cmn_banner

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန မြန်မာ့အာမခံလုပ်ငန်း အလုပ်လျှောက်လွှာခေါ်ယူခြင်း

၁။ မြန်မာ့အာမခံလုပ်ငန်းတွင် လစ်လပ်လျက်ရှိသော အောက်ပါရာထူးနေရာများအတွက် ယှဉ်တွဲဖော်ပြပါ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသူများလျှောက်ထားနိုင်ပါသည်-
စဉ် ခန့်ထားမည့်ရာထူး လစာနှုန်းထား ပညာ အရည်အချင်း လစ်လပ် နေရာ
၁။ အငယ်တန်းစာရေး ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀ တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိသူ ၇၀
၂။ လစ်လပ်ရာထူးနေရာများအတွက် အောက်ပါအချက်အလက်များနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်ပါသည်-
၃။ အငယ်တန်းစာရေး (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)  ရာထူး (၇၀) နေရာ
(၁)    တက္ကသိုလ်တစ်ခုခုမှဘွဲ့တစ်ခုခုရရှိပြီး၊ ကွန်ပျူတာကျွမ်းကျင်မှုရှိရမည်။

(၂)    ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

(၃)    ( ၁-၆-၂၀၂၂ ) ရက်နေ့တွင် အသက် ( ၃၅ ) နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။

(၄)    Marketing ဆင်းရာတွင် တက်ကြွစွာ ပြောဆိုနိုင်ရမည်။

၄။ လျှောက်လွှာနှင့်အတူ အောက်ပါအထောက်အထားများ ပူးတွဲလျက် မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်) ရန်ကုန်မြို့သို့  ၁၅၂၀၂၂ ရက် အရောက်ပေးပို့လျှောက်ထားရမည်-
(က) ဘွဲ့လက်မှတ်မိတ္တူ ( စာမေးပွဲဖြေဆိုသည့်အခါ ဘွဲ့လက်မှတ် မူရင်းတင်ပြရန် )
(ခ) အသက်အထောက်အထားအတွက် အခြေခံပညာအထက်တန်း အောင်လက်မှတ် မိတ္တူ
(ဂ) လျှောက်လွှာပိတ်ရက်မတိုင်မီ (၁) လအတွင်း အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်နှင့် ပြစ်မှုကင်းရှင်း ကြောင်း သက်ဆိုင်ရာရဲစခန်း၏ ထောက်ခံချက်မူရင်း
(ဃ) လျှောက်လွှာပိတ်ရက်မတိုင်မီ (၁) လအတွင်း ရိုက်ကူးထားသော ရောင်စုံလိုင်စင် ဓာတ်ပုံ (၃) ပုံ ( နောက်ကျောတွင် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်  ဖော်ပြရန် )
(င) ဝန်ထမ်းမဟုတ်သူများအတွက် သက်တမ်းရှိသော အလုပ်သမားမှတ်ပုံတင် ကတ်ပြားမိတ္တူ ( ဖြေဆိုခွင့်ကတ်ပြားထုတ်ယူချိန်တွင် မူရင်းတင်ပြနိုင်ရမည်။ )
၅။ သတ်မှတ်ထားသည့် စာရွက်စာတမ်း မပြည့်စုံလျှင်သော်လည်းကောင်း၊ သတ်မှတ် ထားသောရက်ထက် နောက်ကျမှရောက်လာလျှင်သော်လည်းကောင်း၊ လျှောက်လွှာများကို လက်ခံ စဉ်းစားလိမ့်မည်မဟုတ်ပါ။
၆။ ရေးဖြေစာမေးပွဲကို ၂၆၂၀၂၂ ရက်နေ့ နံနက် ၁၀:၀၀ နာရီမှ ၁၂:၀၀ နာရီအထိ အင်္ဂလိပ်စာ ဘာသာရပ်ကိုလည်းကောင်း၊ နေ့လယ် ၁:၀၀ နာရီမှ ၄:၀၀ နာရီအထိ မြန်မာစာနှင့် အထွေထွေဗဟုသုတဘာသာရပ်ကိုလည်းကောင်း ဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲ အောင်မြင် သူများကို လူတွေ့ စစ်ဆေး ရွေးချယ်ခန့်ထားသွားမည်ဖြစ်ပါသည်။
၇။ ဖြေဆိုခွင့်ကတ်ပြားများကို ၂၂၂၀၂၂ ရက်နေ့တွင် မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်) တွင် ရုံးချိန်အတွင်း ထုတ်ပေးမည်ဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အတူ ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဖြစ်သည်။
၈။ အသေးစိတ်အချက်အလက်များသိရှိလိုပါက မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်) ၆၂၇/ ၆၃၅ ကုန်သည်လမ်း၊  ၂၉ လမ်း  နှင့်  လမ်း  ၃၀ ထောင့်၊  ပန်းဘဲတန်းမြို့နယ်၊  ရန်ကုန်တိုင်းဒေသကြီး၊
ဖုန်း- ၀၁-၈၃၇၉၀၈၈ သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

Contact Phone Number

Life Insurance (Underwriting) Department

01 - 8391990

Life Insurance (Claim) Department

01 - 8384881

Life Reinsurance Department

01-8386919

Motor Vehicle Insurance (Underwriting) Department

09-880 177 428

Motor Vehicle Insurance (Claim) Department

09-880177427

Marine, Aviation & Travelling Insurance (Underwriting) Department

01-8251761 , 01- 8391993

Marine, Aviation & Travelling Insurance (Claim) Department

01-8251761

Fire, Engineering and Miscellaneous Insurance (Underwriting) Department

01-384867

Fire, Engineering and Miscellaneous Insurance (Claim) Department

01-8251762

General Reinsurance Department

01-8384880

Admin Department

01-8379088, 01-8384865,
01-8252372, 01-8246902

Account Department

01-8384868, 01-8384870

Marketing Department

01-8391995, 01-8391996

Duty Room

01-8379188