မြန်မာ့အာမခံ၏ မျှော်ရည် သုံးသပ်ချက်


သဘာဝဘေးအန္တရာယ်နှင့် လူသားတို့၏ အမှားကြောင့် ဖြစ်ပေါ်လာသော လူမှုရေး၊ စီးပွားရေး နစ်နာဆုံးရှုံးမှုများ လျော့နည်း ပပျောက်ရေးအတွက် ပြည်သူပြည်သားများ အာမခံထားခြင်းခြင့် ကြိုတင်ကာကွယ်ရန် လိုအပ်ပါသည်။

 

မြန်မာ့ အာမခံ၏ ခံယူချက်


လူသားတို့၏ အမှားကြောင့်လည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ စီးပွားရေး၊ လူမှုရေး အရ နစ်နာဆုံးရုံးမှုများကို ရင်းစားပြန်လည် ရရှိစေနိုင်သည့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းလမ်းတစ်ခုဖြစ်သော အာမခံလုပ်ငန်းဖြင့် ပြည်သူများအား အကာအကွယ် ပြုသွားရန် အစဉ်ကြိုးပမ်းဆောင်ရွက်နေမည်။



အသက်အာမခံ
စုပေါင်းအသက်အာမခံ
သင်္ဘောသားအသက်အာမခံ
မြန်မာနိုင်ငံသား(တရားဝင်)ပြည်ပအလုပ်သမား အသက်အာမခံ
မြွေအန္တရာယ်အသက်အာမခံ
အားကစားသမားကိုယ်အင်္ဂါ ထိခိုက်မှုအသက်အာမခံ
ကျန်းမာရေးအာမခံ (New Version)
သူတစ်ပါးထိခိုက်မှုအာမခံ
သူတစ်ပါးထိခိုက်မှုအာမခံပရီမီယံနှုန်းထားများ နှင့် နစ်နာကြေးများ
နယ်စပ်ဒေသတွင်ကောက်ခံမည့်မော်တော်ယာဉ်များနှင့် နိုင်ငံခြားမှဝင်ရောက်လာပြီးအခြားတတိယနိုင်ငံတစ်ခုသို့ ကူးပြောင်းသည့်ယာဉ်များအတွက် အာမခံပရီမီယံနှုန်းထားများ
အာဆီယံ သဘောတူစာချူပ် Protocol-5 နှင့် ပတ်သက်သည့် ဆောင်ရွက်မှုအခြေအနေ
အလုံးစုံမော်တော်ယာဉ်အာမခံ
ရေကြောင်း၊ လေကြောင်းနှင့် ခရီးသွားအာမခံဌာန
ရေကြောင်းကုန်ပစ္စည်းအာမခံ
သင်္ဘောကိုယ်ထည်အာမခံ
ခရီးသွားအာမခံ
မီး၊ အင်ဂျင်နီယာနှင့် အမျိုးမျိုးအာမခံဌာန
အင်ဂျင်နီယာအာမခံ
အမျိုးမျိုးအာမခံ
ပေးလျော်ရန်တာဝန်ရှိမှုအာမခံ
အပ်ငွေအာမခံ
ချေးငွေအာမခံ
တစ်ဆင့်အာမခံ
မီးအာမခံပရီမီယံနှုန်းထား (%) ဇယား- နောက်ဆက်တွဲ(က)
မီးအာမခံအပိုအကာအကွယ်နှုန်းများ - နောက်ဆက်တွဲ(ခ)
ကိုယ်အင်္ဂါထိခိုက်မှုနှင့်ရောဂါဘယအာမခံနှုန်းထားများ - နောက်ဆက်တွဲ (ဂ)


စုပေါင်းအသက်အာမခံ

 

-အလုပ်ရှင်၏ဆန္ဒအရသော်လည်းကောင်း(သို့မဟုတ်) အလုပ်သမားများ၏ဆန္ဒအရသော်လည်းကောင်း အာမခံထားရှိနိုင်ပါသည်။

- အသက် (၁၈) နှစ်မှ (၆၀) နှစ် အတွင်းရှိသူဖြစ်ရပါမည်။

- အနည်းဆုံးအလုပ်သမား (၅) ဦးရှိရပါမည်။

- မျက်မြင်အားဖြင့် ကျန်းမာရေးကောင်းမွန်သူဖြစ်ရပါမည်။

- အလုပ်ရှင်ကအလုပ်သမားများကျန်းမာကြောင်းထောက်ခံချက်ပါရှိရပါမည်။

- အာမခံထားငွေအနည်းဆုံးကျပ် ၁၀၀၀၀/-မှ အများဆုံးကျပ် (၅) သန်းအထိထားရှိနိုင်ပါသည်။

- အာမခံသက်တမ်းမှာ  (၁) နှစ်ဖြစ်ပါသည်။

- အသက် (၁၈) နှစ်မှ (၄၅) နှစ်အထိ၊ အာမခံထားငွေကျပ် (၁) သန်းအထိဆေးစစ်ခြင်းကင်း လွတ်ခွင့်ဖြင့်  လက်ခံပါသည်။

- အသက် (၄၅) နှစ်ကျော်လျှင်သော်လည်းကောင်း၊ အာမခံထားငွေကျပ် (၁) သန်းအထက်ကျော် လျှင်သော် လည်းကောင်းအထူးကုဆရာဝန်ဖြင့် ဆေးစစ်ရပါမည်။

- အာမခံထားငွေကျပ် ၁၀၀၀၀/- အတွက် တစ်နှစ်ကျသင့်ပရီမီယံကျပ် ၁၀၀/-  ဖြစ်ပါသည်။

- အာမခံကိုယ်စားလှယ်မှတစ်ဆင့်လည်းစုပေါင်းအသက်အာမခံထားရှိနိုင်ပါသည်။

- ကိုယ်စားလှယ်ကော်မရှင် ၁၅%

- အာမခံသက်တမ်းကုန်ဆုံးပါကသက်တမ်းတိုးထားရှိနိုင်ပါသည်။

- ထာဝစဉ်မစွမ်းမသန်ဖြစ်၍ လုံးဝအလုပ်မလုပ်ကိုင်နိုင်ခြင်းအတွက် အာမခံထားငွေ၏ ၁၀၀% အကျိုးခံစားခွင့်ထုတ်ပေးပါသည်။

- အာမခံထားသူများစာရင်းတွင် ပါဝင်သည့်အလုပ်သမားတစ်ဦးသည် လုပ်ငန်းခွင်မှအပြီးထွက် သွားလျှင်သော်လည်းကောင်း၊ ထုတ်ပယ်ခြင်းခံရလျှင်သော်လည်းကောင်း၊ ယင်းနေ့ရက် နောက်ပိုင်း ဖြစ်ပေါ်သောသေဆုံးခြင်းနှင့်ဒဏ်ရာရခြင်းအတွက် နစ်နာကြေးရခွင့်မရှိပါ။

- အလုပ်သမားကိုယ်တိုင် ပြစ်မှုကျူးလွန်ရာမှ ရရှိသောဒဏ်ရာအတွက် နစ်နာကြေးရခွင့်မရှိပါ။

- အလုပ်သမားကိုယ်တိုင် ဒဏ်ရာရရှိအောင်ဆောင်ရွက်ခြင်းမှ ရရှိသောဒဏ်ရာအတွက် နစ်နာ ကြေးရခွင့်မရှိ ပါ။

- အလုပ်သမားသည် သက်တမ်းအတွင်းသေဆုံးခြင်း၊ ဒဏ်ရာရခြင်းဖြစ်ပါက တစ်လအတွင်း မြန်မာ့အာမခံလုပ်ငန်းသို့ သတင်းပေးပို့၍ အကျိုးခံစားခွင့်တောင်းခံရမည်။

Newsletter!!!

Subscribe to our weekly Newsletter and stay tuned.