သင်္ဘောသားအသက်အာမခံ
- အသက် ၁၈ နှစ်မှ ၆၀ နှစ်ရှိသူ ပြည်ပထွက်ခွာသင်္ဘောသားများ ထားရှိနိုင်
- အာမခံထားငွေကျပ် သိန်း ၅၀ (တစ်ယူနစ်) အတွက် တစ်နှစ် ကျသင့် ပရီမီယံမှာ ကျပ် ၃၀၀၀၀/-
- ၁ ယူနစ်မှ ၄ ယူနစ်အထိဝယ်ယူနိုင်
- အာမခံလက်မှတ်စတင်ဝယ်ယူသည့်နေ့မှစ၍ အာမခံသက်တမ်း ၁ နှစ်
- နိုင်ငံကူးလက်မှတ်အမှတ်၊သင်္ဘောသားမှတ်ပုံတင်အမှတ်စီဒီစီမိတ္တူနှင့်ဆေးမှတ်တမ်း မိတ္တူတင်ပြရန်
- အသက် ၆၀ နှစ်ကျော်သော်လည်းကျန်းမာရေးကောင်းမွန်လျှင် တစ်ယူနစ် အပိုပရီမီယံ ကျပ် ၅,၀၀၀/- ထပ်ဆောင်း၍ စုစုပေါင်းပရီမီယံကျပ် ၃၅,၀၀၀/-
- အာမခံသက်တမ်းအတွင်း သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်းအတွက် အကျိုးခံစား ခွင့်ရရှိနိုင်
- မိမိဆန္ဒအရအကျိုးခံစားခွင့်ရှိသူကိုအဆိုလွှာတွင်ဖော်ပြနိုင်
အကျိုးခံစားခွင့်မရနိုင်သောအချက်များ
- မိမိကိုယ်ကိုသတ်သေခြင်း၊ ရာဇဝတ်မှုကျုးလွန်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ သင်္ဘောမှ ထွက်ပြေးခြင်းစသည်တို့ကြောင့် သေဆုံးလျှင်လျော် ကြေးမရရှိနိုင်
- အာမခံထားသူသင်္ဘောသားသေဆုံးသောအခါ အကြောင်းအမျိုးမျိုးကြောင့် အလောင်းမရ ရှိပါက ၁ နှစ် ဆိုင်းငံ့ပြီး ၎င်းကာလအတွင်း သက်ရှိထင်ရှား မျက်မြင်သွားလာလှုပ်ရှားမှု မရှိပါက အကျိုးခံစားခွင့်ထုတ်ပေး
“သင်နှင့် သင့်မိသားစု အနာဂတ်ဘဝလုံခြုံဖို့ မြန်မာ့အာမခံလုပ်ငန်းမှာ အာမခံထားကြစို့”