တောင်သူလယ်သမားအသက်အာမခံ
- နှစ်ချင်းထားရှိနိုင်သည့် အသက်အာမခံအမျိုးအစား
- တောင်သူလယ်သမားများ၊ ၄င်းတို့၏မိသားစုများ၊ ဆွေမျိုးတော်စပ်သူများ၊ လယ်ယာ လုပ်ငန်းအတူလုပ်ကိုင်သူများနှင့် အခြားသူများပါ အာမခံထားရှိနိုင်
- အသက် ၁၆နှစ်မှ ၆၀နှစ်အတွင်းရှိသူများထားရှိနိုင်
- အာမခံသက်တမ်း ၁ နှစ်
- ပရီမီယံနှုန်းမှာအာမခံထားငွေ၏ ၁%
- အနည်းဆုံးအာမခံထားငွေကျပ်တစ်သိန်းမှ အများဆုံးကျပ်သိန်း၅၀
- အာမခံသက်တမ်းအတွင်း သေဆုံးခြင်းနှင့် ထာဝစဉ်မသန်မစွမ်းဖြစ်ခြင်းတို့အတွက် ၁၀၀ % နှင့် မတော်တဆထိခိုက်ဒဏ်ရာရခြင်းအတွက် ဆရာဝန်၏ထောက်ခံချက်ပေါ် အခြေခံ၍ သက်မှတ်ထားသည့် နှုန်းထားအတိုင်းအကျိုးခံစားခွင့်ရှိ
- ဆေးရုံဆေးခန်းတွင်တက်ရောက်ကုသလျှင်အာမခံထားငွေကျပ်တစ်သိန်းအတွက် တစ်ရက်လျှင် ၂၀၀၀ ကျပ်နှုန်း၊ တစ်ကြိမ်လျှင်အများဆုံး ၅ ရက်နှင့် ၃ ကြိမ်အထိ အကျိုး ခံစားခွင့်ရှိ
- အာမခံထားငွေကျပ် ၁၀၀,၀၀၀/- တစ်နှစ် ကျသင့်ပရီမီယံကျပ် ၁,၀၀၀/-
- ကော်မရှင်အဖြစ် ပရီမီယံပေါ်မှ ၁၀% ခံစားခွင့်ပြု
“သင်နှင့် သင့်မိသားစု အနာဂတ်ဘဝလုံခြုံဖို့ မြန်မာ့အာမခံလုပ်ငန်းမှာ အာမခံထားကြစို့”