မြန်မာ့အာမခံ၏ မျှော်ရည် သုံးသပ်ချက်


သဘာဝဘေးအန္တရာယ်နှင့် လူသားတို့၏ အမှားကြောင့် ဖြစ်ပေါ်လာသော လူမှုရေး၊ စီးပွားရေး နစ်နာဆုံးရှုံးမှုများ လျော့နည်း ပပျောက်ရေးအတွက် ပြည်သူပြည်သားများ အာမခံထားခြင်းခြင့် ကြိုတင်ကာကွယ်ရန် လိုအပ်ပါသည်။

 

မြန်မာ့ အာမခံ၏ ခံယူချက်


လူသားတို့၏ အမှားကြောင့်လည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ စီးပွားရေး၊ လူမှုရေး အရ နစ်နာဆုံးရုံးမှုများကို ရင်းစားပြန်လည် ရရှိစေနိုင်သည့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းလမ်းတစ်ခုဖြစ်သော အာမခံလုပ်ငန်းဖြင့် ပြည်သူများအား အကာအကွယ် ပြုသွားရန် အစဉ်ကြိုးပမ်းဆောင်ရွက်နေမည်။



အသက်အာမခံ
စုပေါင်းအသက်အာမခံ
သင်္ဘောသားအသက်အာမခံ
မြန်မာနိုင်ငံသား(တရားဝင်)ပြည်ပအလုပ်သမား အသက်အာမခံ
မြွေအန္တရာယ်အသက်အာမခံ
အားကစားသမားကိုယ်အင်္ဂါ ထိခိုက်မှုအသက်အာမခံ
ကျန်းမာရေးအာမခံ (New Version)
သူတစ်ပါးထိခိုက်မှုအာမခံ
သူတစ်ပါးထိခိုက်မှုအာမခံပရီမီယံနှုန်းထားများ နှင့် နစ်နာကြေးများ
နယ်စပ်ဒေသတွင်ကောက်ခံမည့်မော်တော်ယာဉ်များနှင့် နိုင်ငံခြားမှဝင်ရောက်လာပြီးအခြားတတိယနိုင်ငံတစ်ခုသို့ ကူးပြောင်းသည့်ယာဉ်များအတွက် အာမခံပရီမီယံနှုန်းထားများ
အာဆီယံ သဘောတူစာချူပ် Protocol-5 နှင့် ပတ်သက်သည့် ဆောင်ရွက်မှုအခြေအနေ
အလုံးစုံမော်တော်ယာဉ်အာမခံ
ရေကြောင်း၊ လေကြောင်းနှင့် ခရီးသွားအာမခံဌာန
ရေကြောင်းကုန်ပစ္စည်းအာမခံ
သင်္ဘောကိုယ်ထည်အာမခံ
ခရီးသွားအာမခံ
မီး၊ အင်ဂျင်နီယာနှင့် အမျိုးမျိုးအာမခံဌာန
အင်ဂျင်နီယာအာမခံ
အမျိုးမျိုးအာမခံ
ပေးလျော်ရန်တာဝန်ရှိမှုအာမခံ
အပ်ငွေအာမခံ
ချေးငွေအာမခံ
တစ်ဆင့်အာမခံ
မီးအာမခံပရီမီယံနှုန်းထား (%) ဇယား- နောက်ဆက်တွဲ(က)
မီးအာမခံအပိုအကာအကွယ်နှုန်းများ - နောက်ဆက်တွဲ(ခ)
ကိုယ်အင်္ဂါထိခိုက်မှုနှင့်ရောဂါဘယအာမခံနှုန်းထားများ - နောက်ဆက်တွဲ (ဂ)


 

မြန်မာနိုင်ငံသား(တရားဝင်)ပြည်ပအလုပ်သမားအသက်အာမခံ

  • ၁၇-၁၂-၂၀၀၄  တွင် စတင်ခဲ့ပါသည်။
  • အသက် ၁၈နှစ်မှ ၆၀နှစ် အတွင်းပြည်ပနိုင်ငံများတွင် တရားဝင်သွားရောက်အလုပ်လုပ်ကိုင်သည့် အလုပ် သမားများအာမခံထားရှိနိုင်ပါသည်။
  • ကျန်းမာကြောင်းအထောက်အထားတင်ပြရမည်။ (သို့မဟုတ်) မြန်မာ့အာမခံလုပ်ငန်းမှ သတ်မှတ် ထားသောဆရာဝန်ဖြင့် ဆေးစစ်ပုံစံများအတိုင်းဆေးစစ်ခြင်းပြုလုပ်ရမည်။
  • တရားဝင်ပြည်ပအလုပ်သမားတစ်ဦးလျှင် အာမခံထားငွေကျပ်သိန်း (၅၀)၊ အာမခံသက်တမ်း (၁) နှစ် အတွက်ပရီမီယံကျပ် ၂၅၀၀၀/- ဖြစ်ပါသည်။
  • နိုင်ငံကူးလက်မှတ်မိတ္တူပူးတွဲတင်ပြရမည်။
  • အာမခံထားသည့်အလုပ်သမား မြန်မာနိုင်ငံမှစတင်ထွက်ခွာသည့်နေ့မှစ၍ အာမခံသက်တမ်း စတင်ပါသည်။
  • သေဆုံးမှုအတွက်လျော်ကြေးပေးရသောအသက်အာမခံအမျိုးအစားဖြစ်ပါသည်။
  • အာမခံသက်တမ်းအတွင်းသေဆုံးပါကလျော်ကြေးငွေကျပ်သိန်း (၅၀) ရရှိမည်ဖြစ်ပါသည်။
  • မိမိကိုယ်ကိုသတ်သေခြင်း ၊ ရာဇဝတ်မှုကျူးလွန်ခြင်း ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း ၊ (တရားမဝင်) အခြားကုမ္ပဏီများ ၊ အလုပ်ရုံများတွင်သွားရောက် အလုပ်လုပ်ကိုင်၍ သေဆုံးခြင်း စသည်တို့ ကြောင့် သေဆုံးလျှင်လျော်ကြေးမရရှိနိုင်ပါ။ 

Newsletter!!!

Subscribe to our weekly Newsletter and stay tuned.