- အသက် ၁၀ နှစ် မှ ၆၀ နှစ်အထိရှိသောရပ်ကွက် ၊ ကျေးရွာ ၊ မြို့နယ် ၊ ခရိုင် ၊ ပြည်နယ်/ တိုင်းဒေသကြီးအသီးသီးရှိသော ကျောင်းသူ၊ ကျောင်းသားများနှင့် အားကစားသမားများ ထားရှိနိုင်
- အများဆုံးအာမခံထားငွေကျပ်သိန်း (၅၀)
- မည့်သည့်အားကစားနည်းကိုမဆို အားကစားသမားတစ်ဦးလျှင် တစ်ယူနစ်အာမခံ သက်တမ်း (၁) နှစ် အာမခံထားငွေကျပ် (၁၀) သိန်းကျသင့်ပရီမီယံငွေကျပ် ၅၀၀၀/-
- အားကစားလေ့ကျင့်နေစဉ်နှင့် ပြိုင်ပွဲဝင်နေစဉ် အသက်ဆုံးရှုံးပါက ကျပ် (၁၀) သိန်း ရရှိ နိုင်
- ဒဏ်ရာရရှိပါက ဆေးမှတ်တမ်းအပေါ်မူတည်၍ သတ်မှတ်နှုန်းထားအတိုင်း အကျိုးခံစား ခွင့်ရရှိနိုင်
- ဆေးစစ်ခြင်းကင်းလွတ်ခွင့်ဖြင့် လက်ခံ
- မိမိဆန္ဒအရအကျိုးခံစားခွင့်ရှိသူကိုအဆိုလွှာတွင် ဖော်ပြနိုင်
- နိုင်ငံခြားတွင်ယှဉ်ပြိုင်စဉ် ကာလအတွက် အားကစားအာမခံထားရှိနိုင်
“သင်နှင့် သင့်မိသားစု အနာဂတ်ဘဝလုံခြုံဖို့ မြန်မာ့အာမခံလုပ်ငန်းမှာ အာမခံထားကြစို့”