တမူထူးခြားသည့်စုဆောင်းမှုအသက်အာမခံ
တမူထူးခြားသည့်စုဆောင်းမှုအသက်အာမခံ (Smart Saving 5/2 Life Insurance) ထားသည့်အခါ ရရှိလာမည့် အကျိုးကျေးဇူးများ
- ငွေရေးကြေးရေး စိတ်ချမှုရှိခြင်း။
- စုဆောင်းတတ်သည့် အလေ့အကျင့်ကောင်းများရှိခြင်း။
- ဝင်ငွေခွန်သက်သာမှုရှိခြင်း။
- နှစ်စဥ်ငွေကြေးပမာဏ တစ်ခုပြန်လည်ရရှိခြင်း။
အာမခံအမျိုးအစား
- ပေါ်လစီသက်တမ်း (၅) နှစ်အတွက် ပထမ (၂) နှစ်အတွင်းသာ ပရီမီယံပေးချေမှုပုံစံဖြစ်ပြီး မြန်မာနိုင်ငံသားတွေသာမက ပြည်တွင်းရှိ အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများပါ ဝယ်ယူနိုင်မည့် အာမခံဖြစ်ပါသည်။
အာမခံထားနိုင်တဲ့ အသက်အရွယ်
- အသက်(၅)နှစ် မှ (၆၅) နှစ် ထိ
အာမခံထားနိုင်သည့် ငွေပမာဏ
- အနည်းဆုံး ကျပ် ၃,၀၀၀,၀၀၀/- မှ အများဆုံး အမေရိကန် ဒေါ်လာ ၁၅၀၀၀/- နှင့် ညီမျှသော မြန်မာကျပ် ငွေပမာဏကို ထားရှိနိုင်ပါသည်။
အဓိကရရှိမည့် အကျိုးခံစားခွင့်
- ရှင်သန်မှု အကျိုးခံစားခွင့်
- နှစ်စေ့ အကျိုးခံစားခွင့်
- သေဆုံးမှု အကျိုးခံစားခွင့် နှင့်
- မတော်တဆသေဆုံးမှု အကျိုးခံစားခွင့်တို့ ဖြစ်ပါသည်။
** အခြားစုဆောင်းမှုအာမခံများကဲ့သို့ ဆေးစစ်ရန်မလိုအပ်သော အာမခံ **
- ကိုယ်စားလှယ်ဖြင့် ဆောင်ရွက်နိုင်၊ ကော်မရှင်ကြေး ၅% မှ ၁၀%
“သင်နှင့် သင့်မိသားစု အနာဂတ်ဘဝလုံခြုံဖို့ မြန်မာ့အာမခံလုပ်ငန်းမှာ အာမခံထားကြစို့”