၁။ | ဤနည်းဥဒေများကို အသက်အာမခံနည်းဥပဒေများဟု ခေါ်တွင်စေရမည်။ | |
၂။ | ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် အာမခံလုပ်ငန်းဥပဒေ၌ ပါရှိသည့်အတိုင်း အဓိပ္ပါယ်သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပါယ် သက်ရောက်စေရမည် – | |
(က) | အဆိုပြုသူ ဆိုသည်မှာ အသက်အာမခံထားလိုကြောင်း အဆိုပြုသူကို ဆိုသည်။ | |
(ခ) | အာမခံထားသူ ဆိုသည်မှာ ဤနည်းဥပဒေများအရ အသက်အာမခံထားသူကို ဆိုသည်။ | |
(ဂ) | ပေါ်လစီ ဆိုသည်မှာ ပေးသွင်းသောပရီမီယံကို အကြောင်းပြု၍ အသက်အာမခံ ပဋိညာဉ်စာချုပ်ကို ဆိုသည်။ | |
(ဃ) | ပရီမီယံ ဆိုသည်မှာ အာမခံကြေးအဖြစ် တလုံးတည်းသော်လည်းကောင်း၊ အရစ်ကျသော်လည်းကောင်း ပေးသွင်းသောငွေကိုဆိုသည်။ | |
(င) | စာရင်းပိတ်ပေါ်လစီ ဆိုသည်မှာ သတ်မှတ်ထားသည့်နှစ်အတိုင်း ပရီမီယံပေးသွင်း ပြီး၍ အတည်ဖြစ်ပြီးနောက် ပရီမီယံဆက်လက်ပေးသွင်းရန်မလိုသော ပိတ်ထားသည့် ပေါ်လစီကိုဆိုသည်။ | |
(စ) | အမ်းငွေ ဆိုသည်မှာ သတ်မှတ်ထားသည့်နှစ်အတိုင်း ပရီမီယံပေးသွင်းပြီး၍ အတည် ဖြစ်ပြီးသော ပေါ်လစီတခုပေါ်တွင် အကျိုးခံစားခွင့်များကို စွန့်လွှတ်သည့်အတွက် အာမခံထားသူအား လက်ငင်းပြန်အမ်းသောငွေကို ဆိုသည်။ | |
(ဆ) | တန်ဘိုးလျော့ ဆိုသည်မှာ ပေါ်လစီသက်တမ်း မစေ့မီထုတ်ယူလိုလျှင် အာမခံ တန်ဘိုးကိုလျော့၍ အာမခံထားသူအား ထုတ်ပေးသောငွေကိုဆိုသည်။ | |
(ဇ) | ဆရာဝန် ဆိုသည်မှာ အဆိုပြုသူကို ဆေးစစ်သော မှတ်ပုံတင်ရပြီး ဆရာဝန်ကို ဆိုသည်။ | |
(စျ) | လစာ ဆိုသည်မှာ ဝန်ထမ်းတစ်ဦးရရှိသည့် အပိုစရိတ်ကြေးငွေမပါသော လစာ လုပ်ခကိုဆိုသည်။ | |
(ည) | ဝန်ထမ်း ဆိုသည်မှာ စစ်သည်မှအပ နိုင်ငံတော်၏ဝန်ထမ်းအဖွဲ့အစည်းတွင် တာဝန်ထမ်းဆောင်နေသူကို ဆိုသည်။ |
၃။ | ဝန်ထမ်းတစ်ဦးသည် အနည်းဆုံးပေါ်လစီတခုထားရှိရမည်။ တစ်ခုထက်ပို၍လည်း ထားရှိ နိုင်သည်။ သို့ရာတွင် လစဉ်ပေးသွင်းရမည့်ပရီမီယံသည် လစာ၏ တစ်ဆယ့်ငါး ရာခိုင်နှုန်းထက် မကျော်လွန်စေရ။ ဝန်ထမ်းတဦး၏ လစာအလိုက် အနည်းဆုံး ထားရှိရမည့် အာမခံငွေသည် အောက်ဖော်ပြပါအတိုင်း ဖြစ်သည် – | |
(က) | လစာကျပ် ၅၀၀ မှ အထက် ကျပ် ၈၀၀၀ | |
(ခ) | လစာကျပ် ၄၀၁ မှ ၅၀၀ အထိ ကျပ် ၇၀၀၀ | |
(ဂ) | လစာကျပ် ၃၀၁ မှ ၄၀၀ အထိ ကျပ် ၆၀၀၀ | |
(ဃ) | လစာကျပ် ၂၀၁ မှ ၃၀၀ အထိ ကျပ် ၄၀၀၀ | |
(င) | လစာကျပ် ၁၀၀ မှ ၂၀၀ အထိ ကျပ် ၁၀၀၀ | |
၄။ | အာမခံထားသူ၏လစာတိုးလာပါက နည်းဥပေဒ ၃ ပါ သတ်မှတ်ချက်များနှင့်အညီ ထပ်တိုး အာမခံထားရှိရမည်။ | |
၅။ | အာမခံထားသူသည် လစာလျှော့ခြင်းခံရသဖြင့် ပေးသွင်းနေကျပရီမီယံကို ဆက်လက် မပေးသွင်းနိုင်လျှင် လစာနှင့်အချိုးကျသည့်အာမခံငွေကို လျော့နိုင်သည်။ လျှော့လိုလျှင် မူလ အာမခံငွေထဲမှ လျှော့ငွေကို စာရင်းပိတ်ပေါ်လစီအဖြစ် ပြောင်းလဲနိုင်သည်၊ သို့မဟုတ် အမ်းငွေကို ထုတ်ယူနိုင်သည်။ |
၆။ | အာမခံထားသူသည် အသက်အာမခံထားရန် အဆိုပြုသောအခါ သတ်မှတ်ထားသော အဆိုလွှာတွင် လိုအပ်ချက်များကိုရေးသွင်း၍ ကိုယ်တိုင်လက်မှတ်ရေးထိုးရမည်။ စာမတတ်ခဲ့သော် အခြားသူတစ်ယောက်အား မိမိကိုယ်စား ရေးသွင်းစေပြီး အဆိုပြုသူ၏ လက်ဝဲလက်မပုံစံ နှိပ်ရမည်။ ယင်းအဆိုလွှာပေါ်တွင် သက်ဆိုင်သည့် တာဝန်ရှိသူက ထပ်ဆင့်လက်မှတ်ရေးထိုး ရမည်။ | |
၇။ | လစာတာဝန်ခံအရာရှိသည် အာမခံထားသူပေးသွင်းရမည့် ပရီမီယံကိုလစဉ် လစာစာရင်းမှ နုတ်ယူပြီးလျှင် ကော်ပိုရေးရှင်းသို့ လချင်းစာရင်းလွှဲပြောင်းပေးသွင်းရမည်။ | |
၈။ | (က) | ပေါ်လစီစတင်သည့်အချိန်တွင် အဆိုပြုသူ၏အသက်သည် လာမည့်မွေးနေ့တွင် ပြည့်မည့်အသက်ဖြစ်သည်။ |
(ခ) | အဆိုပြုသူသည် အဆိုလွှာတင်သွင်းသည့်အခါ အဆိုလွှာနှင့်အတူ အသက်မှန်ကန် ကြောင်း ယင်း၏ အမှုထမ်းစာအုပ်မှ ကောက်နုတ်ချက်မိတ္တူတစောင်ကိုပါ သက်ဆိုင်ရာ အရာရှိ၏ အတည်ပြုချက်ဖြင့် တင်သွင်းရမည်။ | |
၉။ | အာမခံထားသူသည် အသက်အာမခံထားရန် အဆိုပြုသောအခါ ဆရာဝန်၏ ဆေးစစ် ထောက်ခံချက်ပါရှိရမည်။ သို့ရာတွင်အဆိုပြုသူသည် ဝန်ထမ်းဖြစ်လျှင် အာမခံငွေကျပ် ၁၀၀၀၀ အထိ ဆေးစစ်ရန်မလို။ | |
၁၀။ | အာမခံမထားရသေးသော အသက်ငါးဆယ်ပြည့်ပြီးသည့်ဝန်ထမ်းအား ဤနည်းဥပဒေများ အရအာမခံထားခြင်းမှ ကင်းလွတ်ခွင့်ပြုသည်။ |
၁၁။ | မိမိအစိုးမရနိုင်သောအကြောင်းကြောင့် လစာငွေထုတ်ရန် ပျက်ကွက်သောဝန်ထမ်းတဦး၏ ပေါ်လစီမပျက်စေရ။ ပေးသွင်းရမည့် ပရီမီယံကို ယင်းထုတ်ယူမည့်လစာငွေမှ နုတ်ယူ ပေးသွင်းရမည်။ | |
၁၂။ | ဝန်ထမ်းပေးသွင်းရမည့်ပရီမီယံ ၄ ရာခိုင်နှုန်းကို ထည့်ဝင်ငွေအဖြစ် ကော်ပိုရေးရှင်းက ပေးသွင်းရမည်။ | |
၁၃။ | ဝန်ထမ်းတဦး၏ ပေါ်လစီ သို့မဟုတ် ပေါ်လစီများ အချိန်မစေ့မီ ဝန်ထမ်းအဖြစ်မူ ရပ်စဲခဲ့လျှင် အောက်ပါတို့မှ ကြိုက်ရာနည်းကို ရွေးချယ်နိုင်သည် – | |
(က) | အခြားပုဂ္ဂိုလ်များ ပရီမီယံပေးသွင်းသကဲ့သို့ ဆက်လက်ပေးသွင်းခြင်း၊ | |
(ခ) | စာရင်းပိတ်ပေါ်လစီအဖြစ်ပြောင်းလဲခြင်း၊ | |
(ဂ) | အမ်းငွေကိုရယူခြင်း၊ | |
(ဃ) | တန်ဘိုးလျော့ငွေကိုထုတ်ယူခြင်း။ | |
၁၄။ | ပေါ်လစီတစ်ခုလျှင် အမ်းငွေ၏ ကိုးဆယ့်ငါး ရာခိုင်နှုန်းအထိကော်ပိုရေးရှင်းက ငွေထုတ် ချေးနိုင်သည်။ | |
၁၅။ | ပေါ်လစီသက်တမ်းစေ့သည့်အခါ အာမခံထားသူအား လည်းကောင်း၊ အာမခံထားသူ သေဆုံးသွားသည့်အခါတွင် ယင်းပုဂ္ဂိုလ်၏ ဆက်ခံပိုင်ခွင့်ရှိသူအားလည်းကောင်း ရသင့် ရထိုက် သောငွေကို ထုတ်ပေးရမည်။ |
၁၆။ | အောက်ပါတို့ကို နိုင်ငံတော်၏ စီးပွားရေးနှင့် ဘဏ္ဍာရေးမူများနှင့်အညီ ကော်ပိုရေးရှင်းက သတ်မှတ်ရမည် – | |
(က) | အာမခံထားသည့်အတွက် ပေးရမည့်နှစ်စဉ် ပရီမီယံနှုန်းများ၊ | |
(ခ) | ဘေးအန္တရာယ်ရှိသောအလုပ်ကို အကြောင်းပြု၍ပေးရမည့် အပိုပရီမီယံနှုန်းများ၊ | |
(ဂ) | ကျန်းမာရေးကို အကြောင်းပြု၍ပေးရမည့် အပိုပရီမီယံနှုန်းများ၊ | |
(ဃ) | ပေါ်လစီတခုအတွက်အမ်းငွေများ၊ | |
(င) | ပေါ်လစီချေးငွေအပေါ်အတိုးနှုန်းများ၊ | |
(စ) | ပေါ်လစီတန်ဘိုးလျော့ငွေများ။ | |
၁၇။ | ပေါ်လစီ ပျောက်ဆုံးလျှင် ကော်ပိုရေးရှင်းသို့ အမြန်ဆုံး အကြောင်းကြားရမည်။ ကော်ပိုရေးရှင်းက သတ်မှတ်ထားသော စည်းကမ်းနှင့်အညီ မိတ္တူထုတ်ပေးရမည်။ | |
၁၈။ | အာမခံထားသူသည် အကျိုးခံစားခွင့်ရှိသူကို ပြောင်းလွှဲသတ်မှတ်လိုလျှင် ကော်ပိုရေးရှင်း ကသတ်မှတ်ထားသော စည်းကမ်းနှင့်အညီ ပြောင်းလဲခွင့်ရှိသည်။ | |
၁၉။ | ပေါ်လစီနှင့်စပ်လျဉ်း၍ အခွင့်အရေးများ၊ စည်းကမ်းချက်များကို ရှိရင်းစွဲဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ကော်ပိုရေးရှင်းက သတ်မှတ်နိုင်သည်။ | |
၂၀။ | ဥပဒေ၊ နည်းဥပဒေများပါ ပြဌာန်းချက်တခုခုကို လိုက်နာရန်ပျက်ကွက်သည့်အတွက် ပေါ်လစီပျက်ခြင်း၊ အခွင့်အရေးဆုံးရှုံးခြင်းကိုတင်ပြပါက ကော်ပိုရေးရှင်းသည် လိုအပ်သော စုံစမ်းစစ်ဆေးမှုကို ပြုလုပ်၍ ရှိရင်းစွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်။ |
379088, 384865, 252372, 246902
384881, 384876, 386919
384870, 384868
379188
251764, 384874, 384867
251761
384864, 384873