cmn_banner

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့အာမခံလုပ်ငန်း လျှောက်လွှာခေါ်ယူခြင်း

ကြော်ငြာစာအမှတ်၊ ၁/၂၀၂၄

၁၃၈၆ ခုနှစ် ဝါခေါင်လပြည့်ကျော် ၄ ရက် (၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်)

၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းတွင် လစ်လပ်လျက်ရှိသည့် လစာနှုန်းကျပ် (၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရရှိသော အောက်ဖော်ပြပါ အငယ်တန်းစာရေးရာထူး (၄၈)နေရာအတွက် လျှောက်လွှာတင်သွင်းနိုင်ပါသည်-
ပညာအရည်အချင်း အရေအတွက်
(က) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူ ၄၈ ဦး
၂။ လျှောက်ထားသူသည် –
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
( ခ ) ၃၀-၉-၂၀၂၄ ရက်နေ့တွင် အသက်(၃၀)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
( ဂ ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(ဃ) ကွန်ပျူတာကျွမ်းကျင်စွာအသုံးပြုနိုင်သူဖြစ်ရမည်။
၃။ လျှောက်လွှာများကို မြန်မာ့အာမခံလုပ်ငန်း (စီမံရေးရာဌာန)တွင် ၂၆-၈-၂၀၂၃ ရက်နေ့မှ  ၃၀-၈-၂၀၂၄ ရက်နေ့အထိ ရုံးချိန်အတွင်း သို့မဟုတ် မြန်မာ့အာမခံလုပ်ငန်း၏ Website ဖြစ်သော www.mminsurance.gov.mm တို့တွင် (အခမဲ့) ထုတ်ယူနိုင်ပါသည်။ Download Form
၄။ လျှောက်လွှာနှင့်အတူ အောက်ပါအထောက်အထားများ ပူးတွဲလျက် မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်) ရန်ကုန်မြို့သို့  ၁၆-၉-၂၀၂၄ ရက်နေ့အရောက် ပေးပို့လျှောက်ထားရမည်-
(က) ဘွဲ့လက်မှတ်မိတ္တူ (စာမေးပွဲဖြေဆိုသည့်အခါ ဘွဲ့လက်မှတ် မူရင်းတင်ပြရန်)
( ခ ) အသက်အထောက်အထားအတွက် အခြေခံပညာအထက်တန်း အောင်လက်မှတ် မိတ္တူ
( ဂ ) ရက်သတ္တပတ် (၂) ပတ်အတွင်း ရိုက်ကူးထားသော ပတ်(စ်)ပို့ဓာတ်ပုံ (၃) ပုံ (နောက် ကျောတွင် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်  ဖော်ပြရန်)
(ဃ) ဝန်ထမ်းမဟုတ်သူများအတွက် သက်တမ်းရှိသော အလုပ်သမားမှတ်ပုံတင် ကတ်ပြား မိတ္တူ (ဖြေဆိုခွင့်ကတ်ပြားထုတ်ယူချိန်တွင် မူရင်းတင်ပြနိုင်ရမည်။)
( င ) ကျန်းမာကြောင်းဆေးလက်မှတ် (မူရင်း)
( စ ) အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ
(ဆ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး ၏ ထောက်ခံချက် (မူရင်း)
( ဇ ) သက်ဆိုင်ရာမြို့နယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက် (မူရင်း)
၅။ နိုင်ငံ့ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ဖူးသူများအနေဖြင့် ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ် တစ်မျိုးမျိုး ကျခံခဲ့ဖူးသူဖြစ်ပါက ပြစ်ဒဏ်အမျိုးအစားကို လျှောက်လွှာတွင် (မပျက်မကွက်) ထည့်သွင်းဖော်ပြထားရမည်ဖြစ်ပြီး ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း (Dismissal) ခံရသူများ လျှောက်ထားခွင့်မရှိပါ။
၆။ သတ်မှတ်ထားသည့် စာရွက်စာတမ်း မပြည့်စုံလျှင်သော်လည်းကောင်း၊ သတ်မှတ်ထား သောရက်ထက် နောက်ကျမှရောက်လာလျှင်သော်လည်းကောင်း၊ လျှောက်လွှာများကို လက်ခံ စဉ်းစားမည်မဟုတ်ပါ။
၇။ ရေးဖြေစာမေးပွဲကို  ၂၈-၉-၂၀၂၄ နံနက် ၁၀:၀၀ နာရီမှ ၁၂:၀၀ နာရီအထိ အင်္ဂလိပ်စာ ဘာသာရပ်ကိုလည်းကောင်း၊ နေ့လယ် ၁:၀၀ နာရီမှ ၄:၀၀ နာရီအထိ မြန်မာစာနှင့် အထွေထွေ ဗဟုသုတဘာသာရပ်ကိုလည်းကောင်း ဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲ အောင်မြင်သူများကို လူတွေ့စစ်ဆေး ရွေးချယ်ခန့်ထားသွားမည်ဖြစ်ပါသည်။
၈။ ဖြေဆိုခွင့်ကတ်ပြားများကို ၂၇-၉-၂၀၂၄ ရက်နေ့တွင် မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်) တွင် ရုံးချိန်အတွင်း ထုတ်ပေးမည်ဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အတူ ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဖြစ်ပါသည်။
၉။ အသေးစိတ်အချက်အလက်များသိရှိလိုပါက မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်) ၆၂၇/ ၆၃၅ ကုန်သည်လမ်း၊   ၂၉  လမ်း နှင့်  လမ်း  ၃၀ ထောင့်၊  ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်း-၀၁-၈၃၇၉၀၈၈ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

 

မြန်မာ့အာမခံလုပ်ငန်း

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

Contact Phone Number

Life Insurance (Underwriting) Department

01 - 8391990

Life Insurance (Claim) Department

01 - 8384881

Life Reinsurance Department

01-8386919

Motor Vehicle Insurance (Underwriting) Department

09-880 177 428

Motor Vehicle Insurance (Claim) Department

09-880177427

Marine, Aviation & Travelling Insurance (Underwriting) Department

01-8251761 , 01- 8391993

Marine, Aviation & Travelling Insurance (Claim) Department

01-8251761

Fire, Engineering and Miscellaneous Insurance (Underwriting) Department

01-384867

Fire, Engineering and Miscellaneous Insurance (Claim) Department

01-8251762

General Reinsurance Department

01-8384880

Admin Department

01-8379088, 01-8384865,
01-8252372, 01-8246902

Account Department

01-8384868, 01-8384870

Marketing Department

01-8391995, 01-8391996

Duty Room

01-8379188