၁၃၈၄ ခုနှစ်၊ တော်သလင်းလပြည့်နေ့ (၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်)
၁။ | ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းတွင် လစ်လပ်လျက်ရှိသော ဒု-ကြီးကြပ်ရေးမှူး လစာနှုန်းကျပ် (၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူး (၃၆) နေရာများအတွက် အရည်အချင်းစစ် ရေးဖြေစာမေးပွဲအား ၃-၉-၂၀၂၂ ရက်နေ့တွင် မြန်မာ့အာမခံလုပ်ငန်း၊ ရန်ကုန်တိုင်းဒေသကြီး (ရုံးချုပ်) ၌ ကျင်းပပြုလုပ်ခဲ့ပြီး ရေးဖြေအောင်မြင်သူများ၏ ခုံအမှတ်များအား အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက် သည်-
၀၀၁၊ ၀၀၂၊ ၀၀၃၊ ၀၀၄၊ ၀၀၅၊ ၀၀၆၊ ၀၀၇၊ ၀၀၈၊ ၀၀၉၊ ၀၁၀၊ ၀၁၁၊ ၀၁၂၊ ၀၁၃၊ ၀၁၄၊ ၀၁၅၊ ၀၁၆၊ ၀၁၇၊ ၀၁၈၊ ၀၁၉၊ ၀၂၀၊ ၀၂၂၊ ၀၂၃၊ ၀၂၄၊ ၀၂၅၊ ၀၂၆၊ ၀၂၇၊ ၀၂၈၊ ၀၂၉၊ ၀၃၁၊ ၀၃၂၊ ၀၃၃၊ ၀၃၄၊ ၀၃၅၊ ၀၃၆၊ ၀၃၇၊ ၀၃၈၊ ၀၃၉၊ ၀၄၀၊ ၀၄၁၊ ၀၄၂ |
၂။ | အရည်အချင်းစစ်ရေးဖြေစာမေးပွဲအောင်မြင်သူများအား ၁၇-၉-၂၀၂၂ ရက်နေ့တွင် လူတွေ့စစ်ဆေးခြင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် မြန်မာ့အာမခံလုပ်ငန်း၊ ရန်ကုန် (ရုံးချုပ်) သို့ အောက်ပါ စာရွက်စာတမ်းများနှင့်အတူ ၁၂-၉-၂၀၂၂ ရက်နေ့မှ ၁၆-၉-၂၀၂၂ ရက်နေ့အထိ ရုံးချိန်အတွင်း အချိန်မီ သတင်းပေးပို့ရမည်ဖြစ်ပါသည်-
(က) နိုင်ငံသားစိစစ်ရေးကတ်ပြား (မူရင်း/ မိတ္တူ) (ခ) တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်၊ ဘွဲ့လက်မှတ် (မူရင်း/ မိတ္တူ) |
၃။ | လူတွေ့စစ်ဆေးမှုခံယူရန် လာရောက်သူများသည် “ မြန်မာ့ယဉ်ကျေးမှုနှင့် လျော်ညီစွာ ” ဝတ်ဆင်လာ ရမည်။ |
၄။ | ဒု-ကြီးကြပ်ရေးမှူးရာထူးနေရာများအတွက် လူတွေ့စစ်ဆေးပြီး အရွေးချယ်ခံရသူများစာရင်းအား နိုင်ငံပိုင်သတင်းစာများ၌ ထည့်သွင်းကြေညာပေးသွားမည်ဖြစ်ပြီး ရွေးချယ်ခံရသူများထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားသွားမည်ဖြစ်ပါသည်။ |
၅။ | အချိန်မီသတင်းပေးပို့ခြင်းမရှိပါက မြန်မာ့အာမခံလုပ်ငန်းတွင် လုပ်ကိုင်လိုသည့် ဆန္ဒမရှိဟု ယူဆသွားမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲအောင်မြင်သူများစာရင်းမှ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။ |
မြန်မာ့အာမခံလုပ်ငန်း
379088, 384865, 252372, 246902
384881, 384876, 386919
384870, 384868
379188
251764, 384874, 384867
251761
384864, 384873