ကြော်ငြာစာအမှတ်၊ ၁/၂၀၂၄
၁၃၈၆ ခုနှစ် ဝါခေါင်လပြည့်ကျော် ၄ ရက် (၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်)
၁။ | စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းတွင် လစ်လပ်လျက်ရှိသည့် လစာနှုန်းကျပ် (၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရရှိသော အောက်ဖော်ပြပါ အငယ်တန်းစာရေးရာထူး (၄၈)နေရာအတွက် လျှောက်လွှာတင်သွင်းနိုင်ပါသည်- | ||
ပညာအရည်အချင်း | အရေအတွက် | ||
(က) | တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူ | ၄၈ ဦး | |
၂။ | လျှောက်ထားသူသည် – | ||
(က) | ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။ | ||
( ခ ) | ၃၀-၉-၂၀၂၄ ရက်နေ့တွင် အသက်(၃၀)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။ | ||
( ဂ ) | ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။ | ||
(ဃ) | ကွန်ပျူတာကျွမ်းကျင်စွာအသုံးပြုနိုင်သူဖြစ်ရမည်။ | ||
၃။ | လျှောက်လွှာများကို မြန်မာ့အာမခံလုပ်ငန်း (စီမံရေးရာဌာန)တွင် ၂၆-၈-၂၀၂၃ ရက်နေ့မှ ၃၀-၈-၂၀၂၄ ရက်နေ့အထိ ရုံးချိန်အတွင်း သို့မဟုတ် မြန်မာ့အာမခံလုပ်ငန်း၏ Website ဖြစ်သော www.mminsurance.gov.mm တို့တွင် (အခမဲ့) ထုတ်ယူနိုင်ပါသည်။ Download Form | ||
၄။ | လျှောက်လွှာနှင့်အတူ အောက်ပါအထောက်အထားများ ပူးတွဲလျက် မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်) ရန်ကုန်မြို့သို့ ၁၆-၉-၂၀၂၄ ရက်နေ့အရောက် ပေးပို့လျှောက်ထားရမည်- | ||
(က) | ဘွဲ့လက်မှတ်မိတ္တူ (စာမေးပွဲဖြေဆိုသည့်အခါ ဘွဲ့လက်မှတ် မူရင်းတင်ပြရန်) | ||
( ခ ) | အသက်အထောက်အထားအတွက် အခြေခံပညာအထက်တန်း အောင်လက်မှတ် မိတ္တူ | ||
( ဂ ) | ရက်သတ္တပတ် (၂) ပတ်အတွင်း ရိုက်ကူးထားသော ပတ်(စ်)ပို့ဓာတ်ပုံ (၃) ပုံ (နောက် ကျောတွင် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ဖော်ပြရန်) | ||
(ဃ) | ဝန်ထမ်းမဟုတ်သူများအတွက် သက်တမ်းရှိသော အလုပ်သမားမှတ်ပုံတင် ကတ်ပြား မိတ္တူ (ဖြေဆိုခွင့်ကတ်ပြားထုတ်ယူချိန်တွင် မူရင်းတင်ပြနိုင်ရမည်။) | ||
( င ) | ကျန်းမာကြောင်းဆေးလက်မှတ် (မူရင်း) | ||
( စ ) | အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ | ||
(ဆ) | အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး ၏ ထောက်ခံချက် (မူရင်း) | ||
( ဇ ) | သက်ဆိုင်ရာမြို့နယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက် (မူရင်း) | ||
၅။ | နိုင်ငံ့ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ဖူးသူများအနေဖြင့် ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ် တစ်မျိုးမျိုး ကျခံခဲ့ဖူးသူဖြစ်ပါက ပြစ်ဒဏ်အမျိုးအစားကို လျှောက်လွှာတွင် (မပျက်မကွက်) ထည့်သွင်းဖော်ပြထားရမည်ဖြစ်ပြီး ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း (Dismissal) ခံရသူများ လျှောက်ထားခွင့်မရှိပါ။ | ||
၆။ | သတ်မှတ်ထားသည့် စာရွက်စာတမ်း မပြည့်စုံလျှင်သော်လည်းကောင်း၊ သတ်မှတ်ထား သောရက်ထက် နောက်ကျမှရောက်လာလျှင်သော်လည်းကောင်း၊ လျှောက်လွှာများကို လက်ခံ စဉ်းစားမည်မဟုတ်ပါ။ | ||
၇။ | ရေးဖြေစာမေးပွဲကို ၂၈-၉-၂၀၂၄ နံနက် ၁၀:၀၀ နာရီမှ ၁၂:၀၀ နာရီအထိ အင်္ဂလိပ်စာ ဘာသာရပ်ကိုလည်းကောင်း၊ နေ့လယ် ၁:၀၀ နာရီမှ ၄:၀၀ နာရီအထိ မြန်မာစာနှင့် အထွေထွေ ဗဟုသုတဘာသာရပ်ကိုလည်းကောင်း ဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲ အောင်မြင်သူများကို လူတွေ့စစ်ဆေး ရွေးချယ်ခန့်ထားသွားမည်ဖြစ်ပါသည်။ | ||
၈။ | ဖြေဆိုခွင့်ကတ်ပြားများကို ၂၇-၉-၂၀၂၄ ရက်နေ့တွင် မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်) တွင် ရုံးချိန်အတွင်း ထုတ်ပေးမည်ဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အတူ ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဖြစ်ပါသည်။ | ||
၉။ | အသေးစိတ်အချက်အလက်များသိရှိလိုပါက မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်) ၆၂၇/ ၆၃၅ ကုန်သည်လမ်း၊ ၂၉ လမ်း နှင့် လမ်း ၃၀ ထောင့်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်း-၀၁-၈၃၇၉၀၈၈ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။ |
မြန်မာ့အာမခံလုပ်ငန်း
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
379088, 384865, 252372, 246902
384881, 384876, 386919
384870, 384868
379188
251764, 384874, 384867
251761
384864, 384873