖျက်ဆီး၍သော် လည်းကောင်း၊ သော့ခလောက်ကို ဖျက်ဆီး၍လည်းကောင်း ဝင်ရောက်၍ ခိုးယူထားခြင်းဖြစ်ရပါမည်။ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်ထားရပါမည်။ ပရီမီယံနှုန်းကို အာမခံထားသည့်ပစ္စည်းများ ရှိသည့် အဆောက်အအုံအမျိုးအစားပေါ်တွင် နှုန်းသတ်မှတ်ထားခြင်းဖြစ်ပါသည်။ အနိမ့်ဆုံး ၀.၂၅% မှ အမြင့်ဆုံး ၁% ဖြစ်ပါသည်။

 

၅။ ကိုယ်အင်္ဂါထိခိုက်မှုနှင့်ရောဂါဘယအာမခံ

          အသက် ၁၆ နှစ်မှ ၆၀ နှစ် အထိ ကျန်းမာရေးကောင်းမွန်သူ မည်သူမဆို အာမခံထားနိုင်ပါသည်။ အာမခံထားရန် အဆိုပြုရာတွင် မတော်တဆမှု့ကြောင့် သေဆုံးခြင်း၊ ဒဏ်ရာရခြင်း နှင့် အဆိုလွှာပါ ရောဂါ ၅၅ မျိုးကြောင့် ဆေးကုသမှု အကာအကွယ်အတွက် Table A ၊ သေဆုံးခြင်းနှင့် ဒဏ်ရရရှိမှုအတွက် Table B၊ သေဆုံးမှုတစ်မျိုးကိုသာ ထားရှိခြင်းနှင့် အသက် ၆၀ နှစ်နှင့်အထက် အာမခံထားရှိသူများ အတွက် Table D  တို့ကို အာခံထားသူမှ ရွေးချယ်နိုင်ပါသည်။ အာမခံသက်တမ်း ၁လ၊ ၃ လ၊ ၆ လ၊ ၁ နှစ် ထားနိုင်ပါသည်။ အမြင့်ဆုံး အာမခံထားငွေကို ပြည်တွင်းနေ နိုင်ငံသားများအတွက် ကျပ် ၂၀၀၀၀၀၀၀၊ အမေရိကန်ဒေါ်လာ ၂၀၀၀၀၊ ပြည်တွင်းနေ နိုင်ငံခြားသားများအတွက် အမေရိကန်ဒေါ်လာ ၃၀၀၀၀၊ ပြည်ပသို့ သွားရောက်ရာတွင် အာမခံထားရှိလိုသည့် နိုင်ငံသား/နိုင်ငံခြားသားများအတွက် အမေရိကန် ဒေါ်လာ ၅၀၀၀၀ ဖြင့် အာမခံထားရှိနိုင်ပါသည်။  ပရီမီယံတွက်ရာတွင် အာမခံထားသူ၏ အလုပ်အကိုင်ပေါ်တွင် အတန်းအစား(Class)၃ မျိုးခွဲ၍ သတ်မှတ်ထားသည့် နှုန်းထားဇယားပါ နှုန်းများဖြင့် တွက်ပါ သည်။ Class 1 သည် လုပ်ငန်းခွင် အန္တရာယ်အလွန်နဲပါးသူ ၊ Class 2 လုပ်ငန်းခွင်တွင် သွားလာမှုများပြီး ကြီးကြပ်တာဝန်ယူရသူများ၊ Class 3 သည် လုပ်ငန်းခွင်တွင် အန္တရာယ်ဖြစ်နိုင်ချေရှိသော လုပ်ငန်းလုပ်ကိုင်သူ ဖြစ်ပါသည်။ ပရီမီယံနှုန်းထားဇယားကို နောက်ဆက်တွဲဖြင့် ဖေါ်ပြထားပါသည်။

 

၆။ အလုပ်သမားလျော်ကြေးအာမခံ

          အလုပ်သမားဥပဒေအရ နိုင်ငံပိုင်၊ သမဝါယမပိုင်၊ ပုဂ္ဂလိကပိုင်လုပ်ငန်းများတွင် အလုပ်ရှင်များမှ အလုပ်သမားများ တာဝန်ထမ်းဆောင်နေစဉ် သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း အတွက် ထားရှိပေးသော အာမခံအမျိုးအစားဖြစ်သည်။ အာမခံသက်တမ်း ၁ နှစ်ဖြစ်ပါသည်။ ပရီမီယံကို အလုပ်သမား၏ တစ်နှစ်စာ ဝင်ငွေပေါ်တွင် ၂ % ဖြင့်တွက်ပါသည်။

Newsletter!!!

Subscribe to our weekly Newsletter and stay tuned.