ပြည်သူပြည်သားနှစ်ချင်းအသက်အာမခံ
- ပေါ်လစီရှင်−စာချုပ်ချုပ်ဆိုနိုင်သည့် ပုဂ္ဂိုလ်
- အာမခံထားသူ−အာမခံပေါ်လစီစည်းကမ်းချက်များနှင့်အညီအာမခံအကာအကွယ်ကို ရရှိမည့် ပုဂ္ဂိုလ်
- အာမခံထားသူအသက် ၁၈ နှစ်မှ ၇၅ နှစ်အထိ
- အာမခံသက်တမ်း ၁ နှစ်၊ ပရီမီယံနှစ်စဉ်ပေးစနစ်၊ ပရီမီယံပေးသွင်းသည့်နေ့မှအာမခံ စတင်
- စာချုပ်ဖျက်သိမ်း အမ်းငွေမရှိ
- အာမခံထားငွေ အနည်းဆုံး ၁ သိန်းကျပ်မှ အများဆုံးကျပ်သိန်း ၂၀၀
- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသိမှတ်ပြု ဆေးရုံ၊ ဆေးခန်းများမှ ဆရာဝန် များဖြင့် ကျန်းမာရေးဆေးစစ်ခြင်းကို အာမခံထားသူ၏အသက်နှင့် အာမခံထားငွေ ပေါ်မူတည်
- အသက် ၁၈ နှစ်မှ ၆၀ နှစ်၊ အာမခံထားငွေကျပ်သိန်း ၅၀ နှင့်အထက်
- အသက် ၆၁ နှစ်မှ ၇၅ နှစ်၊ အာမခံထားငွေကျပ်သိန်း ၃၀ နှင့်အထက်
- အာမခံသက်တမ်း ၁ နှစ်အတွင်း အကျိုးခံစားခွင့်များ−
- သေဆုံးခြင်း
- ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း
- သတ်မှတ်ထားသော ထိခိုက်ဒဏ်ရာရရှိမှု အကျိုးခံစားခွင့်
ထိခိုက်ဒဏ်ရာအကျိုးခံစားခွင့် |
အသက်၁၈နှစ်မှ အသက်၆၀နှစ် |
အသက်၆၁နှစ်မှ အသက်၇၅နှစ် |
မျက်စိတစ်ဖက် လုံးဝကွယ်ခြင်း |
၅၀% |
နားတစ်ဖက်လုံးဝပင်းခြင်း |
၂၅% |
လက်တစ်ဖက်လုံးဝပြတ်ခြင်း |
၅၀% |
ခြေတစ်ဖက်လုံးဝပြတ်ခြင်း |
၅၀% |
လက်တစ်ဖက်ကျိုးခြင်း |
၁၀% |
၅% |
ခြေတစ်ဖက်ကျိုးခြင်း |
၁၀% |
၅% |
- အသက်နှင့်အာမခံထားငွေပေါ်မူတည်၍ ပရီမီယံနှုန်းဇယားတွက်ချက်ထား
- ပေါ်လစီတည်မြဲခြင်း
- အာမခံပေါ်လစီတွင် သတ်မှတ်ထားသော အာမခံသက်တမ်းစေ့ခြင်း
- ပေါ်လစီရှင်က ပေါ်လစီကိုဖျက်သိမ်းခြင်း
- အာမခံကုမ္ပဏီက ပေါ်လစီကိုပယ်ဖျက်ခြင်း
- သေဆုံးမှု(သို့မဟုတ်)ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွင့်ကိုထုတ်ပေးခြင်း(သို့သော် ၁၀၀% အပြည့်ပေးလျော်ပြီးပါက ပေါ်လစီပျက်ပြယ်)
- သေဆုံးမှုအကျိုးခံစားခွင့်ကိုပေါ်လစီတွင်အကျိုးခံစားခွင့်လွှဲပြောင်းခြင်းခံရသူကထုတ်ယူနိုင်
- ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း/သတ်မှတ်ထားသော ထိခိုက်ဒဏ်ရာရရှိမှုတို့အတွက် အာမခံ ထားသူက ထုတ်ယူနိုင်
- အာမခံသက်တမ်းအတွင်းအကျိုးခံစားခွင့်စုစုပေါင်းသည်အာမခံထားငွေထက်မကျော်လွန် စေရ
- ပူးတွဲအာမခံထားခြင်း
- အာမခံထားငွေကျပ်သိန်း ၁၀၀ နှင့်အထက် ရှိသော Risk ကို အာမခံကုမ္ပဏီ ၂ ခုနှင့် အထက်ပူးတွဲအာမခံလက်ခံနိုင်
- အာမခံကုမ္ပဏီအသီးသီးကလက်ခံမည့် အာမခံထားငွေပမာဏနှင့်အညီ မှတ်တမ်းထား ရှိရန်
- သတ်မှတ်ထားသည့် ကိုယ်စားပြုအာမခံကုမ္ပဏီက ပေါ်လစီရှင်နှင့်စာချုပ်ချုပ်ဆိုရန်
- အာမခံထားသူ သေဆုံးပြီး အလောင်းရှာမတွေ့ပါက ၂ နှစ်စောင့်ဆိုင်း၍ မျက်မြင်အားဖြင့် သွားလာလှုပ်ရှားမှုမရှိကြောင်းတင်ပြရန် လိုအပ်
- အာမခံကိုယ်စားလှယ်မှတစ်ဆင့်ဆောင်ရွက်နိုင်၊ ကော်မရှင် ပေးသွင်းပရီမီယံ၏ ၁၀ %
- အာမခံတံဆိပ်ခေါင်းကပ်နှိပ်ရန်လိုအပ်
အကျိုးခံစားခွင့်မရရှိနိုင်သည့်ကိစ္စများ
- မိမိကိုယ်ကိုသတ်သေခြင်း/သို့သော် မသေဆုံးခြင်း (သေဆုံး/ထာဝစဉ်မသန်စွမ်း)
- ပေါ်လစီရှင်၏တမင်ရည်ရွယ်လုပ်ဆောင်မှုဖြစ်ခြင်း(သေဆုံး/ထာဝစဉ်မသန်စွမ်း/ ထိခိုက်ဒဏ်ရာ)
- အာမခံထားသူ၏တမင်ရည်ရွယ်လုပ်ဆောင်မှုဖြစ်ခြင်း(ထာဝစဉ်မသန်စွမ်း/ ထိခိုက် ဒဏ်ရာ)
- သေဆုံးမှုအကျိုးခံစားခွင့်လွှဲပြောင်းခြင်းခံရသူ၏တမင်ရည်ရွယ်လုပ်ဆောင်မှုဖြစ်ခြင်း (သေဆုံး)
- ရာဇဝတ်မှုကျူးလွန်ခြင်း၊ ဥပဒေချိုးဖောက်ခြင်း(သေဆုံး/ ထာဝစဉ်မသန်စွမ်း/ ထိခိုက် ဒဏ်ရာ)
- မူးယစ်ဆေးဝါး (သို့မဟုတ်) ဘေးအန္တရာယ်ဖြစ်စေသော ဆေးကိုသုံးစွဲခြင်း (သေဆုံး/ ထာဝစဉ်မသန်စွမ်း/ထိခိုက်ဒဏ်ရာ)
- AIDS/HIV (သေဆုံး/ထာဝစဉ်မသန်စွမ်း)
- စစ်ပွဲ၊အကြမ်းဖက်ဖျက်စီးခြင်း၊အဓိကရုဏ်း၊ ၎င်းတို့နှင့်အလားတူဖြစ်ရပ်များ (သေဆုံး/ ထာဝစဉ်မသန်စွမ်း/ထိခိုက်ဒဏ်ရာ)
- အာမခံဝယ်ယူစဉ်က ဖော်ပြရန်ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါများ (သေဆုံး/ ထာဝစဉ် မသန်စွမ်း)
- အာမခံထားသူ၏စိတ်ရောဂါဝေဒနာကြောင့်ဖြစ်သည့်မတော်တဆမှု(ထိခိုက်ဒဏ်ရာ)
- ငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲ/ဆူနာမီ ဖြစ်ခြင်း (ထိခိုက်ဒဏ်ရာ)
“သင်နှင့် သင့်မိသားစု အနာဂတ်ဘဝလုံခြုံဖို့ မြန်မာ့အာမခံလုပ်ငန်းမှာ အာမခံထားကြစို့”