မြန်မာ့အာမခံ၏ မျှော်ရည် သုံးသပ်ချက်


သဘာဝဘေးအန္တရာယ်နှင့် လူသားတို့၏ အမှားကြောင့် ဖြစ်ပေါ်လာသော လူမှုရေး၊ စီးပွားရေး နစ်နာဆုံးရှုံးမှုများ လျော့နည်း ပပျောက်ရေးအတွက် ပြည်သူပြည်သားများ အာမခံထားခြင်းခြင့် ကြိုတင်ကာကွယ်ရန် လိုအပ်ပါသည်။

 

မြန်မာ့ အာမခံ၏ ခံယူချက်


လူသားတို့၏ အမှားကြောင့်လည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ စီးပွားရေး၊ လူမှုရေး အရ နစ်နာဆုံးရုံးမှုများကို ရင်းစားပြန်လည် ရရှိစေနိုင်သည့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းလမ်းတစ်ခုဖြစ်သော အာမခံလုပ်ငန်းဖြင့် ပြည်သူများအား အကာအကွယ် ပြုသွားရန် အစဉ်ကြိုးပမ်းဆောင်ရွက်နေမည်။



အသက်အာမခံ
စုပေါင်းအသက်အာမခံ
သင်္ဘောသားအသက်အာမခံ
မြန်မာနိုင်ငံသား(တရားဝင်)ပြည်ပအလုပ်သမား အသက်အာမခံ
မြွေအန္တရာယ်အသက်အာမခံ
အားကစားသမားကိုယ်အင်္ဂါ ထိခိုက်မှုအသက်အာမခံ
ကျန်းမာရေးအာမခံ (New Version)
သူတစ်ပါးထိခိုက်မှုအာမခံ
သူတစ်ပါးထိခိုက်မှုအာမခံပရီမီယံနှုန်းထားများ နှင့် နစ်နာကြေးများ
နယ်စပ်ဒေသတွင်ကောက်ခံမည့်မော်တော်ယာဉ်များနှင့် နိုင်ငံခြားမှဝင်ရောက်လာပြီးအခြားတတိယနိုင်ငံတစ်ခုသို့ ကူးပြောင်းသည့်ယာဉ်များအတွက် အာမခံပရီမီယံနှုန်းထားများ
အာဆီယံ သဘောတူစာချူပ် Protocol-5 နှင့် ပတ်သက်သည့် ဆောင်ရွက်မှုအခြေအနေ
အလုံးစုံမော်တော်ယာဉ်အာမခံ
ရေကြောင်း၊ လေကြောင်းနှင့် ခရီးသွားအာမခံဌာန
ရေကြောင်းကုန်ပစ္စည်းအာမခံ
သင်္ဘောကိုယ်ထည်အာမခံ
ခရီးသွားအာမခံ
မီး၊ အင်ဂျင်နီယာနှင့် အမျိုးမျိုးအာမခံဌာန
အင်ဂျင်နီယာအာမခံ
အမျိုးမျိုးအာမခံ
ပေးလျော်ရန်တာဝန်ရှိမှုအာမခံ
အပ်ငွေအာမခံ
ချေးငွေအာမခံ
တစ်ဆင့်အာမခံ
မီးအာမခံပရီမီယံနှုန်းထား (%) ဇယား- နောက်ဆက်တွဲ(က)
မီးအာမခံအပိုအကာအကွယ်နှုန်းများ - နောက်ဆက်တွဲ(ခ)
ကိုယ်အင်္ဂါထိခိုက်မှုနှင့်ရောဂါဘယအာမခံနှုန်းထားများ - နောက်ဆက်တွဲ (ဂ)


 

မြွေအန္တရာယ်အသက်အာမခံ

 

  • ၁-၇-၂၀၀၅တွင်စတင်ခဲ့ပါသည်။
  • အသက်ကန့်သတ်ချက်မရှိကျား/ မ မရွေးထားရှိနိုင်သည်။
  • အရွယ်မရောက်သေးသူများအတွက် အရွယ်ရောက်သူကထားပေးနိုင်ပါသည်။
  • တစ်ယူနစ် အာမခံထားငွေကျပ် (၅) သိန်း၊ ၁ နှစ်သက်တမ်းအတွက် ကျသင့်ပရီမီယံကျပ် ၅၀၀/- နှုန်းဖြင့် ထားရှိနိုင်ပါသည်။
  • တစ်ဦးလျှင် (၁၀) ယူနစ်ထိဝယ်ယူခွင့်ရှိ၍ အာမခံထားငွေအများဆုံးကျပ်သိန်း (၅၀) အထိထား ရှိနိုင်ပါသည်။
  • အာမခံသက်တမ်းအတွင်း မြွေကိုက်ခံရခြင်းကြောင့် သေဆုံးလျှင်ကျပ် (၅) သိန်း၊ ဆေးဝါးကုသ စရိတ်အများဆုံးကျပ် ၈၀၀၀၀/- ရရှိနိုင်ပါသည်။
  • သယ်ယူပို့ဆောင်စရိတ်ကျပ် ၅၀၀၀/- ဆေးရုံတက်ရလျှင် တစ်ရက်အတွက် ကျပ် ၁၀၀၀/-နှုန်း ဖြင့် ၇ ရက် အထိအများဆုံးခွင့်ပြုပါသည်။
  • မြွေကိုက်ခံရသဖြင့် အသက်မဆုံးရှုံးသော်လည်းမျက်စိ ၂လုံးစလုံးကွယ်ခြင်း ၊ ကိုယ်တစ်ပိုင်း သေခြင်း ၊ ခြေချောင်းလက်ချောင်းများ ဖြတ်တောက်ရခြင်းတို့အတွက် ကျန်းမာရေးဌာန၏ ထောက်ခံချက်ဖြင့် အများဆုံးအကျိုးခံစားခွင့်ငွေကျပ် ၂၅၀၀၀၀/- အားထုတ်ပေးပါသည်။
  • မြွေကိုက်ခံရသည့်နေ့မှ (၆) လအတွင်းအကျိုးခံစားခွင့်ကို အောက်ပါအထောက်အထားများဖြင့် တင်ပြ တောင်းခံရမည်။
  • ဆေးဝါးကုသမှုခံယူသည့် ကျေးလက်ကျန်းမာရေးဆေးခန်း(သို့မဟုတ်) တိုက်နယ်ဆေးရုံ (သို့မဟုတ်) မြို့နယ်ဆေးရုံ (သို့မဟုတ်) ကျန်းမာရေးဦးစီးဌာန၏ထောက်ခံချက်
  • ဆေးရုံတက်ရောက်ကုသသည့်ဆေးမှတ်တမ်းစာအုပ်မိတ္တူ
  • ဆေးဝါးကုန်ကျစရိတ်အတွက် ပြေစာ/ဘောက်ချာများ
  • သေဆုံးလျှင်သေစာရင်းမိတ္တူ
  • နေထိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထောက်ခံချက်
  • အာမခံကိုယ်စားလှယ်မှတစ်ဆင့်လည်း မြွေအန္တရာယ်အသက်အာမခံထားရှိနိုင်ပါသည်။
  • ကိုယ်စားလှယ်ကော်မရှင် ၈%

Newsletter!!!

Subscribe to our weekly Newsletter and stay tuned.