မြန်မာ့အာမခံ၏ မျှော်ရည် သုံးသပ်ချက်


သဘာဝဘေးအန္တရာယ်နှင့် လူသားတို့၏ အမှားကြောင့် ဖြစ်ပေါ်လာသော လူမှုရေး၊ စီးပွားရေး နစ်နာဆုံးရှုံးမှုများ လျော့နည်း ပပျောက်ရေးအတွက် ပြည်သူပြည်သားများ အာမခံထားခြင်းခြင့် ကြိုတင်ကာကွယ်ရန် လိုအပ်ပါသည်။

 

မြန်မာ့ အာမခံ၏ ခံယူချက်


လူသားတို့၏ အမှားကြောင့်လည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ စီးပွားရေး၊ လူမှုရေး အရ နစ်နာဆုံးရုံးမှုများကို ရင်းစားပြန်လည် ရရှိစေနိုင်သည့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းလမ်းတစ်ခုဖြစ်သော အာမခံလုပ်ငန်းဖြင့် ပြည်သူများအား အကာအကွယ် ပြုသွားရန် အစဉ်ကြိုးပမ်းဆောင်ရွက်နေမည်။



အသက်အာမခံ
စုပေါင်းအသက်အာမခံ
သင်္ဘောသားအသက်အာမခံ
မြန်မာနိုင်ငံသား(တရားဝင်)ပြည်ပအလုပ်သမား အသက်အာမခံ
မြွေအန္တရာယ်အသက်အာမခံ
အားကစားသမားကိုယ်အင်္ဂါ ထိခိုက်မှုအသက်အာမခံ
ကျန်းမာရေးအာမခံ (New Version)
သူတစ်ပါးထိခိုက်မှုအာမခံ
သူတစ်ပါးထိခိုက်မှုအာမခံပရီမီယံနှုန်းထားများ နှင့် နစ်နာကြေးများ
နယ်စပ်ဒေသတွင်ကောက်ခံမည့်မော်တော်ယာဉ်များနှင့် နိုင်ငံခြားမှဝင်ရောက်လာပြီးအခြားတတိယနိုင်ငံတစ်ခုသို့ ကူးပြောင်းသည့်ယာဉ်များအတွက် အာမခံပရီမီယံနှုန်းထားများ
အာဆီယံ သဘောတူစာချူပ် Protocol-5 နှင့် ပတ်သက်သည့် ဆောင်ရွက်မှုအခြေအနေ
အလုံးစုံမော်တော်ယာဉ်အာမခံ
ရေကြောင်း၊ လေကြောင်းနှင့် ခရီးသွားအာမခံဌာန
ရေကြောင်းကုန်ပစ္စည်းအာမခံ
သင်္ဘောကိုယ်ထည်အာမခံ
ခရီးသွားအာမခံ
မီး၊ အင်ဂျင်နီယာနှင့် အမျိုးမျိုးအာမခံဌာန
အင်ဂျင်နီယာအာမခံ
အမျိုးမျိုးအာမခံ
ပေးလျော်ရန်တာဝန်ရှိမှုအာမခံ
အပ်ငွေအာမခံ
ချေးငွေအာမခံ
တစ်ဆင့်အာမခံ
မီးအာမခံပရီမီယံနှုန်းထား (%) ဇယား- နောက်ဆက်တွဲ(က)
မီးအာမခံအပိုအကာအကွယ်နှုန်းများ - နောက်ဆက်တွဲ(ခ)
ကိုယ်အင်္ဂါထိခိုက်မှုနှင့်ရောဂါဘယအာမခံနှုန်းထားများ - နောက်ဆက်တွဲ (ဂ)


 

သင်္ဘောသားအသက်အာမခံ

 

  • ၁.၇.၂၀၀၃ တွင် စတင်ခဲ့ပါသည်။
  • သင်္ဘောသားအသက်အာမခံကိုအသက် ၁၈ နှစ်မှ ၆၀ နှစ်ရှိသူပြည်ပထွက်ခွာ သင်္ဘောသားများ ထား ရှိနိုင်ပါသည်။
  • အာမခံထားငွေကျပ်သိန်း (၅၀)အတွက်တစ်ယူနစ်ကျသင့်ပရီမီယံမှာကျပ်၂၅၀၀၀/- ဖြစ်ပါသည်။
  • တစ်ယူနစ်မှ (၄) ယူနစ်အထိဝယ်ယူနိုင်ပါသည်။
  • အာမခံလက်မှတ်စတင်ဝယ်ယူသည့်နေ့မှစ၍ အာမခံသက်တမ်း (၁) နှစ်ဖြစ်ပါသည်။
  • နိုင်ငံကူးလက်မှတ်အမှတ် ဖော်ပြရန်လိုအပ်၍ သင်္ဘောသားမှတ်ပုံတင်အမှတ် စီဒီစီမိတ္တူနှင့် ဆေးမှတ် တမ်းမိတ္တူတင်ပြရပါမည်။
  • အကယ်၍ အသက် (၆၀) နှစ်ကျော်သော်လည်းကျန်းမာရေးကောင်းမွန်သဖြင့် သင်္ဘောသား အသက်အာမခံထားလိုပါက အပိုပရီမီယံကျပ် ၅၀၀၀/- ထပ်ဆောင်း၍ စုစုပေါင်းပရီမီယံကျပ်  ၃၀၀၀၀/-ဖြင့် လက်ခံဆောင် ရွက်ပေးပါသည်။
  • အာမခံသက်တမ်းအတွင်းသေဆုံးခြင်းအတွက်သာလျော်ကြေးပေးလျော်ပါသည်။
  • သင်္ဘောသားသည် မိမိဆန္ဒအရအကျိုးခံစားခွင့်ရှိသူကိုအဆိုလွှာတွင်ဖော်ပြရမည်။
  • မိမိကိုယ်ကိုသတ်သေခြင်း၊ ရာဇဝတ်မှုကျုးလွန်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ သင်္ဘောမှ ထွက်ပြေးခြင်းစသည်တို့ကြောင့် သေဆုံးလျှင်လျော်ကြေးမရရှိနိုင်ပါ။
  • အာမခံထားသူသင်္ဘောသားသေဆုံးသောအခါ အကြောင်းအမျိုးမျိုးကြောင့် အလောင်းမရရှိပါက ၂ နှစ် ဆိုင်းငံ့ပြီးအကျိုးခံစားခွင့်ထုတ်ပေးပါသည်။
  • အာမခံထားသူသင်္ဘောသားသေဆုံးပါကသေဆုံးသည့်နေ့မှ တစ်လအတွင်း လျော်ကြေးတောင်းခံ ခြင်းမရှိပါ ကဒဏ်ကြေး ၁၀%နှုတ်ဖြတ်၍ပေးလျော်ပါသည်။

Newsletter!!!

Subscribe to our weekly Newsletter and stay tuned.