cmn_banner

ပြည်တွင်းသင်္ဘောသားအသက်အာမခံ

  • အာမခံထားသူသည် အသက် (၁၈) နှစ်မှ (၆၀) နှစ်အတွင်း ရှိသူများ ဝယ်ယူနိုင်၊
  • အသက် ၆၀ နှစ်အထက် ကျော်လွန်ပါက အပိုပရီမီယံကြေး ပေးသွင်းဝယ်ယူနိုင်၊
  • အာမခံသက်တမ်း (၁) နှစ်၊
  • အာမခံထားနိုင်သည့်ငွေပမာဏ ကျပ်သိန်း (၁၀၀)၊
  • ကျသင့်ပရီမီယံ ၆၀,၀၀၀/- (၁၈ နှစ်မှ ၆၀ နှစ်အတွင်း)၊ အသက် ၆၀ နှစ်အထက်ဖြစ်ပါက ကျသင့်ပရီမီယံ ကျပ် ၇၀,၀၀၀/-၊
  • ပရီမီယံကို တစ်လုံးတည်း (သို့မဟုတ်) ၂ ကြိမ်ခွဲ၍ ပေးသွင်းနိုင်၊
  • အာမခံသက်တမ်းအတွင်း သေဆုံးမှုအကျိုးခံစားခွင့်၊ ထာဝစဉ်မသန်စွမ်းဖြစ်မှုအကျိုးခံစားခွင့် နှင့် ထိခိုက်ဒဏ်ရာရရှိပါက ပူးတွဲပါဇယားအတိုင်း အကျိုးခံစားခွင့်ရရှိနိုင်၊
  • မိမိဆန္ဒအရ အကျိုးခံစားခွင့်ရှိသူကို အဆိုလွှာတွင် ဖော်ပြနိုင်၊

 

အာမခံထားရှိရန်လိုအပ်ချက်များ

  • သင်္ဘောသားမှတ်ပုံတင် (SIRB) မိတ္တူ။
  • နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ။

 

ပြင်ဆင်ချက်ထုတ်ပေးခြင်း

  • အာမခံသက်တမ်းအတွင်း သင်္ဘောသားအတိုးအလျှော့ရှိလျှင် ပြင်ဆင်အစားထိုးနိုင်သည်။
  • အာမခံသက်တမ်းအတွင်း သင်္ဘောသား နှုတ်ထွက်၊ ပြောင်းရွှေ့၊ ထုတ်ပယ်လျှင် သင်္ဘော သား‌အဟောင်း အမည်နေရာ၌ မူလအာမခံထားသည့်အကာအကွယ်အတိုင်း ဖြည့်စွက်၍ အာမခံထားခွင့်ရှိသည်။

 

အကျိုးခံစားခွင့်အကျုံးမဝင်သည့်အချက်များ

(၁)     အာမခံထားသူသင်္ဘောသားသည် သင်္ဘောမှထွက်ပြေးခြင်း၊

(၂)      မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် သေဆုံးခြင်း/ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းနှင့် ထိခိုက်ဒဏ် ရာရခြင်း၊

(၃)     မိမိကိုယ်ကိုသတ်သေခြင်းကြောင့် သေဆုံးခြင်း/ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းနှင့် ထိခိုက် ဒဏ်ရာရခြင်း၊

(၄)     မိမိကိုယ်တိုင် ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့် သေဆုံးခြင်း/ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း နှင့် ထိခိုက်ဒဏ်ရာရခြင်း၊

(၅)     စစ်ပွဲ၊ အကြမ်းဖက်ခြင်း (Terrorism)၊ အဓိကရုဏ်း၊ ၎င်းတို့နှင့်အလားတူဖြစ်ရပ်များ ကြောင့် သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း။

 

ပြည်တွင်းသင်္ဘောသားအသက်အာမခံ သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှုအတွက် အကျိုးခံစားခွင့်နှုန်းထားများ

စဉ် အကြောင်းအရာ အာမခံထားငွေပေါ်ရရှိမည့် အကျိုးခံစားခွင့်ရာခိုင်နှုန်း
သေဆုံးခြင်း ၁၀၀%
ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း ၈၀%
လက်မောင်းရင်းမှ လက်ကောက်ဝတ်အထိ တစ်နေရာရာတွင်
လက်နှစ်ဖက်လုံးဝပြတ်ခြင်း
၈၀%
လက်မောင်းရင်းမှ လက်ကောက်ဝတ်အထိ တစ်နေရာရာတွင်
လက်တစ်ဖက်လုံးဝပြတ်ခြင်း
၄၀%
လက်မတစ်ချောင်းမည်သည့်နေရာမှမဆိုလုံးဝပြတ်ခြင်း ၈%
လက်ညိုးတစ်ချောင်းမည်သည့်နေရာမှမဆိုလုံးဝပြတ်ခြင်း ၇.၂%
လက်ခလယ်၊လက်သူကြွယ်နှင့်လက်သန်းမည်သည့်နေရာတွင်မဆို လုံးဝပြတ်ခြင်း ၆%
ခြေမတစ်ချောင်းပြတ်ခြင်း ၇.၂%
‌ခြေမမှတစ်ပါးအခြားခြေချောင်းတစ်ချောင်းချောင်းလုံးဝပြတ်ခြင်း ၆%
၁၀ ‌ပေါင်ရင်းမှ ခြေကျင်းဝတ်အထိ တစ်နေရာရာတွင် ခြေနှစ်ဖက်လုံးဝပြတ်ခြင်း ၈၀%
၁၁ ‌ပေါင်ရင်းမှ ခြေကျင်းဝတ်အထိ တစ်နေရာရာတွင် ခြေတစ်ဖက်လုံးဝပြတ်ခြင်း ၄၀%
၁၂ ခြေလက်အင်္ဂါတစ်ခုခုသာ လက်ကောက်ဝတ်မှ အဖျားဘက်အစွန်း သော်လည်းကောင်း၊ခြေကျင်းဝတ်မှအဖျားဘက်အစွန်းသော်လည်းကောင်း လုံးဝပြတ်ခြင်း ၃၀%
၁၃ မျက်စိနှစ်ဖက်ကွယ်ခြင်း ၈၀%
၁၄ မျက်စိတစ်ဖက်ကွယ်ခြင်း ၄၀%
၁၅ နားရွက်တစ်ဖက်လုံးဝပြတ်ခြင်း ၁၂%
၁၆ နားရွက်နှစ်ဖက်လုံးဝပြတ်ခြင်း ၂၄%
၁၇ နားနှစ်ဖက်လုံးဝပင်းခြင်း ၄၀%
၁၈ နားတစ်ဖက်လုံးဝပင်းခြင်း ၂၀%
၁၉ သွားကျိုးခြင်း/သွားယိုင်ခြင်း၊ သွားတစ်ချောင်းလျှင် ၂%
၂၀ လက်မောင်းရင်းမှ လက်ကောက်ဝတ်အထိ တစ်နေရာရာတွင် လက်နှစ်ဖက် လုံးဝ ကျိုးခြင်း ၂၄%
၂၁ လက်မောင်းရင်းမှ လက်ကောက်ဝတ်အထိ တစ်နေရာရာတွင် လက်တစ်ဖက်လုံးဝ ကျိုးခြင်း ၁၂%
၂၂ လက်မတစ်ချောင်းကျိုးခြင်း ၃.၂%
၂၃ ကျန်လက်တစ်ချောင်းကျိုးခြင်း ၂%
၂၄ ‌ခြေမတစ်ချောင်းကျိုးခြင်း ၂.၄%
၂၅ အခြားခြေတစ်ချောင်းကျိုးခြင်း ၂%
၂၆ ‌ပေါင်ရင်းမှခြေကျင်းဝတ်အထိ တစ်နေရာရာတွင်ခြေနှစ်ဖက်ကျိုးခြင်း ၂၄%
၂၇ ‌ပေါင်ရင်းမှခြေကျင်းဝတ်အထိ တစ်နေရာရာတွင်ခြေတစ်ဖက်ကျိုးခြင်း ၁၂%
၂၈ လက်ကောက်ဝတ် သို့မဟုတ် ခြေကျင်းဝတ်အဖျားဖက်အစွန်းကျိုးခြင်း ၁၂%
၂၉ မျက်စိနှစ်ဖက်လုံးဖြစ်စေ၊ မျက်စိတစ်ဖက်သာဖြစ်စေ ဒဏ်ရာရခြင်း ၁၂%
၃၀ နားရွက်နှစ်ဖက်လုံးဖြစ်စေ၊ နားရွက်တစ်ဖက်သာဖြစ်စေ ဒဏ်ရာရခြင်း ၈%
၃၁ နားရွက်တစ်ဖက်ဒဏ်ရာရ၍တစ်စိတ်တစ်ဒေသနားပင်းသွားခြင်း ၁၀%
၃၂ နှာခေါင်းရိုးကျိုးခြင်း ၈%
၃၃ ‌မေးရိုးကျိုးခြင်း ၁၂%
၃၄ မျက်နှာနှင့်ဦးခေါင်းပိုင်းရုပ်ဆင်းအင်္ဂါပျက်ခြင်း ၄၀%
၃၅ ခါးရိုးကျိုးခြင်း ၄၀%
၃၆ နံရိုးတစ်ချောင်းကျိုးခြင်း ၈%
၃၇ လည်ပင်းရိုးကျိုးခြင်း ၄၀%
၃၈ ပခုံးရိုး(သို့မဟုတ်)ညှပ်ရိုးကျိုးခြင်း ၁၆%
၃၉ ကိုယ်ခန္ဓာ၏အခြားအစိတ်အပိုင်းပြင်းထန်စွာဒဏ်ရာရခြင်း ၄၀%
၄၀ ဆီးခုံရိုးတစ်ချောင်းကျိုးခြင်း ၁၂%
၄၁ တင်ပဆုံရိုးတစ်ချောင်းကျိုးခြင်း ၁၂%
၄၂ တင်ပဆုံရိုးနှစ်ချောင်းကျိုးခြင်း ၂၄%
၄၃ တင်ပခွက်ရိုးကျိုးခြင်း ၂၀%
၄၄ မြီးညှောင့်ရိုးကျိုးခြင်း ၁၂%
၄၅ ‌ခြေမျက်စေ့ရိုးကျိုးခြင်း ၁၂%
၄၆ ‌ခြေဖနောင့်ရိုးကျိုးခြင်း ၁၂%
၄၇ ဂုံးညှင်းရိုးကျိုးခြင်း ၁၂%
၄၈ ဦးခေါင်းရိုးကျိုးခြင်း ၂၀%
၄၉ နားထင်ရိုးကျိုးခြင်း ၁၂%
၅၀ ပါးရိုးကျိုးခြင်း ၁၂%
၅၁ မျက်တွင်းရိုးကျိုးခြင်း ၁၂%
၅၂ လက်ပြင်ရိုးကျိုးခြင်း ၈%
၅၃ သွားဖုံးရိုးကျိုးခြင်း ၈%
၅၄ သားအိမ်ထိခိုက်ဒဏ်ရာခြင်း ၂၀%
၅၅ သရက်ရွက်ထိခိုက်ဒဏ်ရာရရှိခြင်း ၂၀%
၅၆ ဗိုက်ခွဲကုသခြင်း ၂၀%
၅၇ ကျောက်ကပ်ထိခိုက်ဒဏ်ရရခြင်း ၂၀%
၅၈ မိန်းမအင်္ဂါထိခိုက်ဒဏ်ရာရခြင်း ၁၂%
၅၉ ‌ယောက်ျားအင်္ဂါထိခိုက်ဒဏ်ရာရခြင်း ၂၀%
၆၀ ဆီးအိမ်ကွဲ၍ချုပ်ရခြင်း ၂၀%
၆၁ နဖူးရိုးကျိုးခြင်း ၁၂%
၆၂ ‌ဘေလုံးထိခိုက်ဒဏ်ရာရခြင်း ၂၀%
၆၃ အသဲထိခိုက်ဒဏ်ရာရရှိခြင်း ၄၀%
၆၄ နားရွက်အရိုးနုကျိုးခြင်း ၁၂%
၆၅ ‌ခြေထောက်တိုခြင်း ၈%
၆၆ အဆစ်ခိုင်ခြင်း၊ အဆစ်လွဲခြင်း ၈%
၆၇ လက်ခုံရိုးတစ်ရိုးကျိုးခြင်း ၄%
၆၈ ‌ခြေခုံရိုးတစ်ချောင်းကျိုးခြင်း ၄%
၆၉ သံချောင်းအစားထိုးကုသရခြင်း ၈%
၇၀ အသားအစားထိုးကုသရခြင်း ၁၂%
၇၁ အဆုတ်အတွင်းသွေး၊လေရောင်ခြင်း ၈%
၇၂ ဆီးခုံရိုးနေရာရွေ့ခြင်း ၈%
၇၃ သားပျက်ခြင်း ၁၂%
၇၄ ကိုယ်ခန္ဓာ၏အခြားအစိတ်အပိုင်းများတွင်သာမန်ဒဏ်ရာရခြင်း ၁% မှ ၅% အတွင်း

ဝန်ဆောင်မှုများ

ဆက်သွယ်ရန်ဖုန်းနံပါတ်

အုပ်ချုပ်ရေးဌာန

၃၇၉၀၈၈၊ ၃၈၄၈၆၅၊ ၂၅၂၃၇၂၊ ၂၄၆၉၀၂

အသက်အာမခံဌာန

၃၈၄၈၈၁၊ ၃၈၄၈၇၆၊ ၃၈၆၉၁၉

ငွေစာရင်းဌာန

၃၈၄၈၇၀၊ ၃၈၄၈၆၈

တာဝန်အခန်း

၃၇၉၁၈၈

မီး၊ အင်ဂျင်နီယာ နှင့် အထွေထွေအာမခံဌာန

၂၅၁၇၆၄၊ ၃၈၄၈၇၄၊ ၃၈၄၈၆၇

ရေကြောင်း၊ လေကြောင်းနှင့်ခရီးသွားလာရေးအာမခံဌာန

၂၅၁၇၆၁

သူတစ်ပါးထိခိုက်မှုအာမခံဌာန

၃၈၄၈၆၄၊ ၃၈၄၈၇၃