အသက် ၁၆ နှစ် မှ ၆၅နှစ် အတွင်းရှိ ကျန်းမာရေးကောင်းမွန်သူ မည်သူမဆို အာမခံထားရှိနိုင် ပါသည်။မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ ကိုယ်အင်္ဂါထိခိုက် ဒဏ်ရာရခြင်း၊ ခြေလက်အင်္ဂါဆုံးရှုံးခြင်း၊ ဆေးကုသစရိတ်၊ အလုပ်မလုပ်နိုင်ခြင်း ဖြစ်ပွားသည့် အခါ အကျိုးခံစားခွင့်များ ရရှိမည်ဖြစ်ပါသည်။အာမခံသက်တမ်းမှာ ၃ လ၊၆ လ၊ ၁နှစ် အထိ ထားရှိနိုင်ပါသည်။ အာမခံထားငွေအား အများဆုံးကျပ် သိန်း ၂၀၀ အထိ (သို့မဟုတ်) အမေရိကန် ဒေါ်လာ ၂၀၀,၀၀၀ အထိ ထားရှိနိင်ပါသည်။ ပရီမီယံနှုန်းထား မှာ ၀.၇ % ဖြစ်ပါသည်။ တပ်မတော်သားများ ၊ ပြည်သူ့ရဲ၊ လေယာဉ်ဝန်ထမ်း၊ လျှပ်စစ်ဝန်ထမ်း၊ စသော အန္တရာယ်များ သည့် အလုပ်အကိုင်များအတွက် ပရီမီယံ ၁% ပေးဆောင်ရမည်။ တံဆိပ်ခေါင်း တန်ဘိုးမှာ ၁၀၀ ကျပ် ဖြစ်ပါသည်။
အာမခံထားသူ သေဆုံး/ထာဝစဉ် မသန်စွမ်းဖြစ်လျှင် အာမခံထားငွေ၏ ၁၀၀ % ၊ မတော်တဆ ထိခိုက်မှုကြောင့် ဒဏ်ရာရရှိလျှင်သတ်မှတ်ထားသည့် အကျိုးခံစားခွင့်နှုန်းထားအတိုင်း၊ ထိခိုက် ဒဏ်ရာရရှိခြင်းကြောင့် ဆေးရုံတက်ရခြင်းနှင့် အလုပ်မလုပ်ကိုင်နိုင်ခြင်းအတွက် ရက်သတ္တ တစ် ပတ်လျှင် အာမခံထားငွေ၏ ၃% ဖြင့် အများဆုံး အာမခံထားငွေ၏ ၁၅% ထက် မပိုသော အကျိုး ခံစားခွင့်များ ရရှိနိုင်ပါသည်။
၃၇၉၀၈၈၊ ၃၈၄၈၆၅၊ ၂၅၂၃၇၂၊ ၂၄၆၉၀၂
၃၈၄၈၈၁၊ ၃၈၄၈၇၆၊ ၃၈၆၉၁၉
၃၈၄၈၇၀၊ ၃၈၄၈၆၈
၃၇၉၁၈၈
၂၅၁၇၆၄၊ ၃၈၄၈၇၄၊ ၃၈၄၈၆၇
၂၅၁၇၆၁
၃၈၄၈၆၄၊ ၃၈၄၈၇၃