မြန်မာနိုင်ငံသား(တရားဝင်)ပြည်ပအလုပ်သမားအသက်အာမခံ
- ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် မြန်မာနိုင်ငံသား(တရားဝင်)ပြည်ပအလုပ်သမားအသက်အာမခံ ကိုအသစ်ပြင်ဆင်၍ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခဲ့
- မြန်မာနိုင်ငံသား(တရားဝင်)ပြည်ပအလုပ်သမားအသက်အာမခံလုပ်ငန်းသည်အာမခံထားသည့်တရားဝင်ပြည်ပအလုပ်သမားများ အကြောင်းတစုံတရာကြောင့် အသက်ဆုံးရှုံးမှုဖြစ် ခြင်းနှင့်ထိခိုက်ဒဏ်ရာရခြင်းများဖြစ်ပါကအာမခံထားသူကိုယ်တိုင်နှင့်ကျန်ရစ်သူမိသားစု များအတွက် ငွေကြေးဆိုင်ရာဘဝရပ်တည်မှုကို အထိုက်အလျောက်ဖြည့်စွက်ပေးနိုင်ရန် ရည်ရွယ်
- အသက် ၁၈ နှစ်မှ ၆၀ နှစ် အတွင်းပြည်ပနိုင်ငံများတွင် တရားဝင်သွားရောက် အလုပ်လုပ် ကိုင်သည့် အလုပ်သမားများအာမခံထားရှိနိုင်၊ နိုင်ငံကူးလက်မှတ်မိတ္တူပူးတွဲတင်ပြရန်
- ကျန်းမာကြောင်းအထောက်အထား (သို့မဟုတ်) မြန်မာ့အာမခံလုပ်ငန်းမှ သတ်မှတ်ထား သောဆရာဝန်ဖြင့် ဆေးစစ်ချက်ပုံစံလိုအပ်
- အာမခံသက်တမ်း ၁နှစ်၊ အာမခံထားငွေကျပ်သိန်း ၅၀၊ တစ်ယူနစ်ပရီမီယံကျပ် ၃၀၀၀၀/- အာမခံသက်တမ်း ၆ လ၊ အာမခံထားငွေကျပ်သိန်း ၅၀၊ တစ်ယူနစ်ပရီမီယံ ၁၅၀၀၀/-
- အလုပ်သမားများ ၃ နှစ်စာတစ်ကြိမ်တည်းပေးသွင်း၍ အာမခံသက်တမ်း ၃နှစ် ဝယ်ယူနိုင်
- တရားဝင်ပြည်ပအလုပ်သမားတစ်ဦးလျှင် အများဆုံး ၄ ယူနစ်ထားရှိနိုင် (အာမခံသက်တမ်း ၁ နှစ်ထားရှိသူများ )
အကျိုးခံစားခွင့်များ
- သေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရရှိမှုအတွက်အကျိုးခံစားခွင့်ရရှိနိုင်
အကျိုးခံစားခွင့်မရရှိနိုင်သောအချက်များ
- မိမိကိုယ်ကိုသတ်သေခြင်း၊ ရာဇဝတ်မှုကျူးလွန်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ (တရား မဝင်)အခြားကုမ္ပဏီများ၊ အလုပ်ရုံများတွင်သွားရောက်အလုပ်လုပ်ကိုင်၍ သေဆုံးခြင်း နှင့်ဒဏ်ရာရခြင်းတို့အတွက် လျော်ကြေးမရရှိနိုင်
- အာမခံသက်တမ်းအတွင်း အာမခံထားသူသေဆုံးပါက အကျိုးခံစားခွင့်ရှိသူသို့ အာမခံ ထားငွေကို တစ်လုံးတည်းပေး
- အာမခံသက်တမ်းအတွင်း အာမခံထားသူထိခိုက်ဒဏ်ရာရရှိပါက သတ်မှတ်ထားသော လျော်ကြေးနှုန်းထားများအတိုင်း အာမခံထားသူအား အကျိုးခံစားခွင့်ထုတ်ပေး
- လျော်ကြေးပေါ်ပေါက်ပါက သံရုံး (သို့မဟုတ်) ကောင်စစ်ဝန်ရုံးထောက်ခံချက်၊ ဓါတ်ပုံ အထောက်အထား၊ သက်ဆိုင်ရာကုမ္ပဏီထောက်ခံချက်၊ ဆေးရုံထောက်ခံချက်၊ မြန်မာ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ ချုပ်၏ထောက်ခံချက်များလိုအပ်
- သက်တမ်းတစ်နှစ်ပြည့်ပြီးနောက် ပြည်ပတွင်ဆက်လက်လုပ်ကိုင်နေလျှင် အကျိုးခံစား ခွင့်ရှိသူမှ သက်တမ်းတိုးနိုင်
“သင်နှင့် သင့်မိသားစု အနာဂတ်ဘဝလုံခြုံဖို့ မြန်မာ့အာမခံလုပ်ငန်းမှာ အာမခံထားကြစို့”