၁။ | မြန်မာ့အာမခံလုပ်ငန်းတွင် လစ်လပ်လျက်ရှိသော ဒု-ကြီးကြပ်ရေးမှူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူး (၃၆) နေရာအတွက် ယှဥ်တွဲဖော်ပြပါ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသူများလျှောက်ထားနိုင်ပါသည်။ | |
၂။ | ဒု-ကြီးကြပ်ရေးမှူးရာထူးနေရာများအတွက် အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီသူများသည် ကိုယ်တိုင်ရေးလျှောက်လွှာပုံစံနှင့်အတူ စာရွက်စာတမ်းများ ပူးတွဲ၍ မြန်မာ့အာမခံလုပ်ငန်း (ရန်ကုန်) တွင် ၁၉-၈-၂၀၂၂ ရက် (သောကြာနေ့) နောက်ဆုံးထား၍ လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြစ်စေ ရုံးချိန်အတွင်း လာရောက်လျှောက်ထားနိုင်ပါသည်။ | |
၃။ | လျှောက်ထားသူသည်- | |
(က) | ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။ | |
(ခ) | တက္ကသိုလ်တစ်ခုခုမှ အောက်ပါဘွဲ့ရရှိသူများဖြစ်ရမည်-
(၁) ကွန်ပျူတာတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူ၊ (၂) နည်းပညာတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူ၊ (၃) စီးပွားရေးတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူ၊ (၄) သမဝါယမတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူ၊ (၅) အမျိုးသားစီမံခန့်ခွဲမှု ဒီဂရီကောလိပ်မှ ဘွဲ့တစ်ခုခုရရှိသူ၊ |
|
(ဂ) | ၁-၈-၂၀၂၂ ရက်နေ့တွင် အသက် (၃၀) နှစ် ထက် မကျော်လွန်စေရ။ | |
(ဃ) | နိုင်ငံ့ဝန်ထမ်း (အမြဲတမ်းခန့်ဝန်ထမ်း) ဖြစ်ပါက ၁-၈-၂၀၂၂ ရက်နေ့တွင် အသက် (၃၅) နှစ် ထက်မကျော်လွန်စေရ။ | |
(င) | (၆)လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့ဓါတ်ပုံ (၃)ပုံ၊ ဘွဲ့လက်မှတ်/ဘွဲ့ထောက်ခံစာ မိတ္တူ၊ အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ၊ အခြားတတ်ကျွမ်းသော ဘာသာရပ်များအတွက် အောင်လက်မှတ်မိတ္တူနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားမိတ္တူ။ | |
(စ) | (၁) လအတွင်းပြုလုပ်ထားသော အကျင့်စာရိတ္တကောင်းမွန်ကြောင်း ကျေးရွာ/ ရပ်ကွက်ထောက်ခံစာ မူရင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ ရဲစခန်းထောက်ခံစာမူရင်း။ | |
(ဆ) | သက်တမ်းရှိ အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ။ | |
(ဇ) | နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်း၏ ခွင့်ပြုကြောင်း ထောက်ခံစာ (မူရင်း/မိတ္တူ)။ | |
(စျ) | ဒု-ကြီးကြပ်ရေးမှူးရာထူးတွင် ခန့်ထားခြင်းခံရပါက ဌာနတွင် အနည်းဆုံး(၃)နှစ် တာဝန်ထမ်းဆောင်ရမည်။ | |
၄။ | ဒု-ကြီးကြပ်ရေးမှူးရာထူးနေရာအတွက် အရည်အချင်းစစ်ရေးဖြေစာမေးပွဲကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ မေးခွန်းတို့ဖြင့် ၂၇-၈-၂၀၂၂ ရက် (စနေနေ့) နံနက် (၉:၀၀) နာရီမှ (၃:၃၀) နာရီထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရေးဖြေအောင်မြင်သူများကိုသာ လူတွေ့စစ်ဆေးခြင်းပြုလုပ်သွားမည်ဖြစ်ပါသည်။ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား(ခုံအမှတ်)ကို မြန်အာမခံလုပ်ငန်း၊ အမှတ် ၆၂၇/၆၃၅၊ ကုန်သည်လမ်း၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်၌ ၂၄-၈-၂၀၂၂ ရက် (ဗုဒ္ဓဟူးနေ့) တွင် လူကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဖြစ်ပြီး၊ အရည်အချင်းစစ်လူတွေ့စစ်ဆေးခြင်းပြုလုပ်မည့် နေ့ရက်အား ထပ်မံအသိပေးသွားမည်ဖြစ်ပါသည်။ | |
၅။ | လူတွေ့စစ်ဆေးချိန်တွင် ဘွဲ့လက်မှတ်၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်နှင့် အခြားအောင်လက်မှတ်များ၊ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ အလုပ်သမားမှတ်ပုံတင်ကတ်ပြားစသည်တို့ကို မူရင်းတင်ပြနိုင်ရပါမည်။ အသေးစိတ်သိရှိလိုပါက မြန်မာ့အာမခံလုပ်ငန်း(ရုံးချုပ်)၊ ရန်ကုန်၊ ဖုန်း ၀၁-၈၃၇၉၀၈၈ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ |
379088, 384865, 252372, 246902
384881, 384876, 386919
384870, 384868
379188
251764, 384874, 384867
251761
384864, 384873