cmn_banner

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့အာမခံလုပ်ငန်း အလုပ်လျှောက်လွှာပိတ်ရက်ကာလတိုးမြှင့်သတ်မှတ်ခြင်း

၁။ မြန်မာ့အာမခံလုပ်ငန်းတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူး (၄၈) နေရာအတွက် ၂၃-၈-၂၀၂၄ ရက်နေ့တွင် မြန်မာ့အလင်း သတင်းစာ၌ ကြော်ငြာခေါ်ယူခဲ့ပြီးဖြစ်ပါသည်။
၂။ အဆိုပါ ကြော်ငြာမှ အငယ်တန်းစာရေးရာထူးနေရာများအတွက် အောက်ပါသတ်မှတ်ချက် များနှင့် ကိုက်ညီသူများသည် ကိုယ်တိုင်ရေးလျှောက်လွှာပုံစံနှင့်အတူ လိုအပ်သည့် စာရွက်စာတမ်း များပူးတွဲ၍ မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်) ရန်ကုန်တွင် ၁၆-၉-၂၀၂၄ ရက်နေ့အစား ၁၁-၁၀-၂၀၂၄ ရက် (သောကြာနေ့) နောက်ဆုံးထား၍ လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြစ်စေ ရုံးချိန်အတွင်း လာရောက်လျှောက်ထားနိုင်ပါသည်။
၃။ လျှောက်ထားသူသည် –
(က)  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
( ခ ) ၁၁-၁၀-၂၀၂၄ ရက်နေ့တွင် အသက်(၃၀)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
( ဂ ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(ဃ) ကွန်ပျူတာကျွမ်းကျင်စွာအသုံးပြုနိုင်သူဖြစ်ရမည်။
၄။ လျှောက်လွှာနှင့်အတူ အောက်ပါအထောက်အထားများ ပူးတွဲလျက် မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်) ရန်ကုန်မြို့သို့  ၁၁-၁၀-၂၀၂၄ ရက်နေ့အရောက် ပေးပို့လျှောက်ထားရမည်-
(က) တက္ကသိုလ်တစ်ခုခုမှဘွဲ့ရ (သို့မဟုတ်) အခြေခံပညာအထက်တန်းအောင်မြင်သူ
(ခ) ဘွဲ့လက်မှတ်မိတ္တူ (သို့မဟုတ်) အခြေခံပညာအထက်တန်းအောင်လက်မှတ်မိတ္တူ (စာမေးပွဲဖြေဆိုသည့်အခါ ဘွဲ့လက်မှတ် (သို့မဟုတ်) အခြေခံပညာ အထက်တန်းအောင် လက်မှတ်မူရင်းတင်ပြရန်)
( ဂ ) အသက်အထောက်အထားအတွက် အခြေခံပညာအထက်တန်းအောင်လက်မှတ်မိတ္တူ
(ဃ) ရက်သတ္တပတ် (၂) ပတ်အတွင်း ရိုက်ကူးထားသော ပတ်(စ်)ပို့ဓာတ်ပုံ (၃) ပုံ

(နောက်ကျောတွင် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ဖော်ပြရန်)

(င) ဝန်ထမ်းမဟုတ်သူများအတွက် သက်တမ်းရှိသော အလုပ်သမားမှတ်ပုံတင်ကတ်ပြား မိတ္တူ (ဖြေဆိုခွင့်ကတ်ပြားထုတ်ယူချိန်တွင် မူရင်းတင်ပြနိုင်ရမည်။)
(စ) ကျန်းမာကြောင်းဆေးလက်မှတ် (မူရင်း)
(ဆ) အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ
(ဇ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် (မူရင်း)
(ဈ) သက်ဆိုင်ရာမြို့နယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက် (မူရင်း)
၅။ နိုင်ငံ့ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ဖူးသူများအနေဖြင့် ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်ဒဏ် တစ်မျိုးမျိုးခံခဲ့ရဖူးသူဖြစ်ပါက ပြစ်ဒဏ်အမျိုးအစားကို လျှောက်လွှာတွင် (မပျက်မကွက်) ထည့်သွင်း ဖော်ပြထားရမည်ဖြစ်ပြီး ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း (Dismissal) ခံရသူများ လျှောက်ထားခွင့် မရှိပါ။
၆။ သတ်မှတ်ထားသည့် စာရွက်စာတမ်း မပြည့်စုံလျှင်သော်လည်းကောင်း၊ သတ်မှတ်ထား သောရက်ထက် နောက်ကျမှရောက်လာလျှင်သော်လည်းကောင်း၊ လျှောက်လွှာများကို လက်ခံ စဉ်းစားမည်မဟုတ်ပါ။
၇။ ရေးဖြေစာမေးပွဲကို ရန်ကုန် (ရုံးချုပ်)နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်ရုံးများ တွင် ၂၆-၁၀-၂၀၂၄ နံနက် ၁၀:၀၀ နာရီမှ ၁၂:၀၀ နာရီအထိ အင်္ဂလိပ်စာဘာသာရပ်ကိုလည်းကောင်း၊ နေ့လယ် ၁:၀၀ နာရီမှ ၄:၀၀ နာရီအထိ မြန်မာစာနှင့် အထွေထွေဗဟုသုတဘာသာရပ်ကို လည်းကောင်း ဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲ အောင်မြင်သူများကို လူတွေ့စစ်ဆေးရွေးချယ် ခန့်ထားသွားမည်ဖြစ်ပါသည်။
၈။ ဖြေဆိုခွင့်ကတ်ပြားများကို ၂၄-၁၀-၂၀၂၄ ရက်နေ့နှင့် ၂၅-၁၀-၂၀၂၄ ရက်နေ့များတွင် မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်) နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်ရုံးများတွင် ရုံးချိန် အတွင်းထုတ်ပေးမည်ဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အတူ ကာယကံရှင်ကိုယ်တိုင်လာရောက် ထုတ်ယူရမည်ဖြစ်ပါသည်။
၉။ အသေးစိတ်အချက်အလက်များသိရှိလိုပါက မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်) ၆၂၇/ ၆၃၅ ကုန်သည်လမ်း၊   ၂၉  လမ်း နှင့်  လမ်း  ၃၀ ထောင့်၊  ပန်းဘဲတန်းမြို့နယ်၊   ရန်ကုန်တိုင်းဒေသကြီး၊

ဖုန်း- ၀၁၈-၃၇၉၀၈၈ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

 

မြန်မာ့အာမခံလုပ်ငန်း

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

Contact Phone Number

Admin Department

379088, 384865, 252372, 246902

Life Insurance Department

384881, 384876, 386919

Account Department

384870, 384868

Duty Room

379188

Fire, Engineering and Miscellaneous Insurance Department

251764, 384874, 384867

Marine, Aviation & Travelling Insurance Department

251761

Third-Party Liability Insurance Department

384864, 384873