၁။ | မြန်မာ့အာမခံလုပ်ငန်းတွင် လစ်လပ်လျက်ရှိသော အောက်ပါရာထူးနေရာများအတွက် ယှဉ်တွဲဖော်ပြပါ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသူများလျှောက်ထားနိုင်ပါသည်- | ||||||||||
|
|||||||||||
၂။ | လစ်လပ်ရာထူးနေရာများအတွက် အောက်ပါအချက်အလက်များနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်ပါသည်- | ||||||||||
၃။ | အငယ်တန်းစာရေး (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူး (၇၀) နေရာ | ||||||||||
(၁) တက္ကသိုလ်တစ်ခုခုမှဘွဲ့တစ်ခုခုရရှိပြီး၊ ကွန်ပျူတာကျွမ်းကျင်မှုရှိရမည်။
(၂) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။ (၃) ( ၁-၆-၂၀၂၂ ) ရက်နေ့တွင် အသက် ( ၃၅ ) နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။ (၄) Marketing ဆင်းရာတွင် တက်ကြွစွာ ပြောဆိုနိုင်ရမည်။ |
|||||||||||
၄။ | လျှောက်လွှာနှင့်အတူ အောက်ပါအထောက်အထားများ ပူးတွဲလျက် မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်) ရန်ကုန်မြို့သို့ ၁၅–၆–၂၀၂၂ ရက် အရောက်ပေးပို့လျှောက်ထားရမည်- | ||||||||||
|
|||||||||||
၅။ | သတ်မှတ်ထားသည့် စာရွက်စာတမ်း မပြည့်စုံလျှင်သော်လည်းကောင်း၊ သတ်မှတ် ထားသောရက်ထက် နောက်ကျမှရောက်လာလျှင်သော်လည်းကောင်း၊ လျှောက်လွှာများကို လက်ခံ စဉ်းစားလိမ့်မည်မဟုတ်ပါ။ | ||||||||||
၆။ | ရေးဖြေစာမေးပွဲကို ၂၆–၆–၂၀၂၂ ရက်နေ့ နံနက် ၁၀:၀၀ နာရီမှ ၁၂:၀၀ နာရီအထိ အင်္ဂလိပ်စာ ဘာသာရပ်ကိုလည်းကောင်း၊ နေ့လယ် ၁:၀၀ နာရီမှ ၄:၀၀ နာရီအထိ မြန်မာစာနှင့် အထွေထွေဗဟုသုတဘာသာရပ်ကိုလည်းကောင်း ဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲ အောင်မြင် သူများကို လူတွေ့ စစ်ဆေး ရွေးချယ်ခန့်ထားသွားမည်ဖြစ်ပါသည်။ | ||||||||||
၇။ | ဖြေဆိုခွင့်ကတ်ပြားများကို ၂၂–၆–၂၀၂၂ ရက်နေ့တွင် မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်) တွင် ရုံးချိန်အတွင်း ထုတ်ပေးမည်ဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အတူ ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဖြစ်သည်။ | ||||||||||
၈။ | အသေးစိတ်အချက်အလက်များသိရှိလိုပါက မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်) ၆၂၇/ ၆၃၅ ကုန်သည်လမ်း၊ ၂၉ လမ်း နှင့် လမ်း ၃၀ ထောင့်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်း- ၀၁-၈၃၇၉၀၈၈ သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။ |
379088, 384865, 252372, 246902
384881, 384876, 386919
384870, 384868
379188
251764, 384874, 384867
251761
384864, 384873